ရိုးရှင်းသော ဘဝ

Image credit-original source
♥ အချစ်လား???
သူကအလည်လာသူလေ...
ကျွန်မဘဝထဲ မရောက်လာအောင်
မာယာ ထီးလေး ဆောင်ထားတယ်။
♕ ဂုဏ်သိက္ခာလား???
သူက တန်ဖိုးမြှင့်တင်ပေးမယ့် ကျေးဇူးရှင်လေ...
ကျွန်မ ရဲ့ ဆရာ ဦးဏှောက် ကို ပုံအပ်ထားတယ်။
❦ ဒုက္ခလား???
သူက ဘဝကို ပညာတွေ သင်ပေးမှာလေ...
ဟာသလေးနှောပြီး စဉ်းစားဆင်ခြင်မှုရောကာ ကြော်စားလိုက်တယ်။
★ ရိုးသားမှုလား???
သူက ကျမလက်တွဲဖော်လေ...
သူ့ကို နေ့တိုင်းလက်ကိုင်ထားပြီး ထိန်သိမ်းထားတယ်လေ။
❆ အသိတရားလား???
သူက ကောင်းချီးသြဘာသံတွေ သယ်ဆောင်လာတဲ့သူလေ...
သူ့ကို သိမ်မွေ့စွာနဲ့ မွေးမြူထားတယ်။
★ ဘဝလား???
သူက သမိုင်းရေးတဲ့သူလေ...
ရိုးသားဖြူစင်မှု နဲ့ ကြိုးစားမှုပေါင်းပြီး
လက်တစ်ကမ်းက ပန်းတိုင်ကို လှမ်းကိုင်နိုင်အောင်
ကြိုးစားနေတယ်လေ။
❦ ကျွန်မလား???
အကျိုးနဲ့အကြောင်းနဲ့ စဉ်းစားကာဆင်ခြင်တယ်
စည်းနဲ့ကမ်းနဲ့ ရိုးသားစွာနေပါတယ်။
ဘ၀လား..ဘ၀ဆိုတာ ဘပိန်မဟုတ်လို့ ကျွန်တော့်အတွက်တော့တော်သေးတယ်။
ဘပိန်ဆို မလွယ်ဘူးနော်