နောက်ကျခဲ့ရပြီ

အလွမ်းဆိုသာ ငါ့အတွက်လား။နောက်ကျခဲ့ရသာ ငါ့အတွက်တော့ သိပ့်မဆန်းလှပါလေ……။
တက်မက်စွဲလမ်းစိတ်တွေကြောင့် သတိရ တမ်းတ လွမ်းဆွေးကြပါလိမ့်မယ်……။စွဲလမ်းစိတ် ကြောင့် အရူးတစ်ယောက်လို ကြေကွဲခံစား နေကြရသူတွေလည်း ရှိရင်ရှိမှာပေါ့လေ……။
လူတွေအားလုံး ချစ်တက်တဲ့အသဲနှလုံးပါရှိကြပါတယ်လေ။ဒီလိုပဲ ကိုယ်ဘက်က မြတ်နိုးစွာနဲ့ တန်ဖိုးထားမိလိုက်တဲ့ သူတစ်ယောက်ကို (ချစ်တယ်) လို့ ဖွင့်ပြောခဲ့ကြမိမှာပါလေ။ဖွင့်ပြောခွင့်လည်းရခဲ့ကြမှာပါ……။
ငါကလေ နင့်ကို(ချစ်တယ်)လို့ ဖွင့်ပြောဖို့ ပြင်ဆင်နေစဲ အချိန်ကာလလေးမှာပဲ… နင့်မှာချစ်သူရှိတယ်လို့ နင့်ဘက်က အရင်ဦးဆုံး ပြောထွက်လာတဲ့ အခါမှာ ငါ့ရဲ့ရင်တွေ ကွဲမတက် ခံစားလိုက်ရတယ်။ဒါကို နင်မသိခဲ့ပါဘူးလေ…။အခု ငါစိတ်ကူးယဉ်နေမိတယ်။တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နင့်ကို (ချစ်တယ်)လို့ နင့်ရှေ့လာပြီး ဖွင့်ဟလိုက်ချင်တယ်။ဒါဟာ ငါ့ရဲ့ဆန္ဒလေးပါ…………
@thura
photo:my
လန်းတယ်
ဟတ်ကဲ့အကို
ကျေးဇူးဗျ