Reading + Success=?

in #esteem7 years ago

စာဖတ်ခြင်းနှင့်အောင်မြင်ခြင်း

 ကျွန်တော်တို့ ငယ်စဉ်ကတည်းက စာဖတ်ခြင်းဟာအောင်မြင်ခြင်းရဲ့လမ်းစဘဲလို့ သင်ယူခဲ့ကြရတယ်။စာဖတ်တဲ့သူတိုင်းဟာအောင်မြင်မှုမရကြပေမယ့် အောင်မြင်တဲ့သူတိုင်းကတော့စာဖတ်ကြပါတယ်။ဘာ့ကြောင့်စာဖတ်ကြတာလဲ?

💰 အာရုံစူးစိုက်နိုင်စွမ်းတိုးလာတယ်
အောင်မြင်တဲ့သူတွေဟာအချိန်ကာလတစ်ခုအတိုင်းအတာမှာ အရာတခုထဲကိုဘဲအာရုံစိုက်ထားနိုင်ကြတယ်။စာဖတ်အိုးတွေဟာ စာအုပ်တစ်အုပ်ကိုမပြီးမခြင်းလက်ထဲကမချနိုင်သလိုအောင်မြင်တဲ့သူတွေဟာလည်းသူတို့ ရဲ့အလုပ်တစ်ခုကိုမပြီးမခြင်းအာရုံစူးစိုက်ထားတတ်ကြတယ်

💰ရည်မှန်းချက်တွေထားရှိကြတယ်
အာရုံစူးစိုက်လာနိုင်တာနဲ့ အမျှစာဖတ်တဲ့သူတွေဟာသူတို့ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အချိန်တိုင်းရည်မှန်းချက်တွေချမှတ်လေ့ရှိကြတယ်။အောင်မြင်တဲ့သူတွေဟာသူတို့ ဘဝရဲ့အခိုက်အတန့် တိုင်းအတွက်ရည်မှန်းချက်တွေချထားကြတယ်။ပြီးအဲ့ရည်မှန်းချက်တွေအတွက်အကောင်းဆုံးကြိုးစားကြတယ်

💰အချိန်ကိုအကျိုးရှိရှိအသုံးချလာတတ်ကြတယ်
သာမန်လူဆိုရင် မိနစ်၂၀ဆိုတာဘာဆိုဘာမှမပြီးစီးနိုင်တဲ့အချိန်လေးပါဘဲ။ဒါပေမယ့်အောင်မြင်သူတွေကတော့မိနစ်၂၀ကိုစာဖတ်ကြတယ်။အောင်မြင်သူတွေဟာအချိန်ကိုတန်ဖိုးအလွန်ထားကြပါတယ်။တစ်ရက်ကို၅မိနစ်စာအချိန်ဖြုံးခြင်းဟာတစ်နှစ်ဆိုရင် ၂၄နာရီ(၁ရက်) အချိန်ဖြုံးပြီးပြီဆိုတာသိထားကြပါတယ်

💰အမြဲလန်းဆန်းတတ်ကြွတယ်
စာဖတ်ခြင်းဟာဦးနှောက်ရဲ့မှတ်ညဏ်စွမ်းရည်ကိုတိုးတတ်စေပါတယ်။အားကစားနေ့ စဉ်ပုံမှန်လုပ်ခြင်းဟာကိုယ်ခန္ဓာကိုကျန်းမာစေသလိုစာဖတ်ခြင်းဟာဦးနှောက်ကိုကျန်းမာစေပါတယ်။အောင်မြင်တဲ့သူတွဟာစိန်ခေါ်မှုတွေကိုနေ့ စဉ်ဖန်တီးလေ့ရှိကြပြီးဘယ်လိုဖြေရှင်းရမလဲဆိုတောတွေးခေါ်ရင်း ဦးနှောက်ကိုခိုင်းစေတတ်ကြပါတယ်

💰ဖန်တီးနိုင်စွမ်းတိုးတတ်လာတယ်
သင့်ဦးနှောက်ကိုစာအုပ်တွေနဲ့ အစာကျွေးလိုက်ပြီဆိုရင် အံ့သြဖွယ်ကောင်းလောက်တဲ့အရာတွေဖြစ်လာမှာပါ။

💰သင်စာပိုဖတ်လေ သင်အရင်ကဘယ်လောက်တုန်းလဲဆိုတာသိလာလေပါဘဲ
သင်စာပိုဖတ်တဲ့အခါ သင်အရင်ကသိခဲ့ တွေးခဲ့ထင်ခဲ့တာတွေဟာအကုန်မှန်ဘူးဆိုတာသိလာမှာပါ။စာဖတ်ခြင်းဟာသင့်ကိုစစ်မှန်တဲ့ကမ္ဘာသစ်ဆိုကိုခေါ်ဆောင်သွားမှာပါ။ ယူဆချက်တွေ, ထင်မြင်ချက်တွေနဲ့ ပြည့်နေတဲ့နေရာမဟုတ်ပါဘူး

💰သင်လူတော်တယောက်ဖြစ်လာမယ်
သင်စာများများဖတ်လေ များများသိလာလေ လောကကြီးအကြောင်းများများနားလည်လာလေပါဘဲ။လောကကြီးရဲ့အကောင်းအဆိုးကိုခွဲခြားတတ်လာမယ်။အကောင်းဆုံးအတွက်မမျှော်မှန်းသလို အဆိုးဆုံးအတွက်လည်းပြင်ဆင်လာနိုင်တယ်

https://steemit.com/@toptenmotivation

image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50