သတိရခြင်းများမှတစ်ဆင့်

in #myanmar7 years ago

#သတိရခြင်းများမှတစ်ဆင့်


သတိရခြင်းတွေက
ငါသောက်တဲ့ လဘက်ရည်ခွက်ထဲမှာ ရှိတယ် ။
တစ်ခါ တစ်ခါ
ဘာလုပ်လုပ် အဆင်မပြေသူရဲ့ စိတ်ညစ်မှုမျိုး ငါ့ကိုယ်မှာညှိုးရက်တယ် ။
မေ့မရဘူးဆိုရင်လည်း
ငါပိုတယ် မင်းထင်တယ် ။
ငါ့ကို မယုံကြည်သူလေးရဲ့
အေးစက်စက်ကောင်းကင်ပေါ်က လနဲ့
ငါချစ်တဲ့ညတွေက
ငါ့ကို အိပ်မက်ပေးမတဲ့ ။
သည်မျှနဲ့ ကျေနပ်ခဲ့ရသူပါ ။
ထာဝရ………တဲ့
ငါ ချစ်တဲ့ နှင်းဆီးတစ်ပွင့်
ကြမ္မာအသင့် ကြွေလွင့်ခဲ့ရချိန်များ
ဟို……တိမ်မွေ့ယာပေါ်က… ငှက်
နာကျင်ခံခက် သွေးပျက်သောဂီတ
အတောင်ပံတစ်ခုနဲ့ နှလုံးသား
ကြေမွပျက်စီးခဲ့ရချိန်မှာ
ထာဝရကို ငါမုန်းတယ်…။
တံခါးခေါက်သံထင်ရဲ့
ဝင်ခဲ့ကြဟေ့ …
ငါ့ရှေ့ကနေ ညတွေအတွက်
မသိတတ်တဲ့ မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရတဲ့ မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက် ဝင်ခဲ့ကြ ။
ကြည့်ကြ
ဘဝရဲ့ အဆိပ်သစ်သီး
ငါ ကိုက်မြည်းကြည့်လိုက်စမ်းမယ် ။
မသေချာခြင်းတွေသာ
ငါ့ဘက်မှာ ရှိနေပေါ့ …။
ရိုးသားမှုတစ်ခုနဲ့
မင်းကိုငါချစ်ခဲ့
ဘဝကို မြတ်နိုးခဲ့
ဟိုး …အနတ္တကောင်းကင်မှာ
အစက်အပြောက်တစ်ခုက
အရာမထင်သလိုမျိုး
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကို ငါဖြတ်ကူးမယ်
အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်
ယုံကွယ် ………။ ။
image
Tinmyoaung

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59439.79
ETH 2290.08
USDT 1.00
SBD 2.48