{ဆင်ခြင်သုံးသပ်ခြင်း}အပိုင်း(၂)
အချို့သော သူတို့သည် လုပ်ငန်းလုပ်ကိုင်ရာ အစတွင် ဆုံးရှုံးခြင်း များနှင့် ကြုံလာသောအခါ ထိုလုပ်ငန်းသည် အကျိုးအမြတ် တစ်စုံတစ်ရာမရှိ ဆုံးရှုံးနစ်နာလေပြီ ဟု သက်မှတ်လိုက်တက် ကြသည်။လက်ခံနိုင်သည် ဟုဆိုပါသော်လည်း ဘယ်အတွက်ကြောင့် ထိုလုပ်ငန်း သည် မအောင်မြင် ရပါသသလဲဟု ပြန်လည် မသုံးသပ်ပါက ဆုံးရှုံးနစ်နာ၍ မအောင်မြင်ခဲ့ ရခြင်းသည် အချည်းနှီးသာ ဖြစ်သွားလေမည်။မိမိလုပ်ငန်း စီးပွားဖြစ်ထွန်းပြီး အောင်မြင်မူ မရခဲ့ခြင်းကြောင့် စိတ်ပျက်အားငယ် နေမည့်အစား ထိုအမှားအတွက် ဆင်ခြင်သုံးသပ် သင့်ပေသည်။သို့မှသာ နောင်အခါ၌ ထိုသို့ အမှားမျိုးနဲ့ ထက်မကြုံ နိင်တော့ပေ။
လူတို့၏ စိတ်သည် အဆင်မပြေခြင်း တို့၌ ကြုံတွေ့နေခိုက် ကာလအပိုင်းအခြား တစ်ခု၌ မိမိတို့ တချိန်က အခက်အခဲ များစွာ တို့ကို အောင်မြင်စွာနဲ့ ဖြတ်ကျော်လာခဲ့သည့် ပုံရိပ် တို့အား မြင်ယောင် အမှတ်ရခြငး မရှိနိုင်တော့ဘဲ မိမိအကျိုးစီးပွား အောင်မြင် ဖြစ်ထွန်း လာခြင်းမရှိပဲ ဆုံးရှုံး နစ်နာ ပျက်ဆီး ခဲ့ရခြင် တို့၌သာ စိတ်အာရုံသည် စွဲလမ်းကာ မိမိကိုယ်ကို အပြစ်တင်မြင်ခြင်း များစွာတို့ဖြင့် ခွင့်မလွတ်နိုင်ပဲ ထိုအဆိုးမြင် အတွေးထဲ ၌သာ စိတ်သည် မျှောလွှင့်လို့ နေပါတော့သည်။ထိုသို့သော သူတို့သည် အဆုံး၌ မိမိကိုယ်ကို အယုံအကြည်မဲ့ ၍ ကျေနပ်အားရခြင်း မရှိတော့ပဲ ဘဝရှင်သန်ရပ်တည်ခြင်း ဆိုတာ အလာကားပါဟု စိတ်၌ ထင်မှားယုံမှတ် သွားကြတော့လေသည်။
သင်တို့ ဘဝ၌ မည်သည့် အကြောင်းအရာ ကိစ္စမဆို ငါ ရှုံးသွားပြီလို့
သက်မှတ်လိုက် သောအခါ ထိုအရှုံး ဟူသော စိတ်တို့ကြောင့် အရှုံးဘက် သို့သာ ရောက်လို့သွားလေသည်။ငါအောင်မြင်ရမည် ငါကြိုးစားမည် ငါ နိုင်ကိုနိုင်ရမည် ဒီပြသနာ ဒီအခက်အခဲနှင့် ငါရဲ့ ဆုံးရှုံးခြင်း တွေအတွက် ငါပြန်ရအောင် ယူပြီးတော့ ထိပ်ဆုံးသို့ ဆိုတဲ့ အောင်မြင်မူကြီး ဆီသို့ အရောက် လှမ်းကာ ထိုသို့သော စိတ်တို့ကိုမွေးမြူ ၍ ကျင့်ကြံ လိုက်နာ ဆောင်ရွက် နိုင်ပါက အောင်မြင်မူက သင့်ကို စောင့်လို့ ကြိုနေပါလိမ့်မည်။
