(ထိုအိမ်ကြီ၏ထူးခြားချက်တစ်ခု)

in #myanmar9 years ago (edited)

mht 6755.jpg
စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်းဖြစ်သောကြောင့် စိတ်အာရုံကိုစူးစိုက်ပြီး ရေးဖွဲ့သီကုံးခဲ့ရပါတယ်ခင်ဗျာ။စိတ်အာရုံမှ မြင်အောင်ကြည့်ပြီးရေးနေရတော့ ရေးဖွဲတင်ပြမူတွေ အဆင်ပြေခြင်းမရှိခဲ့သော် ခွင့်လွှတ်သီးခံဖတ်ရှုပေးကြပါလို့ ကျွန်နော်(မောင်သူရ)က ပဏာမအနေဖြင့် ပြောကြားပါရစေခင်ဗျာ…………။
ဒီအိမ်ကြီးကို မိသားစုတစ်စု လာပြီငှားနေတာကနေ ကျွန်နော်စတင်စိတ်ကူးယဉ်ပြီး ရေးဖွဲ့တင်ပြပါရစေခင်ဗျာ။ဒီမိသားစုမှာ လူဦးရေအရေတွက် စုစုပေါင်းမှာ၅ယောက်ရှိပါတယ်။ထိုမိသားစုဝင်၅ဦးတို့သည် ဆူညံခြင်းမရှိ တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်တက်ကြသောသူများဖြစ်ပါတယ်။သူတို့နေထိုင်သော အိမ်လေးနှင့်ဘေးပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်ကောင်းသော နေရာလေးတစ်ခုပါဗျာ။သို့ပေမယ့်သိပ့်မကြာလိုက်ပါဘူးဗျာ……နှစ်လသုံးလလောက်ပဲ ထိုအိမ်လေးမှာနေထိုင်ပြီတော့ အရင်က နေခဲ့ဖူးခဲ့သော ရပ်ကွက်လေးသို့ ထိုမိသားစု ပြောင်းရွှေ့သွားကြပါတော့သည်။
minggan.jpg
ဒီလိုနဲ့ နေ့တွေ ရက်တွေ လတွေ အလီလီပြောင်းလဲသွားခဲ့ပြီးနောက်မှာတော့ မိုးစက်လေးတွေနဲ့အတူ အလွန်ချမ်းအေးလွန်းလှသည် မိုးရွာသောနေ့တစ်နေ့၌ ကျွန်နော်သည် လေလွင့်စိတ်တွေနဲ့အတူ ကော်ဖီဆိုင်သို့ ရောက်ရှိသွားခဲ့ပါတယ်။ကော်ဖီဆိုင်ထဲသို့ စဝင်ဝင်ခြင်း၌ပင် မတွေ့ဖြစ်တာ ကြာသွားခဲ့ပြီဖြစ်သော ထိုအိမ်ကြီးမှ ပြောင်းရွှေ့သွားခဲ့သော မိသားစုဝင်ထဲမှ အကြီးဆုံးဖြစ်သူ ဦးလေးကြီးတစ်ယောက်နဲ့ ထိုကော်ဖီဆိုင်တွင် တိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ ခဲ့ကြပါတယ်ဗျာ။စပြီးတွေ့တွေ့ခြင်း၌ပင် နှစ်ဦးသားသည် အပြုံးတွေနဲ့ကိုယ်ဆီ နှုတ်ဆက်စကားဆိုလိုက်ပါတော့သည်။(ငါ့တူလေး မတွေ့ဖြစ်ကြတာကြားသွားပြီနော်……ဟုတ်တယ်အန်ကယ်ရေ ကျွန်နော်လည်း အလုပ်ကနေအိမ်ပြန်နောက်ကျတာ နေ့စဉ်ပုံမှန်ဖြစ်နေတော့ အန်ကယ်နဲ့မတွေ့ဖြစ်ဘူးလေ။အားတဲ့ရက်လေးတစ်ရက်မှာ အန်ကယ်တို့နေထိုင်ခဲ့တဲ့ အိမ်ရှေ့လမ်းလေးမှဖြတ်အလျှောက် တိတ်ဆိတ်ခြင်းတွေနဲ့အတူ အိမ်ခြံလေးထဲသို့လှမ်းကြည့်လိုက်သောအခါ သော့တန်းလန်းနဲ့ပိတ်ထားသောတခါးကိုသာကျွန်နော်မြင်တွေ့ခဲ့ရတယ် အန်ကယ်ရဲ့ …… ရပ်ကွက်ထဲမေးမြန်းကြည့်လိုက်မှအန်ကယ်တို့မိသားစု ပြောင်းရွှေ့သွားပြီဆိုတာကို ကျွန်နော်သေချာသိလိုက်ရတယ်ဗျာ။)ဒီလိုနဲ့ထိုဦးလေးကြီးနဲ့ကျွန်နော်သည် အချိန်ကြာစွာစကားတွေပြောဆိုခဲ့ပြီးနောက်မှာ အဘယ်ကြောင့်ထိုအိမ်ကြီးမှ ပြောင်းရွှေ့သွားရသည့် အဓိကအကြောင်းရင်းကို သေချာသိနိုင်အောင် မေးမြန်းကြည့်သောအခါ
(ငါ့တူတို့နေထိုင်တဲ့ ရပ်ကွက်လေးက အေးချမ်းပြီး နေချင်စရာကောင်းတဲ့ ရက်ကွက်လေးတစ်ခုပါ……သန့်ရှင်းသပ်ရပ်ပြီး ရိုင်းစိုင်းသောအပြုအမူတွေနဲ့ ဆဲဆိုမောက်မာခြင်း မရှိကြတဲ့ရပ်ကွက်လေးပါကွယ်။အန်ကယ်တို့ဒီအိမ်ကို လာငှားနေစတုန်းက အပိုင်ဝယ်ဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။သွားရေး လာရေး အတွက်လည်းအဆင်ပြေတယ်လေ။ဒါပေမယ့် နှစ်လ သုံးလလောက်မှာပဲ ဆန့်ကျင်ဘက်စိတ်ကူးတွေဘက်သို့ ကူးပြောင်းသွားခဲ့ရတယ်။အစီစဉ်တွေပြောင်းလဲသွားခဲ့ရတဲ့ အကြောင်းရင်းကလည်း ရှိနေခဲ့တယ် ငါ့တူရေ)
Arabia_Oribi_6_Seater_Dining_Table_Set_00_MG_5274_M_LP-175x175(2).jpg
(အန်ကယ်တို့မိသာစုက ဝါသနာတွေမတူကြသလို အလုပ်ဌာနလုပ်ကိုင်မှုတွေလည်းမတူညီကြဘူး။စိတ်ဓါတ်တွေကလည်းတစ်ယောက်တစ်မျိုးကွ။ကိစ္စရှိမှသာ စကားများများပြောဆိုတက်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့တော့ ရိုင်းပင်းကူညီတက်ကြပါတယ်။တစ်နေ့၌ အန်ကယ်တို့မိသားစုအားလုံး စုံညီစွာနဲ့ အလုပ်နားသောနေ့လေးတစ်နေ့တွင် ထ္မင်းစားဝိုင်းမှာ တွေ့ဆုံကြဖို့အကြောင်းကိစ္စတစ်ခု ပေါ်လာခဲ့တယ်ကွ။မိသားစုဆုံတွေ့နေကြသောအချိန်မှာ ပျော်ရွှင်စွာပြောဆိုပြီ ကိုယ်ပြောချင်တာတွေကို လွတ်လပ်စွာပြောဆိုတက်ကြတဲ့အကျင့်လေးတွေတော့ရှိတယ် ငါ့တူလေးရေ။
ဒီလိုနဲ့အန်ကယ်တို့မိသားစု စုံစုံလင်လင်ရှိနေခိုက်လေးမှာ ပြောချင်သောစကားများကို တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေပေးပြီ စကားတွေဖောင်ဖွဲ့ကာပြောဆိုကြပြီးနောက် မိသားစုအကြောင်းကိစ္စတို့ကို ဆွေးနွေးတိုင်ပင်တက်ကြတယ်ကွယ့်)
