အရက်
"ဦးမြင့်မောင်ကြီး ဆုံးပြီ"
ရပ်ကွက်ထဲမှ ပြန်လာသော မေမေရဲ့ အံ့သြတကြီး ရေရွတ်သံကို ကျနော် အလုပ်သွားဖို့ ပြင်နေရင်းမှ ကြားလိုက်ရသည်။ကျနော် အလုပ်မသွားခင်မနက်စာ စားသွားရန် ရပ်ကွက်ထဲ မုန့်ဟင်းခါး ထွက်ဝယ်ရင်း ဦးမြင့်မောင် ဆုံးသည့်သတင်းကို မေမေကြားလာခဲ့ခြင်း ဖြစ်သည်။ဦးမြင့်မောင် ဆိုသူမှာ တခြားသူမဟုတ်။လွန်ခဲ့တဲ့ ၂နှစ်လောက်ထိ ရပ်ကွက်ထဲရှိ မည်သည့်သာရေးနာရေး ကိစ္စကိုမဆို ငွေအင်အားရော လူအင်အားပါစိုက်ထုတ်ကာ အားတက်သရော လုပ်ဆောင်လေ့ရှိသည့် ကျနော်တို့နှင့်လည်း ဆွေမျိုးမကင်း တော်စပ်သူ တစ်ယောက်ဖြစ်သည်။ယခု ဦးမြင့်မောင် ဆုံးသည်မှာ အသက်၄၀ကျော် အရွယ်သာ ရှိသေးသည်။လူလတ်ပိုင်း အရွယ်ကောင်းသည့်အချိန် ဦးမြင့်မောင်သေဆုံးရသည့် တရားခံမှာ အရက်ကြောင့် ဖြစ်သည်။မဆုံးခင်၂နှစ်အတွင်း နေ့နေ့ညည အရက်ဖြင့်သာ ကုန်ဆုံးခဲ့သော ဦးမြင့်မောင်သည် သူလုပ်နေကျ လုပ်ငန်းအားလုံးလည်း ပျက်ကွက်ခဲ့ပြီး အရက်ကျေးကျွန်လုံးလုံးဖြစ်ခဲ့သည်မှာ လွန်စွာ နှမြောဖွယ်ကောင်းလှပါသည်။

စီးပွါးရေး ကျဆင်းမှုကို အခြေပြုပြီး ဦးမြင့်မောင် အရက်သမား ဖြစ်ခဲ့သည်မှာ ၂နှစ်ကျော်ရှိခဲ့ပါသည်။ဇနီးနှင့်ပါ ကွဲကွာသွားခဲ့သော ဦးမြင့်မောင်မှာ ထိန်းကွပ်ပေးမည့်သူပါမရှိတော့၍ အရက်သမားလုံးလုံး ဖြစ်ရန် ပိုပြီးအကြောင်းဖန်လာပါသည်။ဦးလေးလည်းဖြစ် ရပ်ကွက်အတွက် အရေးပါလှသူတစ်ဦးလည်း ဖြစ်ခဲ့သောကြောင့် ကျနော့် အဖေ အမေ အပါအဝင် ကျနော်တို့ ရပ်ကွက်တွင်းရှိ လူကြီးသူမများအားလုံး ဦးမြင့်မောင်ကို အရက်ရဲ့ကျေးကျွန် မဖြစ်စေရန် တားမြစ်ခဲ့ကြပါသည်။သို့ပေမယ့် သူ့၏ငွေကြေး အခက်အခဲနှင့် မိသားစုအပူသောကကို အရက်နှင့်ပင် ဖြေဖျောက်ရမည်ဆိုကာ နေ့နေ့ညညသောက်ခဲ့ပါသည်။

ပူပင်သောကတွေနဲ့ လုံးပမ်းနေရတဲ့ ဦးမြင့်မောင်ဟာ အစပိုင်းမှာ သူငယ်ချင်းများနှင့် စိတ်သက်သာရာ ရလိုရငြားအနေနဲ့ အပျာ်တမ်း သောက်ဖြစ်ခဲ့တာ ကျနော်တို့ သတိထားမိခဲ့ပါတယ်။ထိုမှတစ်ဆင့် ပျော်ခြင်လို့သောက်တယ် စိတ်ညစ်လို့သောက်တယ် ပျင်းလို့သောက်တယ်နဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သောက်ခဲ့တဲ့ ဦးမြင့်မောင်ဟာ ပင်လယ်ရေ သောက်နေရသလို သောက်လေ ငတ်မပြေတဲ့ အရက်ပင်လယ်ထဲမှာ မျောနေမိသလို ဖြစ်နေရင်းနဲ့ သူကိုယ်တိုင် သတိမထားမိဘဲ အရက်သမားကြီး လုံးလုံးဖြစ်နေမိပါတော့တယ်။
