ချစ်စိတ်၏သဘော ( 1 )

ချစ်စိတ်၏သဘော( 1 )
အချစ်ဆိုတာ ပြောင်းလဲတက်သော သဘောရှိပါတယ်……တစ်ယောက်နှင့်တစ်ယောက်သည် မည်မျှပင် ချစ်ခဲ့ကြပါတယ်ပြောပြော ချစ်စိတ်ကြွနေသော အချိန်ကာလတစ်ခုအတွင်း၌သာ ချစ်စိတ်သွေးတွေ ပူနွေးနေပါလိမ့်မယ်…………………………
ချစ်သူနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားကြသော် တစ်ဦးတစ်ယောက်ကချစ်သောစိတ်ဆန္ဒတွေ ရှိနေပါသော်လည်း ကျန်တစ်ယောက်ကမှု လောက၏ ပြောင်းလဲဖြစ်တည်ခြင်းဟူသော သဘာဝအတိုင်း အချိန်ကာလတစ်ခု၏ ပြောင်းလဲရွေ့လျားနေခြင်းကြောင့် ချစ်သွေးစိတ်တွေ အေးစက်ကာ တစ်ဖြေးဖြေးနှင့် တစ်ယောက်သောသူကို မေ့နိုင်သွားခဲ့သည်မှာလည်း လူသဘာဝပင်ဖြစ်လေသည်…………………………………။
စစ်မှန်သော ချစ်ခြင်းမေတ္တာတွေသည် ပြောင်းလဲခြင်းမရှိနိုင်ပါသော်လည်း လူဆိုသည့် သဘာဝစိတ်တွေသည်က မိမိအိမ်၌ ဧည့်ခန်းမတွင် တည်ငြိမ်စွာဖြင့် ချိတ်ဆွဲထားသော တိုင်ကပ်နာရီလိုပါပဲဟု ဥပမာဖြင့် နှိုင်းယှဉ်ပြသော် မှားလိမ့်မည်မထင်မိပါ…………………………
တိုင်ကပ်နာရီသည် တည်ငြိမ်စွာဖြင့် တည်ရှိနေသည်ကို မြင်တွေ့နေရတာ မှန်ပါသော်လည်း ထိုတိုင်ကပ်နာရီ၌ ပါရှိသော အချိန်ဟု သက်မှတ်ခေါ်ဆိုနိုင်သော နာရီလက်တန် မိနစ် စက္ကန့်တို့သည် လူတွေရှင်သန် ရပ်တည်နေထိုင်လှုပ်ရှားနေသော ကမ္ဘာကြီးရွေ့လျားနေသလို မသိမသာ ရွေ့လျားပြောင်းလဲနေလေသည်…………………………
ဒီလိုနာရီလက်တန်များ ရွေ့လျားပြောင်းလဲနေခြင်းနှင့်အတူ လူတစ်ယောက်နှင့်တစ်ယောက်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာများနှင့် တစ်ဦးအပေါ်တစ်ဦး ထားရှိခဲ့ကြတာမှန်ပါသော်လည်း မြင်တွေ့ နီးကပ် ထိတွေ့ခြင်းများ နည်းကာမရှိခဲ့ကြသော် ငြိမ်သက်ခြင်းမရှိသော လူသဘာဝစိတ်တို့ကြောင့် ချစ်စိတ်များအေးစက်ကာ ဆန့်ကျင်ဘက် ပြောင်းလဲစိတ်များ ဖြစ်ပေါ်လာခဲ့ကြပါသည်……………………………။
Author:@thura
Photo:Credit Google lmage
ကျွန်နော်ဒီလိုပဲတွေးမြင်မိပါတယ်