{ ဆင်ခြင်သုံးသပ်ခြင်း } အပိုင်း ၁
သင်တို့၏ ပတ်ဝန်းကျင်၌ နေထိုင်၍ အလုပ်လုပ်ကိုင် နေကြသော သူတို့၏ လုပ်ကိုင်ရာ လုပ်ငန်းများ ခေတ္တ ခဏရပ်ဆိုင်း၍ အိမ်၌ နားနေသည့် အချိန်ကာလ တို့အား သင်တွေ့မြင်ပါက မိမိ၏စိတ်သည် ထိုသူတို့လောက်မှ ငါသည် ဟန်မကျ နိုင်ပါလား ဟု
တွေးကောင်း တွေးနေပေလိမ့်မည်။မိမိ၏ လုပ်ငန်းသည် အကြောင်းအမျိုးမျိုး တို့ကြောင့် ရပ်နားနေရသည့် ဘဝသို့ ရောက်သည့်အခါတို့၌ သောကများစွာဖြင့်ကာ စိတ်ဓါတ်ကျ ၍ အားငယ်နေပေလိမ့်မည်။
အလုပ်နှင့် ပတ်သက်၍ လူတို့၏ စိတ်နေသဘောထားသည် သူတို့ စိတ်ပါဝင်စားသည့် အရာပေါ်၌သာ စိတ်သည် စွဲမြဲတက်သည့်
သဘော ရှိပေသည်။(steemit)၌အလုပ်လုပ်ကိုင်နေကြသော သင်တို့နှင့် ကျွနုပ်လိုပင်………
သင်တို့သည် အဆင်ပြေနေသည့်အချိန်တို့၌ ပျော်ရွှင် နေကြပေလိမ်မည်။ကျွနုပ်သည် ယခုအချိန်ခါတွင် အလုပ်ကိုင်များ အဆင်မပြေ ဖြစ်နေသည့်အတွက် စိတ်ဓါတ်ကျဆင်း နေလေသည်။
မည်သို့ပင် ဆိုစေကာမူ အလုပ်ကိုင်များ အဆင်မပြေမူတွေနဲ့ ကြုံတွေ့နေရသော အချိန်အခါတို့၌ လူ၏စိတ်သည် ထိုအချိန်ကာလ အခိုက်တန့်လေကို တောင့်ခံနိုင်သောစိတ်ဓါတ် အပြည့်အဝ ရှိဖို့လိုပေလိမ့်မည်။အလုပ်များ အဆင်မပြေသည့် အခိုင့်အတန့်တွင်
နဂိုအချိန်အခါက စုဆောင်းခဲ့သော ငွေကြေးများသည် အလုပ်ပုံမှန် လည်ပတ်လာသော အချိန်အခါထိ စီမံခန့်ခွဲထား တက်ဖို့ရန် လိုပေလိမ့်မည်။သို့မှသာ ဝင်ငွေနှင့်ထွက်ငွေ မမျှသည့်အခါတို့၌
နောက်ဆက်တွဲ ပြသာနာဆိုးကျိုးများ မဖြစ်အောင် ကာကွယ်တာဆီး နိုင်ပေမည်။
သင်တို့၏ အပင်ပန်းဆုံးအချိန်သည် အလုပ် လုပ်ကိုင်နေသည့်အချိန်
ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ကျွနုပ်အတွက် မှာတော့ လုပ်ငန်းလေး အဆင်မပြေသည့်အချိန်တို့နှင့် စိတ်၏ ခံစားမှုတို့ ကြီးစိုးနေသော အချိန်သည် အပင်ပန်းဆုံး ဖြစ်သည်။အလုပ် လုပ်ကိုင်ရခြင်းကြောင့် ပင်ပန်းသည်ဟု ခံယူမထားချေ။အလုပ်သည် လူတို့၏ လူမှုစီးပွားသာမက စိတ်ဓါတ်တွေကိုပါ ပြောင်းလဲမြင့်တင် ပေးနိုင်စွမ်း ရှိလေသည်။လူဆိုသည့် စိတ်သဘာဝသည် တခုခုကို အာရုံ၌ စွဲစွဲလန်းလန်း ဖြစ်နေသည့် အချိန်ကာလတို့တွင် ထိုအာရုံ၌ နစ်မျော နေတက်ကြသော သဘောရှိသည်။
