Japan

in #myanmar7 years ago (edited)

(ဟီတာချီမြို့လေးရဲ့ ဘူတာရုံ ဓာတ်လှေကား
နားမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေး
၂ ယောက် . . .မှန်ချပ်ထဲက သူတို့ပုံရိပ်တွေ
ကိုကြည့်ရင်း အကကျင့်နေကြတယ် ထင်တယ်
. . . သူတို့ feel နဲ့သူတို့ဟုတ်နေတာပဲ . . .
Hip Hop အကလို့ဆိုရမလားပဲ . . ။လမ်းသွား
လမ်းလာတွေကလည်း သူတို့ကို သတိပြုမိပေ
မယ့် . . . သိပ်အာရုံမထားကြပါဘူး . . .
နောက်တစ်ခါ ဘူတာရုံအပြင်ဘက်မှာ . .
ကျောင်းဝတ်စုံလေးနဲ့ ကျောင်းသားလေးတစ်
ယောက် သစ်ပင်အုတ်ခုံလေးကိုမှီရင်း . . .
ဂစ်တာတီးပြီး သီချင်းဆိုနေတာ . . . ဘေးက
ကျောင်းသူလေးတစ်အုပ်က ဝိုင်းကြည့်ရင်း . .
ဖုန်းကင်မရာလေးတွေနဲ့ မှတ်တမ်းယူနေကြသ
ဗျ . . . ။ ကလေးမလေးတွေရဲ့ Idol ပေါ့လေ
. . . ။ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့စဉ်က မြင်ခဲ့
ရတဲ့မြင်ကွင်းလေးတစ်ချို့ပါ ။ သူတို့တွေရဲ့
လူနေမှုဘဝက ကျနော်တို့မြန်မာနိုင်ငံသား
တွေနဲ့ယှဉ်လိုက်ရင် အေးချမ်းတယ်လို့
ထင်မိပါတယ် ။ စိတ်သန်ရာ ဝါသနာလေးတွေ
ကို လုပ်ရင်း ပတ်ဝန်းကျင်အပေါ် အနှောက်အယှက်မဖြစ်စေကြတာကိုလည်း
တွေ့ရပါတယ် ။) မနေ့က steemit ပေါ်မှာ @vcelier ရဲ့
ဂျပန်လူမျိုးတို့ရဲ့စည်းကမ်း အကြောင်းရေးထားတာကိုဖတ်မိရင်း
ကျနော်ရောက်ခဲ့စဉ်က အချိန်တွေ
ကို ပြန်အမှတ်ရမိပါတယ် ။ ဆောင်းပါးရှင်
@vcelier ရေးထားတဲ့ Post ကိုလည်း
တတ်စွမ်းသရွေ့ ပြန်ဆိုတင်ပြလိုက်ရပါတယ်။

ဂျပန်လူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ ကျနော်တို့
နဲ့တော်တော်လေးကွာခြားပါတယ် ။ တစ်ချို့
က ဘယ်လိုတောင်ပြောသလဲဆိုရင် . . . ကျနော်တို့နဲ့ 
လုံးဝကိုဆန့်ကျင်ဘက်လို့ကို ပြောကြပါတယ်။ ဂျပန်နိုင်ငံအကြောင်း
အစိမ်းသက်သက်လူတစ်ယောက်အဖို့
အမှန်တကယ်ရောက်ရှိသွားတဲ့အချိန်မှာ
ရှင်းရှင်းလင်းလင်း သိလိုက်ရပါတော့တယ်။
လူအများနဲ့သက်ဆိုင်တဲ့ Public places လို
နေရာမျိုးမှာ ကျင့်သုံးကြတဲ့သူတို့ရဲ့ အပြုအမူ
တွေကြောင့် အတော်လေးကို အံ့သြရပါတယ်။
တိုကျိုမြို့ကို ခြေချလိုက်တယ်ဆိုရင်ပဲ တစ်ခု
သတိပြုမိတာက လူတိုင်းဟာ လမ်းဘေး
ပလက်ဖောင်းပေါ်မှာပဲ ဘေးကပ်လျှောက်ကြ
ပြီး လမ်းဖြတ်ကူးဖို့အတွက် လူရုပ်ကလေး
စိမ်းတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ကြ
တာကိုတွေ့ရပါတယ်။ ညအချိန်လိုမျိုး
လမ်းပေါ်မှာ ကားတွေရှင်းလင်းနေတဲ့အချိန်
တစ်ခါတစ်လေ မိုးတွေသည်းသည်းမည်းမည်း
ရွာနေတဲ့အချိန်မျိုးမှာတောင် လမ်းဖြတ်ကူး
ခွင့်ရဖို့ စောင့်ကြပါတယ် ။ ဘာဖြစ်လို့လဲဆို
တော့ ဒါကစည်းကမ်းသတ်မှတ်ထားလို့ပါ။