မိသားစုရဲ့ စွန့်ပစ်မှုကြောင့် အထီးကျန်နေရတဲ့ ဦးမြင့်မောင်ဟာ အပေါင်းအသင်းတွေနဲ့ ညနေပိုင်းစသောက်ရာကနေ ခြေတုန်လက်တုန်ဖြစ်နေတာ အကြောင်းပြပြီး မနက်ပိုင်းတွေပါ သောက်ဖြစ်လာပါတယ်။အချိန်ကြာလာသည်နှင့်အမျှ တစ်နေကုန်သောက်တဲ့ အရက်သမားကြီးဘဝကို ရောက်ခဲ့ပါတော့တယ်။တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ကျဆင်းပြီး အရိုးပေါ် အရေဖုံးနေတဲ့ ဦးမြင့်မောင်ဟာ စားဖို့ထက် သောက်ဖို့ကိုသာ ဦးစားပေးလာတာကို ဝမ်းနည်းဖွယ်တွေ့ခဲ့ရပါတယ်။ကျဆင်းသွားတဲ့ စီးပွါးရေးကို ပြန်ထူထောင်ရန် မကြိုးစားတော့ဘဲ မနက်မိုးလင်းသည်နှင့် အရက်ဆိုင်ကိုသာ ခြေဦးလှည့်နေပါတော့တယ်။သူလုပ်နေကျ သာရေးနာရေးအလုပ်တွေ မဆိုထားနှင့် သူရဲ့လုပ်ငန်းတစ်ခုလုံးကိုပါ ပစ်ထားရတဲ့အထိပင် မိုက်မိုက်မဲမဲ သောက်ဖြစ်နေပါတယ်။
"လူကြီးတွေ ပြောပြောနေတဲ့ ဆန်ကုန်မြေလေးဆိုတာ ငါဖြစ်နေပြီ" လို့လည်း ကျနော်တို့ကို ဝမ်းနည်းစွာ ပြောလေ့ရှိတဲ့ ဦးမြင့်မောင်ဟာ အရက်ဆိုင်ကို ရောက်ဖို့တောင်ဖြည်းဖြည်းချင်း လျှောက်နေရပြီး လမ်းမလျှောက်နိုင်တဲ့ တစ်နေ့အိပ်ယာထဲ လဲနေချိန်ရောက်မှ သူ့ရဲ့ရခဲလှတဲ့ လူ့ဘဝကို အရက်ကြောင့် ကုန်ဆုံးတော့မည်ကိုတွေးရင်း နောင်တရနေရှာပါတယ်။နောင်တဆိုတာ အချိန်ကုန်လွန်မှ ရတဲ့အရာဖြစ်လို့ ဦးမြင့်မောင်အတွက် အရမ်းကိုနောက်ကျသွားခဲ့ပါပြီ။ဒါ့ကြောင့်အရက်သောက်ဖြစ်နေကြတဲ့ ညီအစ်ကိုများကို မသောက်ကြဖို့ ကျနော်တားမြစ်ခြင်ပေမယ့် မနေနိုင်လို့ သောက်ဖြစ်ခဲ့ရင်တောင် အရက်ရဲ့ကျေးကျွန်မဖြစ်ဖို့ အရက်က ကိုယ့်ကိုမနိုင်ဖို့ သတိပြုပြောကြားလိုပါတယ်။ကိုယ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို မပျက်ကွက်စေဘဲ အရက်သောက်ရမယ်ဆိုတဲ့ အစွဲအလမ်းမျိုးမရှိအောင် "သောက်ခြင်တဲ့နေ့ သောက်မယ် မသောက်ခြင်တဲ့နေ့ မသောက်ဘူး"ဆိုတဲ့ အတွေးမျိုးနဲ့သာ အရက်ကိုသောက်စေခြင်ပါတယ်။ဒါမှသာ အရက်က ကိုယ့်ကို နိုင်သွားမယ့် အရက်သမားလုံးလုံး ဖြစ်မယ့်နေ့ဆိုတာ မရောက်လာနိုင်တော့မှာပါ။ အရက်သောက်ပြီးတိုင်း ထမင်းစားဖြစ်အောင် စားခြင်းဖြင့်လည်း ကျန်းမာရေးမထိခိုက်အောင် ဆင်ခြင်နေထိုင်လို့ ရနိုင်ပါတယ်။အရက်ကြောင့် ဆုံးရှုံး နစ်နာမှုများမှ လူတိုင်းကင်းကွာ နိုင်စေရန်နှင့် အရက်ကြိုက်နှစ်သက်သူများလည်း ဆေးဖြစ်ဝါးဖြစ်သာ သောက်သုံးခြင်းဖြင့် ရခဲလှတဲ့ လူ့ဘဝကို မိသားစု မိတ်ဆွေများနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ကြစေရန် အကြံပြုရေးသားလိုက်ပါတယ်။
photo #CRD google
Own writer : @thihakoko
စိတ်မနိုင်ရင် မစသင့်တဲ့အထဲမှာ အရက်လည်းပါတယ်။ အခုခေတ်အရက်တွေပိုဆိုးတယ်ဗျ။ ဓားကိုဖျက် ၀ါးမြက် လူကိုဖျက်အရက် ဆိုတာတောင်ရှိပါတယ် သတိပြုဆင်ခြင်စရာပါဗျာ
ဟုတ်တယ် အကိုရေ
Good day @thihakoko I appreciate all the info and hard work thank you :) Love it. Followed
thank you
အရက်သောက်တဲ့သူဆို
အမရေ တန်းလန်းကြီး ဆက်ပြောလေ လို့။ အဟီး။
အေး ဆို
ဆက်ပြောလေ အစ်မ
သြော် အရက် အရက်
အရက်အရက် သောက်ရင်မူးပါလားကွာ😂😂😂😂
ဟုတ်ပါ့ ဟုတ်ပါ့ ဟီး.....
good post
thank you sis
ကျွန်တော်တို့ညောင်ရမ်းက လူတွေက အရက်သိပ်မသောက်ကြဘူးဗျ။
၅ရက်တစ်ကြိမ်မှ ဘီယာ၊အရက်သီးသန့် SKAT ကား နှစ်စီးတိုက်လောက်ပဲ သောက်တာပါ။
ခုခေတ်ကြီးမှာ ကြီးကြီးငယ်ငယ် အရက်မသောက်တဲ့သူ တော်တော်ရှားသကိုး!
ကျနော်လဲ အရက်ဖျက်ထားတယ် ဗျ ငှဲ့ နေတဲ့ ချိန်ဆို သောက်ဖူး ရယ်
အရက်မသောက်ခင်လဲ စားတယ် ၊ သောက်နေတုန်းလဲစားတယ်၊ သောက်ပြီးလဲစားတယ်၊ ဟဲ ဟဲ။
Nice poste.
ဟီး
အမြည်းပဲ စားတဲ့ သူကတော့ ဘုံရန်သူပဲ
တခွက်ခြားထားဦးမှပါ
ဟီး
ဆရာကလဲ နောက်တတ်သား
Good.အရက်ရဲ့ကျေးကျွန်ဘ၀မှ လွတ်မြောက်နိုင်ကြပါစေ။
တန်ဆေးလွန်ဘေးဆိုသလိုပေါ့ဗျ
အရက်တော့သောက်မယ်ကိုမစဉ်းစားဘူးဘီယာလောက်ပဲ
ကောင်းပါတယ်
သန်ရာသန်ရာပေါ့ နော် ကျနော် ကတော့ မသောက်တော့ တာ တစ်နှစ်ကျော်ခဲ့ ပြီ