What Innovation Can Do to Your Life?

in #myanmar7 years ago

Life Improvement Guide (Part-1)
ဘဝတိုးတက်ရေး လမ်းညွှန် (အပိုင်း-၁)

What Innovation Can Do to Your Life?
သင့်ဘဝကို ဘယ်လို ဆန်းသစ်ပြောင်းလဲမှုလုပ်နိုင်မလဲ


It's a talent that everyone has, yet they think they don't. The power of innovation. If you've ever marvelled at somebody's creative prowess, guess what, you can create and innovate too. It just takes time. Everyone is born creatively.
ဒါသည် လူတိုင်းတွင်ရှိနေသော ပင်ကိုယ်စွမ်းရည်ဖြစ်၏။ သို့သော် ၎င်းတို့မှာရှိသည်ဟု မထင်ကြပါ။ ဆန်းသစ်ပြောင်းနိုင်သော စွမ်းအားကိုပြောခြင်းဖြစ်၏။ သင်က လူတစ်ယောက်ရဲ့ ဖန်တီးနိုင်သော စွမ်းပကားကို အမြဲတမ်း အလွန်အံသြချီးမွမ်းလျှင် ဘာဖြစ်မည်လဲ ခန့်မှန်းကြည့်ပါ။ သင်ဖန်တီးနိုင်စွမ်းရှိ၏။ ဆန်းသစ်ပြောင်းလဲမှုလည်း လုပ်နိုင်၏။ လူတိုင်းသည် ဖန်းတီးနိုင်စွမ်းရှိရှိနှင့် မွေးဖွားလာခြင်းဖြစ်သည်။
The box of crayons in kindergarten were not limited to those who possessed potential; because the truth is, everybody has potential.
You know how long it took to learn to ride a bike or drive or to never commit the same mistake again? It's the same with innovation. It takes a bit of practice and a lot of time before this mind function comes easily when called.
သူငယ်တန်းက ရောင်စုံခဲတံဘူးလေးတွေကို စွမ်းရည်ရှိသူတွေအတွက် ကန့်သတ်မထားပါ။ အကြောင်းမှာ လူတိုင်းတွင် စွမ်းပကားရှိတယ်ဆိုသော အမှန်တရားကြောင့်ဖြစ်၏။
စက်ဘီးစီးတတ်ရန်သို့မဟုတ် ကားမောင်းတတ်ရန် ဘယ်လောက်အချိန်ပေးပြီး သင်ယူရသည်ဆိုတာ သင်သိပေမည်။ သို့မဟုတ် အမှားတစ်ခုကို ထပ်မကျူးလွန်မိအောင် ဘယ်လောက်အချိန်ယူ လေ့လာရမည်ဆိုတာ သင်သိပေမည်။ ဆန်းသစ်ပြောင်းလဲခြင်းသည်လည်း ထို့အတူဖြစ်၏။ စေ့ဆော်လိုက်ချိန်တွင် ပြောင်းလဲလိုစိတ် အလွယ်တကူ ပေါ်ပေါက်မလာခင်ထိ လေ့ကျင့်မှု အနည်းအကျဉ်းနှင့် အချိန်များများ ပေးရသည်။
This article will teach you a few tips on how to bring innovation into your life.
Don't listen to what other people say. Follow the beat of your own drum. Allowing for the input of other people will only bring cacophony to the music you are trying to make.
ဒီခေါင်းစဉ်သည် သင့်ဘဝထဲသို့ ဆန်းသစ်ပြောင်းလဲမှု ရောက်လာအောင် မည်သို့ လုပ်ဆောင်ရမယ်ဆိုတာနှင့် ပတ်သက်သော အရိပ်အမြွက် နိမိတ်ပြစကားလေးတွေ အနည်းအကျဉ်းမျှ သင့်ကို သင်ပေးပါလိမ့်မည်။ သူများပြောတာကို နားမထောင်ပါနှင့်။ သင့် ကိုယ်ပိုင် စည်းချက်နောက်ကိုသာ လိုက်ပါ။ အခြားသူများတီးခတ်သော အသံနောက်ကို လိုက်ခြင်းသည် သင် ကြိုးစားဖန်တီးနေသော ဂီတကို စီစီလောင်လောင် ဆူသံအဖြစ်သာ ထွက်ပေါ်လာစေပါလိမ့်မည်။
If you have an original idea, don't waste your time and make an effort to make people understand. They won't. And the help you will probably get comes in the form of negative feedback.
If all those geniuses listened to their peers, we would probably still be living in the Middle Ages.
သင့်မှာ ပင်ကိုယ် စိတ်ကူးရှိနေလျှင် အချိန်မဖြုန်းပါနှင့်။ လူတွေနားလည်အောင် လုပ်ဆောင်ဖို့ လုံ့လစိုက်မနေပါနှင့်။ သူတို့နားလည်မည် မဟုတ်ပါဘူး။ သူတို့ဆီက သင်ရနိုင်ချေရှိသော အကူညီဆိုသည်မှာ အပျက်သဘောဆောင်တဲ့ တုန့်ပြန်ချက် အမျိုးစားကနေသာ ပေါ်ထွက်လာမည်ဖြစ်၏။
အကယ်၍ ထူးချွန်သူတွေသာ သူတို့နဲ့ သက်တူရွယ်တူတွေရဲ့ စကားကို နားထောင်ခဲ့လျှင် ကျွန်တော်တို့သည်အလယ်ခေတ်ထဲမှာသာ နေထိုင်နေရဆဲ ဖြစ်ပေမည်။
