ပျော်ပွဲစုံညီဆောင်းရာသီ-၁ (Winter Composed of Many Festival -1)

in #myanmar7 years ago (edited)

မြန်မာပြည်သည် စိမ်းလန်းသော တောတောင်ရေမြေ, သာယာသော သဘာဝရှုခင်းများနှင့်အတူ နွေ မိုး ဆောင်း ဟူသော ညီညွတ်မျှတသည့် ရာသီဥတု သုံးခုကိုလည်း ပိုင်ဆိုင်လျှက်ရှိပါသည်။ ဤကဲ့သို့ ညီညွတ်မျှတလှသည့် ရာသီဥတုသုံးခုထဲတွင်မှ ဆောင်းရာသီကို ကျနော်အလွန်နှစ်သက်မိပါသည်။ အေးချမ်းလှသည့် ဆောင်းရာသီနှင့်အပြိုင် တဖွဲဖွဲကျလာသည့် နှင်းစက်လေးတွေကိုကြည့်ရင်း ပူလောင်မှုတွေ ကင်းဝေးသွားသလိုလည်း ခံစားရပါသည်။ လောကကြီးကို ဖြတ်သန်းရှင်သန်ရင်း နေ့စဉ်နှင့်အမျှ ကြုံတွေ့ရတတ်သည့် အခက်အခဲတွေ, ဘဝအမောတွေနဲ့ တစ်ခါတစ်ရံ ရင်ထဲမှာခိုအောင်းတတ်သည့် သောကအပူမီးတွေသည်လည်း ဆောင်းရာသီမှာ ကျရောက်လာသည့် ငြိမ်းချမ်းလှတဲ့ မြူနှင်းတွေကြားမှာ ပျောက်ကွယ် သွားတတ်ပါသည်။

image
ဆောင်းရာသီရဲ့ မနက်ခင်းတွေမှာ ပါတ်ဝန်းကျင်တစ်ခုလုံး သဲကွဲစွာ မမြင်နိုင်တော့လောက်သည်အထိ ရစ်ဆိုင်းနေတတ်သော မြူ ခိုးမြူမှုန်များကြောင့် ဆိုးရွားလှတဲ့ လောကဓံတွေ ကုန်စင်သွားအောင် ပြည်ဖုံးကားချလိုက်သလိုလည်း ခံစားမိပါသည်။ဆောင်းရာသီမှာကျလာတတ်သည့် နှင်းမှုန်တွေကြား လမ်းလျှောက်ရသည့် ခံစားချက်ကိုလည်း သဘောကျ နှစ်သက်မိပါသည်။ ပွဲလမ်းသဘင်များ, အထိမ်းအမှတ်နေ့များ, အားကစားပွဲများ, နှစ်သစ်ကိုကြိုဆိုသည့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ အစရှိသည့် စုံလင်လှသော ပျော်ပွဲရွှင်များကြောင့်လည်း ဆောင်းရာသီကိုဖြတ်သန်းရသည်မှာ အထူးပျော်ရွှင် ကြည်နူးစရာကောင်းလှပါသည်။ ဆောင်းရာသီတွင် နေထိုင်သွားလာရသည်မှာ စိုစွတ်ခြင်း, ပူပြင်းခြင်းမရှိဘဲ ခြောက်သွေ့အေးချမ်းမှုနှင့်အတူ ကျေးငှက်သာရကာတို့၏ တွန်ကြူးအော်မြည်သံများ, လှပဝေဆာစွာ ဖူးပွင့်နေသည့် ပန်းပွင့်ပန်းခိုင်လေးများ၏ သင်းပျံ့လှသော မွှေးရနံ့လေးများကြောင့်လည်း အလွန်သာယာဖွယ် ကောင်းလှပါသည်။

မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီသို့ဝင်ရောက်လာသည်နှင့် ကျနော်တို့ ပထမဆုံးနွှဲပျော်ကြည်နူးရသည်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ပင် ဖြစ်ပါသည်။ သီတင်းကျွတ်အခါသမယတွင် မိဘ, အဖိုးအဖွါး, ဆရာသမားများနှင့် အသက်ဂုဏ်ဝါကြီးမြတ်လှသည့် အကြီးအကဲများအား လိုက်လံကန်တော့ကြသည်မှာလည်း ကျနော်တို့မြန်မာလူမျိုးများရဲ့ ကြည်နူးစရာ ထုံးတမ်းအစဉ်အလာတစ်ခုပင် ဖြစ်ပါသည်။ ကျနော်တို့အားလုံး လူကြီးမိဘ ဆရာသမားများအပေါ်တွင် တစ်နှစ်တာအတောအတွင်း ကံသုံးပါးထဲမှ တစ်ပါးပါးနှင့် ပြစ်မှားမိခဲ့တာများရှိခဲ့ပါက ပြေပျောက်စေရန်အလို့ငှါ သီတင်းကျွတ်အခါသမယတွင် လက်ဆယ်ဖြာထိပ်မှာမိုးပြီး ဂါရဝပြုရင်း ဝန်ချတောင်းပန်ကြသည်ဟုလည်း ဆိုနိုင်ပါသည်။
အိမ်တိုင်းတွင် ဆီမီးများထွန်းခြင်း, ရပ်ကွက်အလိုက် လမ်းမီးများထွန်းခြင်းဖြင့်လည်း သီတင်းကျွတ်အချိန်အခါကို ကြိုဆိုလေ့ရှိကြပါသည်။
image
ဘုရားစေတီများတွင်လည်း တစ်ဦးတစ်ယောက်ချင်းဖြစ်စေ မိတ်ဆွေအပေါင်းအသင်းများနှင့် အဖွဲ့လိုက်ဖြစ်စေ ဆီမီးပူဇော်ကြသည့် ဓလေ့သည်လည်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အချိန်အခါကိုဖော်ကျူးသည့် ဓလေ့တစ်ခုပင်ဖြစ်ပါသည်။ ကလေးငယ်လေးများအနေနှင့်လည်း တစ်လမ်းဝင် တစ်လမ်းထွက် ဆီမီးထွန်းပွဲများကို လိုက်လံကြည့်ရှုရင်း ပျော်ရွှင်ကြသည်မှာလည်း သီတင်းကျွတ်ချိန်ခါ၏ ကြည်နူးဖွယ်ကောင်းသော အခိုက်အတန့်တစ်ခုဖြစ်ပါသည်။ သီတင်းကျွတ် အချိန်ခါပြီး၍ တန်ဆောင်တိုင်ရောက်သည့်အခါတွင်လည်း အိုးစည်ဒိုးပတ်ဝိုင်းများ, အကအလှကားများဖြင့် ပဒေသဘင်များ စီတန်းလှည့်လည်ခြင်း ဘုန်းတော်ကြီးကျောင်းများတွင် စတုဒီသာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံခြင်း, တန်ဆောင်မုန်းလပြည့် နေ့တွင်လည်း ဆေးပေါင်းခသည့်ပျော်ရွှင်ပွဲလေးများ ပြုလုပ်ခြင်းဖြင့် မရိုးနိုင်အောင် ပျော်ရွှင်ဖွယ်ကောင်းလှပါသည်။

image
မိမိနေထိုင်ရာရပ်ကွက်အလိုက် အဖွဲ့များဖွဲ့ကာ ပဒေသဘင်များသီးပြီး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းကြသည့် ဒါနကုသိုလ်များကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ မွန်မြတ်လှသော စိတ်စေတနာကောင်းများကို တွေ့မြင်နိုင်ပါသည်။ တစ်နှစ်မှတစ်ကြိမ်သာ စုပေါင်းလှူဒါန်းကြရသည့် မဟာဘုံကထိန်ပွဲတော်ကြီးသည် ကျနော်တို့မြန်မာနိုင်ငံတွင်းရှိ နေရာအနှံ့အပြားတိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းလေ့ရှိကြသည်ကို တွေ့မြင်ရသည်မှာ ပီတိဖြစ်ဖွယ်ကောင်းလှပါသည်။ တန်ဆောင်တိုင်ကာလမှ ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်နှင့်အတူ လပြည့်ညတွင်ဆင်နွှဲလေ့ရှိကြသည့် ဘုရားပွဲများ, သီချင်းဆိုပြိုင်ပွဲများနှင့် နိဗ္ဗာန်ဈေးပွဲတော်များသည် ကျနော်နှစ်သက်သော ဆောင်းရာသီကာလတွင်းရှိ ချစ်စရာကောင်းသော ပွဲတော်လေးများပင်ဖြစ်ပါသည်။
Author: @thihakoko
MSC.034
image

Sort:  

ဘိုးတော် ချမ်းချမ်း အေးအေး ပဲရောင်းနေတာလား

ဘာဘိုးတော်လည်း

အိမ်ကဘိုးတော်

အံ့သြဘ

ဘာတွေ အံ့သြ

일 어 나 다

일 어 나 다 = အိပ်ယာထသည်

Good writing

ကျေးဇူးပါ MaMa Mo

Good Article
Thank you

ကျေးဇူးပါခင်ဗျ

အရမ်း​ကောင်းပါတယ်

ကျေးဇူးပါအကို ရေ

နောက်လဲ ကြိုးစား ရေးပါ မယ်

ဆောင်ရာသီကိုရောက်တော့လည်း
တခုခုကိုလွမ်းမိတယ်ကွယ့်

အဘလွမ်းတာ အဖွားကိုမဟုတ်လား ဟဲဟဲ

ဒါတော့ငါတူမှားသွာပြီ
ရိုးရိုး ယဉ်ယဉ် လန်းလန်း လေးကိုမှအဘက
သဘောတွေ့တာကွ
ဟဲဟဲ

လူပျိုဖြစ်ကြောင်းကြော်ငြာဝင်နေတာထင်ပါရဲ့။ ဘေးမှာကွက်လပ်ဆိုတဲ့သဘောပေါ့။

မနောက်ပါနဲ့ ဆရာရယ် တော်ကြာသားမိန်းမက ဆရာတွေးသလိုများ တွေးမိသွားရင် သားဗိုက်ခေါက်ဆွဲလိမ်ခံရလိမ့် မြယ် ဟီး

မနောက်ပါဘူး၊ အတည်ပြောတာ၊ မပြောစေချင်ရင် နောက်ကိုဆင်ဆင်ချင်ချင်တင်၊ ဆရာကတော့တွေ့တိုင်းပြောနေမှာနော်။

ဂိုက်ပေးကတော့ကြမ်းတယ်ဗျို့
အရေးအသားတော့လေးစာတယ်ဗျ

ဟိုးထား brother ဆိုသလောက်လဲ မရေးတတ်ပါဘူး brother ရယ် ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67751.75
ETH 2620.94
USDT 1.00
SBD 2.72