DQmbBpDohxnxvSBFYUMWXVnfiDoc3ACe7VnxJ24qG4nHPuz.jpg

စည်းကမ်းတွေနဲ့ပတ်သက်ပြီး ပုန်ကန်ချင်စိတ်
ရှိတဲ့ နိုင်ငံခြားသားတစ်ချို့ကတော့
ဘာဖြစ်ဖြစ်ဆိုပြီး လမ်းဖြတ်ကူးကြတာကို
တွေ့ရပါတယ်။ ဂျပန်တွေကတော့ သူတို့ကို
ဘာမှမပြောပေမယ့် မျက်လုံးတွေမှာ ထိတ်လန့်
တဲ့အရိပ်အယောင်တွေရှိကြပါတယ်။ ကျနော်
ကတော့ သူတို့နဲ့အတူ စောင့်နေပါတယ် ။
သူတို့တွေကိုလေးစားခြင်းဟာ သူတို့ရဲ့
ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို လေးစားခြင်း
ပဲဖြစ်ပါတယ်။

Video Credit ; Youtube

ကျယ်ပြောလှတဲ့ လမ်းဆုံကြီးတွေရဲ့
လေးဖက်လေးတန်ကနေထောင့်ဖြတ် လူကူးမျဉ်းတွေအတိုင်း လူအုပ်ကြီးက
ဖြတ်သန်းသွားကြပါတယ် ။ တစ်ချိန်တည်းမှာ
ထောင်နဲ့ချီတဲ့ လူအုပ်ကြီး ဖြတ်ကူး
သွားကြတာကို မြင်ရတာ အံ့သြစရာ
ကောင်းလှသလို ဒီလောက်များတဲ့
လူအုပ်ကြီး ဖြတ်သန်းသွားကြရင် တစ်ယောက်
နဲ့တစ်ယောက်တိုးဝှေ့ပြီး ရုန်းရင်းဆန်ခတ်
ဖြစ်လိမ့်မယ်လို့ထင်မိစရာပါ။ တကယ်ပါ
ဘာမှကို မဖြစ်တာပါ . . ထောင်သောင်းချီတဲ့ လူစီးကြောင်းကြီးတွေဟာ တစ်ဖက်နဲ့တစ်ဖက်
ဆုံတွေ့ကြတယ် . . .တစ်ခုကို တစ်ခုဖြတ်သွား
ကြတယ် . . . ရောစပ်သွားကြတယ် ပြီးတော့
သပ်သပ်စီကွဲပြားသွားကြတယ်။ Shibuya
လမ်းဆုံလိုနေရာမျိုးမှာတော့ လုံးဝကိုအထင်
ကြီးစရာပါပဲ။ သောကြာနေ့ည တစ်ည
အဲဒီနေရာမှာ လမ်းဖြတ်ကူးကြည့်မိတာ. .
ကျနော့်အနေနဲ့ လူအုပ်ကြီးရဲ့ကြားထဲမှာ
စိုးရွံ့မိသလိုမျိုးဖြစ်မိပါတယ်။

