မြင့်မိုရ်ဦးသို့ လွမ်းချင်းsteemCreated with Sketch.

in #myanmar7 years ago (edited)

"အား … အမလေး ၊ သွား…… မလာနဲ့"
တိတ်ဆိတ်သော ပတ်ဝန်းကျင် ညအမှောင်ထုထဲမှာ လူမမယ်ကလေး တစ်ယောက်ရဲ့ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်သံလေး လွှမ်းခြုံသွားသည်။ ထုံးစံအတိုင်း မောင်နေမျိုးလေး ဖျားနေလေပြီ၊ လူမှန်းသိတတ်စအရွယ်တည်းက ဖျားနာလျင် အိမ်မက်ဆိုးများ မက်ပြီး လန့်နိုးတတ်သည်မှာ မောင်နေမျိုးရဲ့ အကျင့်ဖြစ်သည်။ သည်နေ့ညနေပိုင်းလောက်မှ ကိုယ်ပူရှိန်တက်ပြီး ဖျားချင်သလိုဖြစ်ကာ" အိမ်ပြန်ချင်တယ် " ဟုသာ တဂျီဂျီ ပူဆာနေသော မောင်နေမျိုး ကို အဒေါ်ဖြစ်သူလည်း ဘာမှမတတ်နိုင်ဘဲ အကိုနဲ့ အစ်မသာရှိတဲ့ မောင်နေမျိုး ရဲ့ အိမ်ကို ပြန်ပို့ပေးခဲ့ရသည်။ မိသားစုဝင် ၅ ဦးရှိတဲ့ မောင်နေမျိုးရဲ့ အိမ်မှာ သည်ကလေးလေးက အငယ်ဆုံးဖြစ်သည်။ အဖေနဲ့အမေမှာ အရောင်းဝယ် ကိစ္စဖြင့် နယ်တကာလှည့်ကာ သွားလာရောင်းဝယ်နေရ၍ အိမ်တွင် မောင်နှမ သုံးယောက်သာရှိသည်။ အစ်မအကြီးမှာ မိုးလင်းမှ မိုးချုပ် စက်ရုံအလုပ်ဆင်းရပြီး အစ်ကိုဖြစ်သူကတော့ အဆုတ်ရောဂါဖြစ်ပြီး ဆေးကုနေရရှာသည်။

ဒုတိယတန်းဖြစ်တဲ့ မူလတန်းကျောင်းသား အရွယ်ဆိုတာ မိဘရင်ခွင်မှာ ခိုလှုံပြီး ပညာရှာရမည့် အရွယ်ဖြစ်ပေမယ့် ထိုအခွင့်ရေးကို မောင်နေမျိုးလေးမှာ မရခဲ့ရှာပေ ။စက်ရုံမှာအလုပ်ဆင်းနေတဲ့ အစ်မနှင့် ရောဂါဖြစ်နေတဲ့ အစ်ကိုကြားမှာ ကျောင်းတက်ရန် မဖြစ်သော မောင်နေမျိုးလေးကို အဒေါ်ဖြစ်သူမှ ခေါ်ယူကာ ကျောင်းထား ပေးရှာသည်။ အတော်အသင့် ပြည့်စုံချမ်းသာစွာ နေနိုင်သော အဒေါ်မိသားစုမှာ မောင်နေမျိုးလေးကို ချစ်လည်းချစ်ရှာပါသည်။ ကျောင်းမုန့်ဖိုးကအစ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပြီး မျက်နှာမငယ် ရအောင်လဲ ထားရှာပါသည်။ သို့ပေမဲ့ သိတတ်နေပြီဖြစ်သော မောင်နေမျိုးလေးရဲ့ မိဘရင်ခွင်မှာသာ ခိုလှုံပြီး မိသားစုနှင့် အတူတကွ နေချင်မိသော ဆန္ဒလေးကို တားလိုမရနိုင်ပေ။ စီးပွားရေး လောကရှိ ပြိုင်ဘက်များရဲ့ ဈေးဖျက်မှု့ကြောင့် အရောင်းဝယ်လောကတွင် အရှုံးပေါ်နှောင့်နှေးနေသော မောင်နေမျိုးရဲ့ မိဘများမှာ နယ်တွင်မိမိတို့ တင်သွားသော ကုန်ပစ္စည်းများကို ငွေပေါ်စေရန်သာ အချိန်ယူရောင်းချနေကြရသည်။ လနှင့်ချီပြီးကြာနေသော မိဘများကို သတိရလွမ်းဆွတ်ကာ အမြန်ပြန်လာစေခြင်သည်။