Spend time on it. I cannot stress that enough, although, please do not mistake this tip to tell you to quit your day job entirely. Do not. This involves some tricky time management but with a little discipline you'll be able to squeeze both in.။
ဆန်းသစ်ပြောင်းလဲခြင်းအတွက် အချိန်ပေးလိုက်ပါ။ ကျွန်တော့်အနေနဲ့ ဒါကို လုံလောက်အောင် အလေးပေးပြီး မတင်ပြနိုင်ပါ။ သို့ပေမည့် ဒီအရိပ်အမြွက် နိမိတ်ပြစကားကိုတော့ သင့် နေ့စဉ်အလုပ်ကထွက်ရန် ပြောဆိုခြင်းဟု မှားမှားယွင်းယွင်း မယူဆလိုက်ပါနှင့်။ မလုပ်လိုက်ပါနှင့်နော်။ ဒီကိစ္စသည် သိမ်မွေ့သော အချိန်ကို စီမံခန့်ခွဲမှုအချိုနှင့် သက်ဆိုင်၏။ သိုပေမည့် ဒီနည်းနာလေးနဲ့တင် သင်သည် (နေ့စဉ်အလုပ်နှင့် ဆန်းသစ်ပြောင်းလဲမှု) နှစ်ခုလုံးအတွက် ကြံဖန်ပြီး အချိန်ပေးလာနိုင်ပါလိမ့်မည်။
Exercise. Take a walk. Run a mile or two. Exercising certainly clears and relaxes your mind and allows for anything to pop up.
Record your dreams. Aren't some of them just the craziest things that your conscious mind would never have thought of?
လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျောက်ပါ။ တစ်မိုင် နှစ်မိုင်ခန့်ပြေးပါ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ကို ရှင်းစေ၏။ အနားရစေ၏။ ပြီးတော့ စိတ်ကူးသစ် တစ်ခုခု ပေါ်ပေါက်လာရန် အခြေနေဖြစ်ပေါ်ခွင့် ပေး၏။ စိတ်ကူးတွေကို မှတ်တမ်းပြုစုထားပါ။ ထိုမှတ်တမ်းအချို့သည် သင့်၏ နိုးကြားနေသော စိတ်က ဘယ်တုန်းကမှ သတိမပြုမိခဲ့သော တမ်းတမ်းစွဲအရာများ မဖြစ်လာနိုင်ပေဘူးလား။
If you've had these dreams before, this only shows you the untapped innovative power you have lying within. So jot down those notes. Those dreams may just create an innovative spark in you.
ဒီစိတ်ကူးမျိုးတွေ အရင်က သင့်မှာရှိထားခဲ့လျှင် ဒါသည် သင့် စိတ်အတွင်းမှာ ထုတ်မသုံးရသေးသော ဆန်းသစ်စွမ်းအား ကိန်းအောင်းနေသည်ဆိုခြင်းကို ပြ၏။ သို့အတွက်ကြောင့် ထိုစိတ်ကူးမှတ်တမ်းလေးများကို တေးမှတ်ထားပါ။ ထိုစိတ်ကူးများသည် သင့်ထံတွင် ဆန်းသစ်သော စိတ်အားထက်သန်မှု ဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်၏။
Find your own style. You'll know the novelist Hemingway, a Noble prize winner in 1954, wrote something by the choice of words on the paper. So it is the same with you. People will appreciate your innovation more because it is uniquely yours and that no one else would have thought of what you were thinking. That will let people see how valuable an asset you are.
ကိုယ်ပိုင်ဟန်ကို ရှာဖွေပါ။ ၁၉၅၄ ခုက နိုဘယ်ဆုရ ဝတ္ထုရေးဆရာ ဟဲ မင်းဂ်ဝေသည် စာရွက်ပေါ်ရေးချထားသော စကားလုံးများကို ရွေးချယ်ပြီးမှ အကြောင်းရာတစ်ရပ်ကို ရေးသားခဲ့သည်ဆိုတာ သင်သိပေမည်။
ဒီတော့ သင်လည်း ထိုနည်းအတိုင်းပဲ ရေးမှတ်ရပေမည်။ လူတွေက သင့်၏ ဆန်းသစ်မှုကို ပိုပြီး အသိမှတ်ပြုကြပါလိမ့်မည်။ အကြောင်းမှာ ၎င်းသည် သင့်၏ ထူးထူးခြားခြား မူဟန်ဖြစ်ပြီး အခြားဘယ်သူမှ သင် စိတ်ကူးသလို စိတ်ကူးမရခဲ့သည့်အတွက် ဖြစ်သည်။ ဒါသည် သင် ဘယ်လောက် ကျွမ်းကျင်လိမ္မာသူဖြစ်ကြောင်း လူအများသိသွားစေမည် ဖြစ်သည်။
Don't hide behind nifty gadgets or tools. You don't need the most expensive set of paints to produce a masterpiece. The same way with writing. You don't need some expensive fountain pen and really smooth paper for a bestseller. In fact, J.K. Rowling wrote the first book of the world-famous Harry Potter Series on bits of tissue.