DQmQp6tfscGUqd27fYVVfZqLc5Z2vvHcrcyEbC8VwaTqPPC_1680x8400.jpg

Photo source @ japon

တိုကျိုမှာရှိတဲ့ တစ်ချို့ရထားဘူတာရုံတွေနဲ့
မြေအောက်ဘူတာရုံတွေမှာ နေ့စဉ်
လူသန်းနဲ့ချီပြီ သွားလာလှုပ်ရှားကြပါတယ်။
လူသွားစင်္ကြန်တွေနဲ့ လှေကားတွေမှာ
လူတွေဟာ မိမိရဲ့ဘယ်ဘက်ခြမ်းမှာပဲ ကပ်ပြီး
တန်းစီသွားနေကြတာကို တွေ့မြင်ရမှာပါ ။
လူတွေမနဲမနော သွားနေတဲ့အချိန်မှာတောင်
ပုံစံပျက်မသွားပဲ တန်းစီလျက်သား ဖြစ်နေတာ
ကိုတွေ့ရမှာပါ။

နောက်တစ်ခါ ဘူတာရုံစင်္ကြန်ပေါ်မှာ သူတို့တွေ
ကျင့်သုံးကြတဲ့ အမူအကျင့်တွေဟာလည်း
တကယ်ကို အံ့သြစရာပါ ။ကြမ်းပြင်တွေမှာ
တံခါးပွင့်လာမယ့်နေရာကို ပြထားပါတယ်။
လူတွေကတော့ သတ်မှတ်ထားတဲ့ မျဉ်း ၂
ကြောင်းနေရာမှာပဲ စောင့်ကြပါတယ် . . .
ရထားဆိုက်လာတဲ့အခါ တံခါးပွင့်သွားပြီး
ခရီးသည်တွေအရင်ဆင်းပြီးမှ အပြင်ကလူတွေ
ရထားပေါ်တက်ကြပါတယ်။ နေရာလွတ်မရှိ
တော့ရင်လည်း တွန်းတိုးပြီးတက်စီးလေ့
မရှိကြပါဘူး . . . နောက်ရထားတစ်စီးအလာ
ကို စိတ်ရှည်လက်ရှည်စောင့်ကြပါတယ်။

DQmZs4rGGUADCqVeAnxtRLuRvahGgj872LegmSLNw5SRH8Q.jpg

photo source ;@japon

ဂျပန်တွေရဲ့ စည်းကမ်းရှိမှုတွေကို ထပ်ပြော
ရမယ်ဆိုရင် ဥပမာ စတိုးဆိုင်တွေနဲ့ စားသောက်
ဆိုင်တွေမှာ တန်းစီပြီးစောင့်နေကြတဲ့
အပြုအမူမျိုးဟာ ထုံးစံလိုဖြစ်နေကြတာပါ။
အခြားလမ်းသွားလမ်းလာတွေကို အနှောက်
အယှက်မဖြစ်အောင် ဂရုစိုက်ရင်း တန်းစီလျက်
သားရှိတတ်ကြပါတယ်။ ဒီနေရာမှာ အဓိက
ပြောချင်တာက အနှောက်အယှက်မပေးတတ်
ခြင်းပါ ။ ဂျပန်တွေဟာ မိမိရဲ့အကျိုးထက်
အများအကျိုးကိုဦးစားပေးတတ်ကြပါတယ်။
အများပြည်သူအသွားအလာလုပ်တဲ့ နေရာ
တွေမှာ စကားကိုကျယ်ကျယ်လောင်လောင်
ပြောလေ့မရှိကြပါဘူး ။နေမကောင်းဖြစ်နေရင်
သူတစ်ပါးကို မကူးစက်စေဖို့ နှာခေါင်းအုပ်
များအသုံးပြုကြပါတယ်။ ထပ်ပြောရရင်
လမ်းတွေရဲ့သန့်ရှင်းသပ်ယပ်မှုတွေ . . .
လူအများစီးနင်းနေကြတဲ့ ယဉ်တွေမှာ
သန့်ပြန့်နေမှုတွေရော ပါဝင်ပါတယ်။
အများနဲ့ဆိုင်တဲ့နေရာတွေကို မညစ်ပတ်
အောင်ထိန်းသိမ်းခြင်းဟာ မိမိအသုံးပြုပြီး
နောက် နောက်ထပ်အသုံးပြုမယ့် လူတွေကို
လေးစားတတ်ခြင်းဆိုတဲ့ စိတ်ဓာတ်ကနေ
မြစ်ဖျားခံလာတာပါ။

