သတိရပေးပါ

in #love8 years ago

သတိရပေးပါ

တကယ်လို့များ
မမျှော်လင့်တဲ့အခြေအနေတစ်ခုမှာ နင့်အနားမှာငါမရှိတော့ရင် ငါ့အတွက်နင်မငိုပါနဲ့...

ပျော်ရွှင်ရခြင်းတွေ
ဝမ်းနည်းရခြင်းတွေကတော့
နင်ပေးခဲ့တဲ့အမှတ်တရအနေနဲ့ ငါသယ်ဆောင်သွားပါရစေ...

တခါတလေမှာ နင်ပေးတဲ့မေတ္တာတရားတွေက အချစ်ဆုံးသူငယ်ချင်းထက်တောင် ပိုနေမှန်းငါရိပ်မိသလို ငါ့ရဲ့ခင်တွယ်မှုတွေက အရင်းနှီးဆုံးဆိုတဲ့စကားထက်ပိုတယ်ဆိုတာ နင်လည်းသိနေခဲ့မှာပါ...

မရည်ရွယ်ဘဲ ဘဝတစ်ခုပြိုလဲသွားချိန်မှာ
နှစ်သိမ့်မှုတွေနဲ့ ဖေးကူပေးခဲ့တဲ့ နင့်စကားတွေက ငါ့အတွက်ထာဝရပါဘဲ...

ဒီလိုနဲ့ ငါတို့တွေ ဝေးသွားရင် နင့်အနားမှာ ငါဆိုတာမရှိတော့ရင်
တခါတလေတော့ သတိရပေးပါ...
image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61264.97
ETH 1593.01
USDT 1.00
SBD 0.47