ကျွန်​​တော်​၏ သူငယ်​ချင်းများအ​ကြောင်း(Tin Myo Aung)

in #myanmar7 years ago (edited)

[image()
အသက်22ကျော်​လာတော့ လောကဓမ္မ ၊ လောကသဘာဝ ကို အထိုက်အလျောက် သည်းခံနိုင်စွမ်းရှိလာတယ် ။ လူလူချင်း စီးပိုးတာ ၊ ခေတ်စကားအရဆိုရင်တော့ ညွန့်တာပေါ့ ၊ ဒါလေးတွေလည်း အရင်ကထက်စာရင် နည်းနည်း သည်းခံနိုင်လာတယ် ။
အကျိုးလိုမှ ညောင်ရေလောင်းတတ်ကြတဲ့ လူတွေကိုလည်း ကိုယ်တတ်နိုင်ရင် ဖြည့်ဆည်းပေးနိုင်လာတယ် ။
လိုမှ သုံးကြတဲ့ " လိုသုံး " တွေ ၊ အနားရောက်မှ ပြာပြာသလဲ လုပ်ပြတတ်ကြတဲ့ " အနားပြာ " တွေကိုလည်း ဖြည့်တွေးပေးတတ်လာတယ် ။
တစ်ခါတလေ ကိုယ့်သူငယ်ချင်းဟောင်း ၊ အပေါင်းအသင်းမိတ်ဆွေဟောင်းတွေ ရှိတဲ့ မြို့တွေ ရွာတွေကို လမ်းကြုံလို့ ရောက်ဖြစ်တယ် ။ တစ်ချို့လည်း ဖုန်းဆက်လိုက်တာနဲ့ ပြာပြာသလဲ ရှိတဲ့အလုပ်တွေကို ပစ်ချပြီးတော့ လာတွေ့ကြတယ် ။ တစ်ချို့ကျတော့လည်း လာမတွေ့နိုင်လို့ ၊ အဆင်မပြေလို့ ၊ အလုပ်ရှုပ်နေလို့ ၊ စသဖြင့် မတွေ့ဖြစ်ခဲ့ ၊ မဆုံဖြစ်ခဲ့ကြဘူး ။
တစ်ချို့သူငယ်ချင်းဟောင်းတွေကို ကိုယ့်အနေနဲ့ သူတို့အိမ်အထိ သွားလည်ဖြစ်တယ် ။ ကိုယ်ကတော့ လမ်းကြုံလို့ ခဏတဖြုတ် ၀င်တွေ့ပေမယ့် သူတို့ခမျာမယ် အလုပ်ကတစ်ဖက် ၊ ကလေးတွေကတစ်ဖက် ၊ ကိုယ့်ကိုလည်း ဧည့်ဝတ်မကျေမှာစိုးတာ တစ်ဖက် နဲ့ သူတို့ကိုကြည့်ပြီး အားနာတတ်လာတယ် ။
ဒါ့ကြောင့် အပေါင်းအသင်း ၊ မိတ်ဆွေဟောင်း ရှိတဲ့ နေရာတွေဆို သူတို့မအားကြတာကို ကိုယ်က သိနေတော့ မ၀င်ဖြစ်တော့တာ များတယ် ။ ဖုန်းလည်း ဆက်မနေတော့ဘူး ။ သူတို့ရှိတဲ့ နေရာကို ကျော်သွားမှ ဘဲ ဖုန်းဆက်လိုက်တော့တယ် ။ တစ်ချို့ကျတော့လည်း သူ့ဆီမ၀င်ရကောင်းမလားရယ်လို့ စိတ်ဆိုးကြတယ် ။
ဒါကတော့ ငယ်ငယ်ကတည်းက ပြောမနာ ဆိုမနာ ၊ အပေါင်းအသင်းမက်တဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေလောက်ဘဲ စိတ်ဆိုးကြတာပါ ။
ကိုယ်ကိုယ်တိုင်ကလည်း တစ်ကယ်အလုပ်ပိလာရင် ဘယ်မှထွက်လို့မရတဲ့အချိန်တွေလည်း ရှိတတ်တော့ သူတို့ကိုလည်း နားလည် စာနာပေးတဲ့သဘောပေါ့ ။