DQmVuuoxdkT9bsNGeKqHESq9GWKgzgMxycgTWf3WFGRKHcM_1680x8400.jpg

photo source ; @japon

၂၀၁၁ ရဲ့ မတ်လ ၁၁ ရက်နေ့ ဂျပန်မှာ
ဆူနာမီ ဖြစ်ပွားခဲ့တာကြောင့် နူကလီးယား
သုံး ဓာတ်အားပေးစက်ရုံတွေလည်း
ရပ်တန့်ခဲ့ပါတယ်။ ပြည်သူတွေကလည်း
သူတို့ရဲ့ လျှပ်စစ်မီးသုံးစွဲမှုကို ၁၅ % ကျော်
လောက်ထိလျော့ချပြီး သုံးစွဲခဲ့ကြပါတယ်။
ဒီလိုလုပ်ကြတာကလည်း အစိုးရရဲ့
တိုက်တွန်းတောင်းဆိုမှု တစ်စုံတစ်ရာ မပါဝင်
ပဲ ပြည်သူတွေရဲ့ခံယူချက်နဲ့ လုပ်ဆောင်
ခဲ့ကြတာပါ ။

အံ့သြဖွယ် စည်းကမ်းရှိကြတာလား ဒါမှ
မဟုတ် စုံလုံးကန်းစည်းကမ်းရှိကြတာလား
ဆိုတာ မသိတော့ပါ ။ ပြင်သစ်မှာတော့ဖြင့်
အာဏာပိုင်တွေနဲ့ ဝိရောဓိဖြစ်ကြတာမျိုးက
ထုံးစံလိုဖြစ်နေပါပြီ ။ ကျနော်တို့ကို
တစ်ခုခု လိုက်နာစေချင်တဲ့အခါမျိုးမှာ
အဲဒီစည်းမျဉ်းကို ဘယ်လိုရှောင်လွဲရမလဲ
ဆိုတာပဲ စဉ်းစားကြပါတယ် (ဒါမှမဟုတ်လဲ )
အသုံးမဝင်တဲ့အရာတစ်ခုအဖြစ် ပြောဆို
လေ့ရှိပါတယ်။ ပြင်သစ်မှာ လူကူးအချက်ပြ
မီးနီနေတဲ့အချိန် ကျနော်လမ်းဖြတ်ကူးချင်
ကူးမယ် ။ ဒါကိုဘယ်သူကမှတားဆီးမှာမဟုတ်
ပါဘူး. . . အဲဒီအတွက် ကျနော့်ကိုအပြစ်ပေးမှာ
လည်း မဟုတ်ပါဘူး ။