သင့်၏ ရှုံးနိမ့်မူ တွေကို အောင်မြင်ခြင်း တွေအဖြင့် ပြောင်းလဲ သွားနိုင်ပါသည်။သင်၏ဘဝသာ၌ဆုံးရှုံးနစ်နာခဲ့သမျှအရာတွေကို
ရိုးရှင်းစွာဖြင့် တွေးတောစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ပါ။မည်သူ တစ်ဦးတစ်ယောက် ကိုမျှ အပြစ်မတင်၍ မိမိကိုယ်ကို အပြစ်မမြင်ကာ မိမိ၌ မည်သည့် လိုအပ်ချက် မည်သည့် ချွတ်ယွင်းချက် တွေရှိနေသည် ဆိုတာကို ပြန်လည် ဆန်းစစ် ကြည့်ပါ။မိမိ၏ လိုအပ်ချက် ချွံတ်ယွင်းချက်နှင့် အားနည်းချက် တွေကို အသင့်ဖြစ်အောင် ပြင်ဆင် ဖြည့်ဆည်း ထားပါက နောက်ထက် ဆုံးရှုံးမူများ ဖြစ်လာစရာ အကြောင်းမရှိ တော့ပေ။
သင်လုပ်ကိုင်သောအလုပ်သည် မည်သည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသလည်း မည်သည့်ပုံစံမျိုးဖြင့် ပျက်ဆီးဆုံးရှုံးခဲ့ရသလဲ ဆိုတာတွေကို ဘက်စုံသော ရှု ထောင့်တို့မှ ဆင်ခြင်သုံးသပ် ကြည့်ပါ။ထို့နောက် မိမိ၏ လုပ်ငန်းများ ပြန်လည် အကောင်အထည် ဖော်ရေးအတွက် အစီအစဉ်များ ရေးဆွဲပြီး တစ်ခုခြင်း ဖြေးဖြေးမှန်မှန် လုပ်ဆောင် သွားပါ။မိမိ၏ လုပ်ငန်း များအား မစတင်မှီ မည်သို့ စတင် အကောင်ထည်ဖော် လုပ်ကိုင်ပြီး မည်သို့ အောင်မြင် ပြီးမြောက်အောင် အဆုံးသတ် ရမည် ဆိုတာတွေကို စိတ်အာရုံ၌ ကြိုတင်ကြည့်မြင် တက်ဖို့လည်း လိုအပ်ပေသည်။မိမိလုပ်ဆောင်မည့် လုပ်ငန်းများတွင် ထိုသို့ ဆုံးရှုံး မူတွေနဲ့ မကြုံတွေ့ နိုင်သော နည်းလမ်းများကို ရှာဖွေတွေ့ရှိပါက ဆုံးရှုံးခြင်းတွေ မရှိတော့ပဲ အောင်မြင်ခြင်းတို့ ရောက်ရှိလာမည်ဟု စိတ်၌ ထားရှိကာ လုပ်လက်စ လုပ်ငန်းတို့ကို ဆက်လက် လုပ်ဆောင် သွားရပေမည်။
ဆက်၍တင်ပြခွင့်ပြုပါဦးခင်ဗျာ
MSC:066
photo:my
photo:google
good writing
ကျေးဇူးတင်ပါတယ်ဗျာ
အလည်လာပီဗျာ
ကြိုဆိုလျက်ပါကိုသာ
မင်္ဂလာနံနက်ခင်းပါဗျ
ဆုံးရှုံးမှုမှသင်ခန်းစာယူတာထက် သူများဆုံးရှုံးမှုကနေ သင်ခန်းစာယူရင် သက်သာတာပေါ့
ဟုတ်ကဲ့ပါ ကိုစိုး
ကျွန်နော်ဆင်ခြင်သုံးသပ်ရင်းနဲ့
သင်ယူနေပါတယ်
Good writing
ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်မမို