တစ်ချို့ကျတော့ ကိုယ်က ရှေးဟောင်းနှောင်းဖြစ်ကလေးများ အေးအေးလူလူ စမြုံ့ပြန်ရမလားလို့ ချိန်းချက်ပြီး တွေ့ဖြစ်ပါတယ် ၊ သူတို့ဘ၀ ဇာတ်ကြောင်းကို ငိုချင်းချပြီး နောက်ပိုင်းဇာတ်တော်ကြီး ကပြ နေလို့ အားပေး နှစ်သိမ့်ပေးခဲ့ရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ် ။
တစ်ချို့ကျတော့လည်း ကိုယ့်တွေ့တာနဲ့ သောက်မယ် ဆိုတဲ့ သူငယ်ချင်းတွေလည်း ရှိတယ် ။ သူတို့မှာတော့ နှစ်ချို့ အရက်သမားကြီးကို ဖြစ်လို့ ။ တစ်ကယ်တမ်း ကျွန်တော်မသောက်တတ်ဘူးဆိုတာလည်း သူတို့သိရဲ့သားနဲ့ ချစ်လို့ သက်သက်ညှဉ်းဆဲချင်လို့ အရက်​တိုက်​ခိုင်းတာ
ပါ။

တစ်ချို့သူငယ်ချင်းတွေကျတော့ ဘယ်နေ့ ၊ ဘယ်အချိန် ဘယ်နေရာ စသဖြင့် တွေ့မယ် ချိန်းလိုက်တယ် ။ ချိန်းထားတုန်းကတော့ Everything is OK ဘဲ ။ အဲ့ဒီအချိန်ရောက်မှ ဘာဖြစ်လို့ ၊ ညာဖြစ်လို့ ဆိုပြီး မလာတော့ဘဲ ကပ်ဖြုတ်တတ်တဲ့ သူငယ်ချင်းတွေ ရှိတယ် ။ ဘယ်တတ်နိုင်မလဲပေါ့ ။ သည်းခံရတာပါဘဲ ။
တစ်ချို့ကျတော့ အချိန်အတိအကျရောက်လာတယ် ။ ပြီးရင် သူပြောချင်နေတာတွေ စွတ်ပြော ၊ အလုပ်ကဘယ်လို ၊ မိသားစုက ဘယ်လို ၊ စီးပွားရေးက ဘယ်လို စသဖြင့် ပြောဆိုပြီး သွားစရာရှိလို့ ပြန်ဦးမယ် ဆိုပြီး လစ်ထွက်တတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတာဘဲ ။

တစ်ချို့ကတော့ ငယ်ငယ်ကတည်းက သူတင် ကိုယ်တင် ၊ မသိမသာလေး ပြိုင်လိုက်လာတဲ့ကောင်တွေ ။ သူတို့နဲ့တွေ့လို့ကတော့ ကိုယ်က စကား မစရသေးဘူး ။ အေးကွာ … လစာက တစ်လ ရှစ်သိန်းလောက်ဘဲ ရတာ ။ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ လူတန်းစေ့ရုံလောက်ပါဘဲ ကွာ ။ အခုဆို အမျိုးသမီးကလည်း ဈေးမှာ အထည်ဆိုင်လေး ဖွင့်ထားလို့ အဆင်ပြေနေတာ ။ အ
ကြီးကောင်ကို ဘယ်မြို့က နံမည်ကြီး ကျောင်းမှာ ထားရတာ ။ ရှာရ ဖွေရတာ မလွယ်ပါဘူး ။ မင်းတို့လို ဘောစိ မဟုတ်တော့ ရုန်းကန်ရတယ်…. ဘာညာ ဆိုပြီး တွေ့တာနဲ့ လွှတ်ထည့်တတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ် ။ အဲ့သလို သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ ကိုယ့်အဆင့်က ဖွတ် ဘဲ ။ ဖွတ်တောင်မှ ဖွတ်ကျား အဆင့်လောက်ဘဲ ရှိတော့တယ် ။ သည်းခံရတာပါဘဲ ။