(အန်ကယ်တို့မိသားစုအကြောင်းဆက်ပြောနေရင် ပြောလို့မဆုံးနိုင်လို့ ငါ့တူသိချင်နေတဲ့ အိမ်ပြောင်းသွားရသည့်အကြောင်းရင်းကို ရောက်တော့မှာမဟုတ်ဘူး ငါ့တူလေးရေ……အန်ကယ်လည်း အချိန်သိပ့်မရတော့ ပြောင်းရွှေ့သွားခြင်းနဲ့ပတ်သက်ပြီးလိုရင်းတိုရှင်း ပြောခဲ့လိုက်တော့မယ်ကွာ)
thin-moon.jpg
အန်ကယ်တို့အိမ်ပြောင်းရွှေ့သွားရတဲ့အဓိကအကြောင်းရင်းကတော့………
ထိုအိမ်ကြီးရဲ့ထူးခြားချက်လေးတစ်ခုက ညသန်းခေါင်ကျော်လာရင် အိမ်နောက်ဖေးရှိ နေ့စဉ်ချက်ပြုပ်ကြော်လှော်လေ့ရှိသော မီးဖိုခန်း၌ တခါးဖွင့်သည့်အသံ ပန်းကန် အိုးခွက် စသည်တို့ကို ဆေးကြောသုံးစွဲနေသာအသံများနှင့် ထိုအိမ်ကြီးရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လမ်းလျှောက်သွားလာသည့်အသံစကားများပြောဆိုနေကြသည့်အသံများကို အန်ကယ်ရဲ့နားဖြင့် သဲသဲကွဲကွဲကြားနေခဲ့တာ နေ့စဉ်နေ့တိုင်းပါပဲ ငါ့တူလေရယ်။ထိုအိမ်ကြီးကို အန်ကယ်တို့မိသားစု ပြောင်းရွှေ့လာစဉ် တစ်လလောက်ကတော့ အမှုမဲ့အမှတ်မဲ့နဲ့ တစ်ယောက်နှင့်တစ်ယောက် နေလာခဲ့ကြတာပေါ့။ထ္မင်းစားဝိုင်းမှာ နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကိုပြောဆိုကြပြီးနောက် အန်ကယ်ကစပြီး (ထိုအိမ်ကြီး၏ထူးခြားချက်တစ်ခု)ကို မိသားစုဝင်တွေကို မေးမြန်းကြည့်လိုက်သောအခါမှာ သူတို့တစ်ယောက်မှမဟုတ်ကြောင်း မသိကြကြောင်း သတိမထားမိကြောင်း ပြောလာကြတော့ အန်ကယ်ရဲ့ ကြားနေရတာ သိနေရတာ သတိထားမိတဲ့အကြောင်းအရာလေးကို သူတို့ကိုပြောပြလိုက်တယ်။ထိုနေ့မှစပြီး အန်ကယ်တို့ မိသားစုအားလုံးလည်း သတိထားနေလာခဲ့ကြတာ နေ့စဉ်ညတိုင်းပါပဲကွာ။နေ့စဉ်ညတိုင်း ထိုဖြစ်ပျက်မှုတွေ ကြားသိနေရတော့ အချိန်ကြာလာပြီဆိုတော့ နေထိုင်ချင်စိတ် ကုန်ဆုံးသွားတာနဲ့ ထိုအိမ်ကြီးမှ ပြောင်းရွှေ့သွားခဲ့ကြတာပဲ ငါ့တူလေရယ်)
ထို့သို့အချိန်ကြာစွာပြောဆိုခဲ့ကြပြီးနောက် သူနှင့်ကျွန်နော်သည် ကော်ဖီဆိုင်လေးမှာနှုတ်ဆက်စကားဆို၍ လာရာလမ်းသို့ ခြေဦးလှည့်ကာ အိမ်သို့ပြန်လာခဲ့ကြပါသည်။အိမ်အပြန်လမ်း၌ ကျွန်နော်သည် လေးလံသောခြေလှမ်းများဖြင့် အတွေးစိတ်တို့သည် ထိုအိမ်ကြီး၏ ထူးခြားချက်လေးအကြောင်းကို တွေးနေမိပါတော့လေသည်။
author:@thura
photos:images google
msc:066