ပြင်သစ်ကလူတွေအနေနဲ့တော့ အခုထက်
စည်းကမ်းရှိအောင် လုပ်ရပါလိမ့်အုံးမယ်။
ဒါပေမယ့် ဂျပန်မှာ လူတွေကဒီလောက်ထိကြီး
စည်းကမ်းတွေရှိနေကြတော့
သူတို့အနေနဲ့ ကိုယ်ပိုင်အစွမ်းအစ
အရည်အသွေး ရင့်သန်ဖို့ရော အကြောင်း
ရှိပါအုံးမလားဆိုပြီး မူရင်းဆောင်းပါးရှင်
ပြင်သစ်လူမျိုး @japon ကရေးသားထား
ပါတယ် ။ သူရေးထားတာကို @vcelier က
english လိုပြန်ရေးထားတာပါ ။အဲဒါကိုမှ
ကျနော့်အနေနဲ့ မြန်မာလို အတတ်နိုင်ဆုံး
ကြိုးစားပြီးတင်ဆက်လိုက်ပါတယ် ။
မူရင်းဆောင်းပါရှင်ရဲ့အာဘော်မမိခဲ့ရင်
ကျနော့်ရဲ့အားနည်းချက်သာ ဖြစ်ပါတယ်။
မူရင်းဆောင်းပါးရှင်ဟာ အနောက်နိုင်ငံသား
ဖြစ်တဲ့အပြင် ယဉ်ကျေးမှုသမိုင်းနောက်ခံ
အားကောင်းတဲ့ ပြင်သစ်နိုင်ငံကပါ ။ သူတို့
အနောက်တိုင်းသားတွေရဲ့ တော်လှန်ပုန်ကန်
ချင်စိတ်ရှိတဲ့ အတွေးအခေါ်နဲ့ နှိုင်းယှဉ်ချင်
ပုံရပါတယ်။ စည်းကမ်းဘောင်အတွင်းမှာ
နေလွန်းနေတော့ စည်းကမ်းရဲ့အပြင်ဘက်
က အရာတွေနဲ့ ဂျပန်နိုင်ငံသားတွေဟာ
အထိအတွေ့အကြုံရှိပါ့မလားဆိုတာ
ကို တင်ပြထားပါတယ်။

IMG_20151030_132134.jpg

( တော်လှန်ပုန်ကန်ချင်တာကတော့ မြန်မာ
လူမျိုးတွေကလည်း အတူတူပဲလို့ထင်ပါတယ်
ပိုရင်တောင်ပိုပါအုံးမယ် 😁😁 . . . ကျနော်
ရောက်ခဲ့စဉ်အခါကလည်း ကိုယ့်မြန်မာနိုင်ငံ
လိုပဲမှတ်ပြီး ဘူတာရုံမှာ ဝရုန်းသုန်းကား
တိုးဝှေ့ကြတာပေါ့ဗျာ ။ ကြည့်လိုက်တော့
၆ ယောက်လောက်ရှိတဲ့ကိုယ့်မြန်မာ
အချင်းချင်းပဲ အိတ်ကြီးတွေတကားကားနဲ့
တိုးနေကြတာ . . . ဘေးလူတွေကဘာမှ
တော့မပြောဘူး ဒါပေမယ့် သူတို့အကြည့်
တွေက ကိုယ်တွေကိုတောသားလို့ မပြောရုံ
တမယ်ပါပဲ ။