ခေတ်ဆန်သော ကိရိယာတွေနောက်တွင် ဇာတ်မြှုပ်မနေပါနှင့်။ အပြောင်မြောက်ဆုံးလက်ရာကို ဖန်တီးဖို့ သင့်မှာ အလွန် တန်ဖိုးကြီးသော ဆေးရောင်စုံတွေ အစုံလိုက်မလိုပါ။ အရေးသားနှင့် ပတ်သက်ရင်လည်း ထို့အတူဖြစ်သည်။ သင့်မှာ ဈေးကြီးသော ဖောင်တိမ်တစ်ချောင်းတောင် မလိုပါ။ အမှန်တကယ်တော့ ရောင်းအစွန်ဆုံး စာအုပ်တစ်အုပ်အတွက် ချောမွေ့သော စာရွက်ပဲ လိုအပ်၏။
အမှန်တော့ ဂျေ ကေ ရိုးလင်းသည် ကမ္ဘာကျော် ဟယ်ရီ ပေါ်တာဇာတ်လမ်းတွဲ၏ ပထမဆုံး စာအုပ်ကို တစ်ရှူးအပိုင်းစလေးတွေပေါ်တွင် ရေးခဲ့ခြင်းဖြစ်သည်။
So what if you've got an expensive SLR camera if you're a crappy photographer? Who cares if you've got a blinging laptop if you can't write at all? The artist actually reduces the number of tools he has as he gets better at his craft: he knows what works and what doesn't.
Nothing will work without passion.
သို့အတွက် သင်သည် ချာတူးလံ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လျှင် ဈေးကြီးသော အက်စ် လယ်လ် အာရ် ကင်မရာတစ်လုံးရှိတော့ကော ဘာဖြစ်လာမည်လဲ။ ဘာမျှမရေးတတ်လျှင် သင့်မှာ တန်ဖိုးကြီးပြီး မျက်စိနောက်စရာကောင်းသော လက်ပ်တော့ကွန်ပျူတာတစ်လုံး ရှိတော့ကော ဘယ်သူတွေက အရေးလုပ်မည်လဲ။
အနုပညာရှင်ဆိုသည်မှာ တကယ့်တော့ အတတ်ပညာ ကျွမ်းကျင်လာသည်နှင့် လက်ရာပိုကောင်းလာစေရန် သူ့မှာရှိသော လက်နက်ကိရိယာအရေတွက်ကို လျှော့ချခြင်းဖြစ်၏။ သူသည် အဘယ်ကိရိယာက အသုံးတည့်သည်၊ ဘယ်ကိရိယာက အသုံးမတည့် ဆိုသည်ကို သိ၏။ စိတ်အားထက်သန်ပြင်းပြမှုမရှိလျှင် ဘယ်အရာမှ အသုံးမဝင်ပေ။
What wakes you up in the mornings? What keeps the flame burning? What is the one thing that will force on you if you don't do? Sometimes people with talent are overtaken by the people who want it more. Think the hare and the tortoise. Ellen Degeneres once said that if you're not doing something that you want to do, then you don't really want to do it. And that's true. Sometimes you just want something so bad you become a virtual unstoppable. And that is passion. Passion will keep you going.
မနက်ခင်းအိပ်ရာနိုးရန် သင့်ကို ဘယ်အရာက နှိုးပါသနည်း။ မီးလျှံများကို ဘယ်ရာက ဆက်ပြီးလောင်စေပါသနည်း။ သင်ကိုယ်တိုင်က မလုပ်ဆောင်လျှင် ဘယ်အရာက သင့်ကို အတင်းအကျပ်လုပ်ခိုင်းလို့ရမည်နည်း။ တစ်ခါတစ်ရံ ပင်ကိုယ်စွမ်းရည်ရှိသော လူသည် ပိုပြီး ဆန္ဒပြင်းပြသူများ၏ ကျော်တက်သွာားခြင်းကို ခံကြရ၏။ ယုံနှင့်လိပ် ဇာတ်လမ်းကို စဉ်းစားကြည့်ပါ။
တစ်ချိန်က အယ်လင် ဒီဂျင်နရာ ပြောခဲ့၏။ သင်လုပ်ချင်သည်ဆိုသော အရာကို လုပ်ဆောင်မနေလျှင် ထိုအရာကို သင်အမှန်တကယ် လုပ်ချင်ခြင်းမဟုတ်ပါဟုဆို၏။ ဒါသည် အမှန်ဖြစ်၏။ တစ်ခါတစ်ရံ တစ်ခုခုကို သင် အလွန့်အလွန် လိုချင်လာပြီဆိုလျှင် မရပ်မနားနီးပါး ဖြစ်လာ၏။ ဒါသည် စိတ်အားထက်သန်ပြင်းပြမှုဖြစ်သည်။
စိတ်အားထက်သန်မှုက သင့်ကို ဆက်ပီး လုပ်ဆောင်ခိုင်းနေပါလိမ့်မည်။
Don't worry about inspiration. You can't force it; inspiration hits when you least expect it to, you should prepare for those unpredictable yet. An idea could strike you on the subway, yet you poor unfortunate soul; you have no sheet of paper to scribble down a thought that could change the world. Avoid these disasters. Have a pen and paper within your arm's reach at all times.