သင်တို့ ကိုယ်တိုင် ထူထောင်ထားသော လုပ်ငန်းများ ပျက်စီးခြင်းဖက်သို့ ရောက်ခဲ့ဖူးကြပါသလား။
လူမူဆက်ဆံရေးဘက်တို့၌ သင်တို့ မည်မျှ လောက် ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ဖူးပါသလဲ။
တစ်စုံတစ်ခုတွက် စွန့်စားဆောင်ရွက်ပြီး ထိုအရာအတွက် အောင်မြင်မှုနဲ့ လွဲချော်ကာ ပြင်းပြင်းထန်ထန် စိတ်ခံစားခဲ့ရဖူး
ပါသလား။
သင်တို့ ဖြတ်သန်းလာခဲ့တဲ့ ဘဝခရီးလမ်း တလျှောက်၌ ကံဆိုးမိုးမှောင် ကျခဲ့သည့် နေ့တွေနဲ့ ကြုံခဲ့ကြဖူးပါသလား။
သင်တို့သည် ဘဝတွင် ဘာတွေဘယ်လိုပဲဖြစ်နေ ဖြစ်ခဲ့ဖူးပါစေ သင်တို့ဘဝ၌ တစ်ကြိမ်တစ်ခါ ဆုံးရှုံးရုံဖြင့် ဘဝတစ်ခုလုံး ဆုံးရှုံးနစ်နာသွားပြီဟု မှတ်ယူမထားပဲ မိမိဘဝ၏အဓိကရည်ရွယ်ချက် ရည်မှန်းချက် တို့ကို အပျက်ဆီးမခံသင့်ပေ။
ကြီးကျယ်ခန်းနားသော အောင်မြင်မှုတို့သည် ရှုံးပွဲမြောက်များစွာ တို့၏ နောက်မှ ရောက်လာတက်သည့် သဘောရှိသည်။ကြီးကြီးမားမား အောင်မြင်မူရချင်ပါက သင်တွေ့ကြုံရမည့် ခက်ခဲမှုဒုက္ခသည် ကြီးမာပေလိမ့်မည်။အဓိကမှာ သင်တို့ဆုံးရှုံးနစ်နာခဲ့သော အရာများအပေါ်၌ ဆင်ခြင်သုံးသပ် တက်ကြဖို့ပင်ဖြစ်သည်။ထိုသို့ ဆင်ခြင်သုံးသပ် ခြင်းဖြင့် ရှေ့ကမှားခဲ့သည့် အမှားမျိုး ထက်၍ မမှားနိုင်တော့ပေ။
ဆက်ရန်ကျန်ရှိပါသဖြင့်
ဆက်လက်တင်ပြခွင့်ပြု
ပါခင်ဗျာ။
MSC:066
photo:my
photo:google
ကောင်းပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ဗျ
ကျေးဇူးတင်ပါတယ်ဗျ
This post was randomly resteemed by @funaddaa!
good
အရှုံးကိုလက်သင့်ခံပြီး အနိုင်ရအောင်ပြန်ကြိုးစားရမှာပါ။
ကျွန်နော်ကြိုးစားသွားပါ့မယ်အကို
လေးစားလျက်ပါဗျာ
ကောင်းမွန်သော ရေးသားချက်လေးတွေပါဗျာ လက်တွေ့လိုက်နာရန်တော့ လိုပါလိမ့်မယ်
လိုက်နာနိုင်အောင်တော့ကြိုးစာရဦးမှာပဲကိုစိုးရယ်
👍👍👍
ကျေးဇူးတင်ပါတယ်ဆရာ
👍👍👍
Thank for sharing
Good post
ကျေးဇူးတင်ပါတယ်@asterkame
မင်္ဂလာနံနက်ခင်းလေးပါနော်
ဆက်လက်တင်ပြခွင့်ပြူ
ကိုသာအေးရဲ့ခွင့်ပြုမိန့်စောင့်နေတာ
ကျေးဇူးကိုသာရေ
good writing
ကျေးဇူးတင်ပါတယ်ညီမ
ကျေးဇူးတင်ပါတယ်ညီမ
Very Good.
ကျေးဇူးတင်ပါတယ်ဗျာ