ဒါတွေဟာ သဘာဝပါနော်

in #myanmar7 years ago (edited)

image
ဒါတွေဟာ သဘာဝပါနော်
နင့်ကိုအသိမပေးပဲ နင့်အနားကနေ
ထွက်ခွာသွားခဲ့တဲ့ငါ့ကို မုန်းမေ့လိုက်ပါတော………
နင့်အနားကနေ ငါအဝေးသို့သွားတော့မယ့် အကြောင်းကို
နင့်ကို ပြောခဲ့ချင်ပေမယ့် ငါအကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်လေ
ငါ့နှုတ်ခမ်းကနေ နင့်ကို
နှုတ်ဆက်စကားဆိုနိုင်ဖို့ ငါ့မှာခွန်အားမရှိပါဘူး………………
နင့်ဘက်က ငါ့ကို စိတ်ဆိုးနေမယ်ဆိုတာ သိပါသော်လည်း
ကြိုတင်ဖွင့်မပြောခဲ့တာ ငါ့အပြစ်တွေပဲပေါ့…………
တစ်ချိန်တုန်းက
နင့်အနားမှာ အမြဲနေချင်ခဲ့တာငါပါဟာ
ငါ့စိတ်ထဲမှာ
အမြဲရှိနေခဲ့တာလဲ နင့်ဘေးအနားမှာပဲပေါ့………
ဒါပေမယ့်
ငါတို့နှစ်ယောက်ရဲ့ဘဝတွေဟာ
ယခုတော့ တစ်ယောက်တစ်နေရာ
မတူညီမှုတွေနဲ့ ခြားသွားခဲ့ပြီပေါ့……………
ငါ့ဘက်က မမြင်ရတဲ့ ကံကိုတော့ အပြစ်မတင်ရက်ပါဘူး
နင့်ကိုလည်းအပြစ်မမြင်ရက်ပါဘူး
ငါ့ကိုယ်ငါ့လည်း အပြစ်မတင်မိသလို အပြစ်လည်းမမြင်မိခဲ့ပါဘူလေ
အကြောင်းတရားတွေကြောင့်
အကျိုးတရားများ ဖြစ်ပေါ်လာခဲ့တယ်လို့သာ
ငါဘက်က လက်ခံထားပါတယ်……………
ဒီသဘောတရားတွေဟာ လူဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
လောကမှာ ဘယ်တော့မှ ပြောင်းလဲခြင်းမရှိနိုင်သော
သဘာဝတွေပါလို့ ဖြေသိမ့်ရင်း
နင့်ကိုအမြဲသတိရနေတဲ့………သူရ
Author:@thura
Credit:google images

Sort:  

သဘာဝဟာသဘာဝပါပဲလေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57658.56
ETH 2273.22
USDT 1.00
SBD 2.46