တစ်ချို့ သူငယ်ချင်းတွေကျတော့လည်း သိမ်ငယ်စိတ်ကလေးတွေနဲ့ ဗျ ။ သူတို့မှာ အလုပ်ကလည်း မယ်မယ်ရရ မရှိ ။ ရှိပြန်တော့လည်း ကိုယ့်ထက် ပင်ပမ်းတဲ့ အလုပ် ။ ဒီလို သူငယ်ချင်းမျိုးကျတော့လည်း တွေ့ပြီဆိုကတည်းက ကိုယ့်ကို မြှောက်ပြီး သူ့ကိုယ်သူ ရိုက်ချ နေတော့တာ ။ မင်းတို့က လစာ ကောင်းပါတယ် ကွာ ။ ငါ့မှာသာ တစ်လ တစ်ပဲခြောက်ပြား ရတာပါ ဘာညာ နဲ့ ထည့်တော့တာ ။ ကြံကြံဖန်ဖန်ဗျာ ဒီခေတ်ကြီးထဲ တစ်ပဲခြောက်ပြား ဆိုတာ ရုပ်ပုံထဲတောင် မ
မြင်ဘူးတော့တဲ့ဟာ ။ သူပြောသမျှ အင်း - အဲ လိုက်ပြီး သည်းခံရတာပါဘဲ ။

တစ်ချို့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတွေ ရှိသေးတယ် ။ သူတို့မြန်မာပြည် ပြန်လာလို့ ကြုံလို့ ဆုံလို့ တွေ့ဖြစ်ကြရင် ကိုယ့်တွေ့တာနဲ့ ဘောစိ လို့ တန်းခေါ်ကြတာ ။ သြော် … သူတို့က ဟိုမှာ လစာ သိန်းဆယ်ချီ ရနေတဲ့လူတွေ ။ ကိုယ်က မြန်မာပြည်မှာ ဖွတ်ကျောပိုးထားရတဲ့ လူ ။ ဒီလို သူငယ်ချင်းမျိုးတွေလည်း ရှိတာပါဘဲ ။

ဘာရယ်မဟုတ်ပါဘူး ။ ကျွန်​​တော့်​မှာ ဒီလို သူငယ်ချင်းတွေ ရှိတယ် ဆိုတဲ့အကြောင်း ခင်ဗျားတို့ကို ဖောက်သည်ချတာပါ။

Myanmar Steemit Community
Author@TinMyoAung

Sort:  

အစ်ကို့ အနေနဲ့ ညီလေးကို Steemit ပေါ်ကို တင်ပေးလိုက်တာ လောက် ဝမ်းသာရတာ မရှိဘူး။ ကြိုးစားပါ ညီလေး ... MSC မှာ ညီလေးက senior အကျဆုံးပါ။

ဟုတ်​ကဲ့အကို ကြိုးစား​နေပါတယ်​အကို

ကောင်းပါတယ်

ကျေးဇူးပါပဲ

ဘဝတွေအမျိုးမျိုးပါလား

ဟုတ်​တယ်​ အကို

သြော် ဂလိုလား

ဟုတ်​တယ်​ အကို

ဘာရယ်​မဟုတ်​​ပေမဲ့က ဖတ်​လို့​တော့​ကောင်းသား

ဟုတ်​ကဲ့ ​ကျေးဇူးပါပဲ အား​ပေးပါအုံး ​နောက်​ထပ်​ ​ဆောင်းပါးများ ကိုလည်း

ကျေးဇူးပါပဲ အား​ပေးပါအုံး ​နောက်​ထပ်​ ​ဆောင်းပါး​တွေကို

ဘော်ဒါတွေစုံလာပြီဆို...

🎤🎤🎤🎸🎸🎸🎸🎻🎺🎷🎷🎻🎺

🎤🎤🎤🎤​ဘော်​ဒါ​တွေ စုံချင်​ပြီ

ဘော်ဒါတွေစုံလာပြီဆို...မိုက်​ခဲမယ်
credit

Thank for your support

ဖတ်​လို့​ကောင်းပါတယ် ရှင့်

ကျေးဇူးပါပဲ အား​ပေးပါအုံး ​နောက်​ထပ်​ စာ​ပေ​တွေလည်း

ကောင်းတယ်ဗျာ ဆတင် အတုခိုးပြီး သူငယ်ချင်းတွေလိုက်ကြည့်အုံးမယ်

ဟုတ်​ကဲ့

ခုကတည်းကဘော်ဒါတွေလဲဆုံးမထားတယ်မိန်းမစောစော
မကြဖို့

ဘယ်​လိုဆုံးမထားတာလဲ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67120.19
ETH 3459.44
USDT 1.00
SBD 2.72