Sort:  

မကြာခင် စာရေးဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မြင်ပါသည်။ ဆက်လက်ချီတက်ပါ ရဲဘော်သူရ လေးရေ

လေးစားစွာနဲ့ဂုဏ်ယူမိခဲ့ပါတယ်(ကိုဗိုလ်ဗိုလ်)
တွန်းအားတစ်ခုဟာ ကျွန်နော်တကယ်ဖြစ်မြောက်နိုင်ဖို့အတွက်
အားဆေးတစ်ခွက်လိုပါပဲလေ………
ရင်ကိုဖွင့်၍
သိမှတ်သလောက်နဲ့
ရှေ့လျှောက်ရမယ့် ခရီလမ်းကို
ကြိုးစားခြင်းနှင့်အတူ ချီတက်သွားပါ့မယ် (ကိုဗိုလ်ဗိုလ်)
ခံစားမှုကိုအန်ထုတ်ကာရင်ဖွင့်ပြောကြားရင်း………
လေးစားအားကျမိသော(မောင်သူရ)

voting 100% - 0.091$ vote & comment @thi/poe done .

ဟုတ်ကဲ့ပါမမpoe
ကျေးဇူးတင်မိသလို
မတွေ့မမြင်ရတာလည်းကြာသွားခဲ့ပြီနော်(သူရ)

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

yes 'thanks you(thura)

စိတ်​ဝင်​စားတယ်

ဟုတ်ကဲ့ပါခင်ဗျာ
ကျေးဇူးတင်ပါတယ်(သူရ)

thanks thetlyar
i m easy
please leave me alone(thura)
ဟုတ်ကဲ့အခုလိုပြောပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ(သူရ)

vote ပေးဖို့အတွက် အဆင့်တွေကျော်ဖြတ်လိုက်ရသေးတယ်ဗျ ဖတ်လို့ကောင်းပါတယ် bro

အေးပါကွာ
ငါသိပါတယ်ဟ
ကျေးဇူးလည်းတင်မိတယ်
ဒီထပ်ကောင်းအောင်ကြိုးစားနေတယ် သူငယ်ချင်ရေ(သူရ)

ကျော်ဖြတ်ခဲ့တဲ့နင့်ကိုငါအမြဲသတိတရနဲ့အမှတ်ရနေမိမှာပါlinရယ်(သူရ)

အမုနမးခံပီးထင်မြင်ချက်လေးပေးခဲ့ပါတယ်အကိုရေ
ဇာတ်လမ်းကဘကြာင့်ပြောင်းသွားသလဲဆိုတကြိုသိနိုင်နေတယ်
ဒီထက်ပိုပီးမထင်မှတ်ထားတဲ့အရာနဲ့ပြောင်းသွားတဲ့ကြာင်းပြချက်လေးဆိုပိုဖတ်ကောင်းမယ်ဗျ
ဘာဘဲဖြစ်ဖြစ်ဖတ်လို့ကောင်းပါတယ်အကိုရေ

ဟုတ်ကဲပါဗျ

နောင်လာမဲ့စိတ်ကူးယဉ်တွေကိျုှော်လင့်ရင်း

ဆက်၍ရေးသားရင်းဖြင့်(သူရ)

နင်မျှော်နေမယ်ပြောတော့
ငါရေးချင်စိတ်တို့သည်
စိတ်အစဉ်၌ အမြဲဖြစ်ပေါ်နေမိပါတယ်zerရယ်(သူရ)

ဖတ်​လို့​ကောင်းတယ်​...good

ဟုတ်ကဲံ့မမလေ
ကျေးဇူးပါဗျ(သူရ)

အမြဲတမ်းပဲgoodနေရသူလေးကငါပါပဲ……ဟယ်(သူရ)

အရေးအသား တိုးတက်လာပီ ကိုသူရ

ကြိုးစားရေးနေတယ်ကိုသာအေးရေ
တစ်နှေ့ကိုတစ်လှမ်းခြင်း
ကြာလာရင်ရင်အရေးသားလေးအဆင်ပြေလာမယ်
ယူဆထားမိတယ်ဗျ
ဆက်၍ကြိုးစားနေဦးမယ်(သူရ)

ကောင်းတယ် bro ဖတ်လို့

ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ဗျ(သူရ)

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 62553.97
ETH 1769.55
USDT 1.00
SBD 0.38