ဈာန်ဝင်ခြင်းနှင့် ပတ်သက်ပြီး မစိုးရိမ်ပါနှင့်။ ၎င်းကို သင် ဖိအားပေးလို့ မရနိုင်ပါ။ ဈာန်ဝင်ခြင်းသည် သင်နောက်ဆုံး မျှော်လင့်သည်အထိ အထင်းသား မြင်သာ၏။ ကြိုတင်ခန့်မှန်းမရသေးသော အရာများအတွက်တော့ သင် ပြင်ဆင်ထားသင့်သည်။
စိတ်ကူးတစ်ရပ်ကို မြေအောက်ရထားပေါ်တွင် သင် အတွေးပေါက်နိုင်၏။ သို့သော် သင်သည် အတော်ကိုကံဆိုးသူဖြစ်ပြီး ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်သော စိတ်ကူးတစ်ရပ်ကို ချရေးဖို့ စာရွက်ပါမလာခြင်းမျိုး ဖြစ်နေတတ်၏။ ထိုသို့သော ကံဆိုးခြင်းများကို ရှောင်ရှားပါ။ ဘောပင်နှင့် စာရွက်ကို သင့် လက်တစ်ကမ်းတွင် တစ်ချိန်လုံး ရှိနေပါစေ။

I hope this article has helped you bring more innovation into your life. Keep in mind that you're doing these things for your own satisfaction and not anybody else's. But soon enough they will notice, and everything should snowball from there.

ဒီခေါင်းစဉ်လေးသည် သင့်ထံ ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်ပြောင်းလဲမှုကို ဆောင်ယူလာရန် အကူညီပေးမည်ဟု ကျွန်တော်မျှော်လင့်၏။ သင့်ကိုယ်တိုင် ကျေနပ်နှစ်သက်မှုရရန် ဒါတွေကို လုပ်ဆောင်နေခြင်းဖြစ်သည်၊ အခြားသူများ ကျေနပ်နှစ်သက်မှုအတွက်မဟုတ်ဟု စိတ်ထဲတွင် စွဲထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် လုံလောက်သော အချိန်မှာတွင် သူတို့ သင့်ကို အသိမှတ်ပြုလာပေလိမ့်မယ်။ အရာရာသည် ထိုစိတ်ကူးအတွင်းမှ စတင်ပြီး တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာခြင်းဖြစ်သည်။
image
Tinmyoaung

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57658.56
ETH 2273.22
USDT 1.00
SBD 2.46