ဆင်းရဲလာသူ

in #steemit3 years ago

03.jpg
အတွေးနဲ့အရေးဟာ တစ်ထပ်ထဲကျလာတဲ့အခါ ပြောင်မြောက်လှတဲ့ရသတစ်ခုကို ရနိုင်သော်လည်း ဦးနှောက်ထဲ ရှိနေတာတွေကိုတော့ ရေးချလို့တော့မဖြစ် အခြားအကြောင်းကို စဥ်းစားကြည့်တော့ စိတ်ရဲ့အာရုံက အဖန် တလဲလဲ ဒီပုံရိပ်တွေသာ ထင်ဟတ်လို့နေတယ်။စာရေးသူတွေဟာ ခေတ်တစ်ခုရဲ့ အကွေ့အကောက်တွေရဲ့ ဖြစ်ခြင်း ပျက်ခြင်းတွေအပေါ် အခြေခံထားပြီး စာစီဖွဲ့လို့ ရသမြောက်အောင် ရေးတက်ကြသလားတော့မသိပေ။ထက်သန်တဲ့အကြောင်းအရာတွေကိုသာ ရေးချလိုက်ရင်တော့ဖြင့် စာတစ်ပုဒ်လောက်ကိုတော့ အလျှင်အမြန် ပြီးနိုင်ပါတယ်လေ။စိတ်အားထက်သန်တိုင်းသာရေးချလိုက်ရင် ဆဲနည်းပေါင်းစုံနဲ့ ဆဲလို့မပြီးမခြင်း ရေးနေမိပေတော့မယ်။ တော်တန်ရုံလောက်ကို ဆဲလေ့ဆဲထမရှိတဲ့သူတောင် ယခုတော့ နေ့စဥ်နဲ့အမျှ ဆဲရင်း ဆဲရင်းနဲ့ ဆင်းရဲ ဆင်းရဲလို့နေပြီ။လူသာအဆင်းရဲခံပြီး စိတ်တော့အဆင်းရဲမခံနိုင်တဲ့ကျွန်နော်သည် မပြီးဆုံးနိုင်သေးသော ဒီအရေး၌ ဘုရားတပိုင်း အဆဲတစ်လိုင်းနဲ့ နေ့ဓူဝ ရင်ဆိုင် ဖြတ်သန်းပြီး ရှင်သန်နေကြရတဲ့ လူသားများစွာကို စာနာမိရင်း..........
author:thura
photo:google images

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63722.47
ETH 3049.10
USDT 1.00
SBD 4.03