ရွှေနားတော်သွင်းမည့် ....သံချောင်းသံ အပိုင်း(၁၅)
Crd:facebook
အပိုင်း(၁၅)
ချမ်းသာ တို့ ရွာနဲ့နီးနေပြီ ချမ်းသာ လမ်းတလျှောက်လုံး တွေးနေသည်မှာ ရွာနဲ့နီးနေပြီ အတွေးကမရပ်သေး။ အရင်တုန်းက သူ့ဘဝကြောင်းတွေး ရင် ပြုံးနေမိပြန်သည်။ ရွာအဝင်လမ်းပင်ရောက်ချေပြီ "ကား ညာဘက်ကွေ့လိုက်"ဆိုပြီး ရုတ်တရပ် ပြောလိုက်သည်။ လမ်းသည် အတော်လေးကျင်းသည်၊ဘေးမှ ချုံနွယ်များမှာ လမ်းပေါ်သို့ ထိုးထွက်နေသည်။လမ်းတစ်ဝက်လောက်အရောက်မှာကားက ဆက်မောင်းလိုမရ တော့၍ (အတော်ပင်ကျင်းနေ)ခြေလျင်သွားရတော့မည်။ ချမ်းသာ ကားပေါ်မှ ဆင်းပြီး လျှောက်တော့သည်။သူ့တပည့်များ သည် ချမ်းသာ ဘာကြောင်းကိစ္စဖြစ် ဒီနေရာကို လာရခြင်းလဲမသိ၊ကြောင်တောင်တောင်ဖြစ်နေကြသည်။သို့သော် ဘာတခွန်းမှမဟရဲကြပါ။ချမ်းသာမှာ အရင်လို စိတ်ရှည်သည်းခံသောစိတ် မရှိသည်ကို သိကြသည်။ ဤသည်ကိုပင် ကွယ်ရာ၌ " သူဌေးသေလို့ သူဌေးရာထူး ရထားတာ ဘာတခုမှ မရှိဘဲ မာနတက်နေတဲ့ကောင် အလကား အခြေအမြစ်မရှိတဲ့ကောင်"စသည်ဖြစ် လုပ်ငန်းခွင်မှ အလုပ်သမား အချင်းချင်းပြောကြသည်လည်းရှိသည်။
ချမ်းသာ ရပ်တော့ အားလုံးလည်း ရပ်ပြီး ဝေ့ကြည့်ကြသည်။သုသာန် မှ ဂူ တစ်လုံး ၂လုံးလောက်နဲ့ မြေပုံ လေး တွေမှာ အမည်တပ်ထားတဲ့ ဆိုင်းဘုတ် လေးတွေက ဟိုဟိုဒီဒီ မြင်နေရသည်။ ချမ်းသာ မျက်ရည်များ အလိုလိုကျလာပြီး မြေပုံ၂ခုကြား ထိုင်ချလိုက်သည်။ " အဖေနဲ့အမေ ကျုပ်ကို ထကြည့်ပ့အုံး ခင်ဗျားတို့ရဲ့ သားကြီး ချမ်းသာလေဗျာ အခုကျုပ် ချမ်းသာနေပြီ ခင်ဗျားတို့ကို ကျုပ် ပုံမြင်စေချင်သေးဗျာ"ဆိုပြီး ပြောလည်းပြော ငိုလည်းငို နေသည်။ သူ့တပည့် တွေလည်း သူ့ဘဝဇာတ်ကြောင်း လုံးစုံမသိကြ ၊ဤသို့ပြောငိုနေသည်ကို ပင် သနားစိတ်များ ဝင်လာပုံရသည်။တယောက်နဲ့တယောက် ပင်သည်းသည်းကွဲကွဲမမြင်ကြတော့။ မျက်ရည်များ မျက်ဝန်းအိမ်တွင် ကစားနေကြ၍ဖြစ်သည်။ ချမ်းသာမြေပုံ၂ခုကိုရှစ်ခိုးဦးချပြီးလာလမ်းအတိုင်းပြန်လာကြတော့သည်။
ချမ်းသာတို့ကားကြီးပင် ရွာကို ဝင်နေပြီိ ။ချမ်းသာ၏စိတ်ထဲတွင် ငယ်ပုံရိပ်များ တလိမ့်လိမ့်တက်လာသည်။အခုဘဝနဲ့ယှဉ်လျှင် မိုးနဲ့မြေကွာနေသည်မဟုတ်ပ့လား။ ရွားလယ်လမ်းအတိုင်း မောင်းနေသည် ဘေးမှာ ပလေးများပင်အော်၍ကားနောက်ပြေးလိုက်နေကြသည်။ ပျော်နေကြသည်။ ဘယ်သူဘယ်ဝါ သူတို့လေးတွေမသိကြ ဤကဲ့သို့ ကားဝင်လာသည်ကိုပင် မမြင်ဖူးကြ၍ တအံ့တသြပြေးလိုက်နေကြခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း အတိုင်းကားဝင်တော့သည်။ ကားကိုကျောင်းနောက်ဘက်တွင် ရပ်လိုက်သည်။ ဘုန်းကြီးကျောင်းထဲတွင် လူများ အလိုလိုရောက်လာကြသည်။နွေဘက်ဆိုတော့ အလုပ်ကလည်းထွေထွေထူးထူး လုပ်စရာမရှိကြ၊ ကားနဲ့လာသူသည် ဘယ်သူလဲဆိုသည်ကို သိချင်စိတ်များလည်းထိန်းမရသောကြောင့် ရောက်လာကြခြင်းဖြစ်သည်။ တပည့်တယောက်အရင်ဆင်းပြီး ကားပေါက်အားဆွဲဖွင့်ပေးသည်။ ချမ်းသာမှာ ကားပေါ်က ဆင်းပြီး အင်္ကျီကို အသာဆွဲချလိုက်သည်။ မျက်နှာသည်ပင် ပို၍ပြင်းထန်လာသည်။မာကြောကြောငေါက်ဆပ်ဆပ်ပုံ ဖြစ်လက်ဆောင် ပစ္စည်း တွေယူခိုင်းလိုက်သေးသည်။
ရွာမှမိန်းမကြီးတွေ ၊ကလေးတွေ စသဖြင့် ကြည့်နေကြသည်။"သူဌေး လေးတော့ ဘယ်သူနဲ့သိလို့ပါလိမ့် တခါမှလည်းမမြင်ဖူးပါဘူး "စသဖြင့် လက်လှမ်းမှီရာ စမြည်ပြောနေကြသည်။ ချမ်းသာ ၏ပုံမှာ အသားက ဖြူဝင်းဝင်း၊အရပ်ကရှည်ရှည်၊ ဆံပင်က ဘိုကေကိုမှ ဆီလိမ်းူထား၍ပြောင်ပြီးသပ်ရပ်နေပြန်သည်၊ ဥပတိရုပ်ကလည်း ခပ်ဖြောင့်ဖြောင့် ပြောရလျှင် မြို့သားပုံလုံးလုံးပေါက်နေသည်။ သို့ဖြစ်၍လည်း ချမ်းသာအားမမှတ်မိကြခြင်းဖြစ်သည်။
ဆရာတော်ကြီးပင် အသက်ကြီး၍ အလှုပ်အရှားသိပ်မလုပ်နိုင်တော့။ကားဝင်လာသည်ကို သတိထားမိသောကပ္ပရကြီးကတော့ ရေနွေးအိုးကြီးမပြီး မောင်ရင်တို့လာလေ လာကြပါ ဟု နှုတ်ဆက် ကြိုဆိုသည်။ ကပ္ပိရ ကြီး သည်ပင် အသက်များကြီး၍ တကယ့် အဘိုးအရွယ်တောင် လုံးလုံးကြီးကြီးရောက်နေလေပြီ။ ချမ်းသာ မျက်ရည်များ ဝဲတက်လာသည်။အချိန်မှီပြန်ထိန်းထားလိုက်သည်။ ကပ္ပိရ ကြီး၏ ပုခုံးကို အားရပါးရဖက်ပြီး ခေတ်တ ငြိမ်နေသည်။ ပြီးမှ "ကျုပ်မမှတ်မိဘူးလား ကျုပ်ကိုသေချာကြည့်ပ့အုံး " လို့ ပြောတော့ အသေအချာပြန်ကြည့်သည်။ သို့သော်"မောင်ရင် ကျုပ်က အသက်ကြီးတော့မျက်စိတွေသိပ်မကောင်းတော့.." အမှန်တိုင်းပြောရရင် မသိဘူးမောင်ရင်ရ "ကျုပ် ချမ်းသာလေဗျာ ...ချမ်းသာလေ ကြည့်ပ့အုံးဗျ" ဟု အားရပါးရပြန်ပြောတော့မှာ "အော် လူလေး ချမ်းသာ ..ဟာ မင်းနဲ့ကွာပြောင်းလဲလာလိုက်တာ မှတ်တောင်မမှတ်မိဘူးကွ ...လူချောကြီးဖြစ်နေလို့ပ့ပဲကွ"ဟု ပုခုံးလေး ပြန်ပုတ် ပြီး ပြောလေသည်။မျက်ရည်များပင် နေသေးသည်။
အပိုင်း(၁၆)ဆက်မည်
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
အရမ်းကောင်းဗျို
ကျေးဇူးပါရှင့်
စိတ်ဝင်စားဖွယ် ဇတ်လမ်းလေး ..