"ဖေကြီးနဲ့မေကြီး ဘယ်တော့ပြန်လာမှာလဲ" ဟု မောင်နေမျိုးလေး မေးတိုင်း "သားကျောင်းဖွင့်ချိန်အမီ ပြန်လာမှာပါ" ဟု အစ်ကိုနဲ့အစ်မက ပြောခဲ့သော်လည်း အခုတော့ ကျောင်းတွေဖွင့်လို့ အဒေါ်အိမ်မှာနေပြီးပင် ကျောင်းတက်နေရလေပြီ။ အဖေနဲ့အမေကတော့ ပြန်မလာနိုင်သေးပေ။ ဒီနေ့ညနေ မောင်နေမျိုးလေး ကျောင်းဆင်းချိန်မှာ အိမ်နီးနားချင်း ဦးလေးကြီးများရဲ့ မညှာမတာ စနောက်မှု့များကြောင့် မောင်နေမျိုးလေး အတော်ပင် စိတ်ထိခိုက်သွားရရှာသည်။ "မင့်အဖေနဲ့အမေက နယ်မှာအကြွေးတွေ ပတ်လည်ဝိုင်းနေပြီ၊ တော်တော်နှင့် ပြန်လာမှာ မဟုတ်တော့ဘူး” ဟု လူကြီးများရဲ့ အမှတ်မထင် စနောက်သံသည် မိဘမေတ္တာ ငတ်မွတ်နေပြီး အဖေနဲ့အမေ ပြန်လာမယ့်ရက်ကိုသာ နေ့စဉ်ရေတွက်နေရှာတဲ့ နုနယ်လွန်းတဲ့ ကလေးတစ်ယောက်၏ ရင်ထဲ၌ မည်မျှ ထိခိုက်ကြေမွသွားမည်ဆိုတာ သူတို့မသိပေ။

ကျောင်းကပြန်လာကတည်းက မျက်နှာမကောင်းတဲ့ မောင်နေမျိုးလေးမှာ စိတ်ထိခိုက်လွန်းပြီး ဖျားပါဖျားလေတော့သည်။ ဒီအချိန်မှာ သူအတောင့်တဆုံးအရာကတော့ မိသားစုရဲ့ ဂရုစိုက်စောင့်ရှောက်မှုဖြစ်သည်။ မိဘတွေ ပြန်မလာသေးပေမဲ့ အစ်ကိုနဲ့အစ်မ ရှိတဲ့အိမ်ကိုသာ ပြန်ချင်မိသည်။ အဒေါ်ဖြစ်သူကလည်း တားမရတဲ့အဆုံး အစားဝင်အောင်ကျွေးပြီး ဆေးတိုက်ကာ အိမ်ပြန်ပို့ပေးရလေသည်။ မောင်နေမျိုးလေး အိမ်ရောက်တော့ ညနေပိုင်းဖြစ်၍ စက်ရုံမှာအလုပ်ဆင်းနေသော အစ်မကြီးမှာပြန်မရောက်သေးချေ။ ကျန်းမာရေး မကောင်းသောအစ်ကိုရဲ့ ချော့သိပ်မှုဖြင့်သာ မောင်နေမျိုးလေး အိပ်ပျော်သွားရရှာသည်။
image

စရိုက်စုံလူစုံနေသော ရက်ကွက်လေးဖြစ်၍့ ညမိုးချုပ်မှ စက်ရုံကပြန်လာရသော မောင်နေမျိုးရဲ့ အစ်မကြီးကို ကျန်းမရေးမကောင်းရှာတဲ့ အစ်ကိုကပဲနေ့စဉ် သွားကြိုရသည်။ စိတ်ထိခိုက်စွာဖြင့် တစ်ကျိုးတည်း အိပ်ပျော်သွားသော မောင်နေမျိုးလေးကို စိတ်မချပေမဲ့လည်း အိမ်ပြင်ဘက်မှ သော့ခတ်ထားခဲ့ပြီး အစ်ကိုဖြစ်သူမှ အစ်မကြီးကို သွားကြိုရသည်။ နေမကောင်းချိန်အိပ်တိုင်း အိမ်မက်ဆိုးများဖြင့် လန့်နိုးတတ်သော မောင်နေမျိုးလေးမှာ ယခုခါမှာလည်း မှောင်မည်းနေသော အိမ်ကြီးထဲမှာ အားငယ်မှု ၊ ကြောက်ရွံ့မှုတို့နှင့်အတူ အစ်ကိုနဲ့အစ်မ အမြန်ပြန်ရောက်ပါစေဟုသာ တတွတ်တွတ်ရေရွတ်နေမိတော့သည်။ တလိမ့်လိမ့်စီးကျလာသော ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ရင်း အဖေနဲ့အမေကိုသာ မြင်ယောင်နေမိသည်။ အဖေနဲ့အမေသာရှိရင် ဒီလောက်ထိကြောက်ရွံ့ ရမည်မဟုတ်ဟု ကလေးအတွးလေးဖြင့်တွေးရင်း အမြန်ပြန်လာစေခြင်မိသည်။ ဒီတစ်ခါပြန်လာရင် အဝေးကြီးတွေထပ်မသွားဘဲ သားအနားဘဲ နေရန်ပူဆာရမည်ဟုတွေးရင်း အမြန်ပြန်အိပ်ပျော်ရန်သာ ကြိုးစားနေမိတော့သည်။
Own writer; @thihakoko
image

Sort:  

Congratulations @thihakoko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @thihakoko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57868.91
ETH 2362.75
USDT 1.00
SBD 2.36