IMG_20151107_165351.jpg

SAM_2132.JPG

IMG_0012.JPG

မီတို.jpg

IMG_0211.JPG

ခုနကပြောခဲ့တဲ့လမ်းဆုံတွေမှာ
လည်း လူချင်းကွဲမှာစိုးလို့ တစ်ယောက်ကို
တစ်ယောက်မျက်စိအောက်က အပျောက်မခံ
ပဲ သွားခဲ့ကြရပါတယ်။ တစ်လလောက်ကြာ
တော့မှ ကိုယ်တွေလည်း ကျင့်သားရပြီး
မြို့သားတွေဖြစ်ကုန်တယ်ဆိုပါတော့ဗျာ။
ရထားတွေဆိုလည်း guide မပါပဲ ကိုယ်ဟာ
ကိုယ်စီးတတ်လာခဲ့ပါတယ်။ ဂျပန်မှာ အကြိုက်
ဆုံးကတော့ အိမ်သာတက်ရတာပါပဲ . . .
ခလုတ်ကလေးနှိပ်လိုက်ရုံပဲ ကျန်တာဘာမှ
လုပ်စရာမလိုဘူး 😁😁😁 ။ ပြီးတော့
သူတို့ကိုတွေ့မိသလောက် ဟက်ဟက်ပက်ပက်
ရယ်မောပြောဆိုနေကြတာကို အရက်ဆိုင်မှာ
ပဲတွေ့ဖူးတယ် . . . နောက်ရက်ကျ သူတို့
မဟုတ်သလိုပဲ . . .မပြုံးချင်ပြုံးချင်နဲ့ ။
အလုပ်ချိန်မှာ အလုပ်အကြောင်းပဲပြောပြီး
ကျန်တဲအချိန်တိတ်တိတ်ဆိတ်ဆိတ်နဲ့
ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လုပ်နေတတ်ကြ
ပါတယ်။ အရမ်းကြီးတက်တက်ကြွကြွ
ပုံစံမျိုးတွေလည်း မဟုတ်ဘူး ပုံမှန်လေးပဲ
လုပ်နေကြတာဗျ။ အစားအသောက်နဲ့လည်း
ဆိုင်မယ်ထင်ပါတယ် အရသာပြင်းထန်တဲ့
အစားအစာဆိုလို့ ဝါဆာဘီ ဆိုတဲ့အနှစ်
ကလေးပဲစားဖူးတယ် ။ လူကိုဆွဲဆိတ်လိုက်
တယ့်အတိုင်းပဲ ။ အလုပ်ချိန်ဆိုရင်လည်း
လမ်းတွေမှာ ရှင်းလင်းနေတတ်ပါတယ်။
လူ ၃၀၀၀ လောက်ရှိတဲ့ရုံးကြီးမှာ ဆူဆူ
ညံညံမရှိပဲ တိတ်ဆိတ်နေတတ်ပါတယ်။
မြန်မာနိုင်ငံပြန်ရောက်တော့ ၁၅ ယောက်
လောက်ရှိတဲ့ ရုံးခန်းလေးက ပွက်လောတွေ
ရိုက်လို့ . . . ။ ကျနော်တို့စိတ်ကလည်း အဲဒီလိုဆူညံမှုတွေနဲ့ ကျင့်သားရနေလို့လား
မသိ အဲဒါမျိုးမှ နှစ်ထောင်းအားရဖြစ်မိပါ
တော့တယ် ။ )

Ref ; ( https://steemit.com/travel/@vcelier/are-the-japanese-too-disciplined-by-japon-translation-from-french
)

@thettinaung
MSC - 105

Sort:  

ကောင်းထားလိုက်တဲ့အရေးသားပါဗျာ။
သူတို့နိုင်ငံရဲ့ လူတစ်ဦးချင်းဆီမှာရှိတဲ့ ကိုယ်ပိုင်ခံယူချက်ကောင်းလို့ထင်တယ်ဗျ
စည်းကမ်းရှိတော့ စနစ်ကျနပြီး အန္တရာယ်လည်း ကင်းတာပေါ့။
မြန်မာတွေက အတုခိုးမယ်ဆိုရင် ကိုယ်ပိုင်ခံယူချက်တွေကိုပဲအတုခိုးလို့ရမယ်
လမ်းစည်းကမ်း ယာဉ်စည်းကမ်းကတော့
ကိုယ့်နိုင်ငံနဲ့က ပြောင်းပြန်ဖြစ်နေတယ်
ဘယ်နဲ့ညာ။

ဟုတ်ပါတယ်ကိုမိုးဇော်ရေ

အခုလို ဖတ်လိုက်ရတာ နိုင်ယဉ်စရာတွေ
တွေလိုက်ရတယ်ဗျာ

ဟုတ်ပါတယ် Bro

ဘာသာပြန်ပုံကောင်းတယ်ဗျာ မိမိအာဘော်ဝင်စေတယ်

ကျေးဇူးပါ Bro

Video file ထဲက လူအုပ်ကြီး လမ်းဖြတ်ကူးချိန်မှာ ဆယ်ဘီးကား ဖြတ်မောင်းသွားလို့ကတော့ မတွေးရဲစရာဘဲ😁

နဲတဲ့လူအုပ်ကြီးလားဗျာ

မျှဝေပေးတာ ကျေးဇူးပါခွယ်

တင်ပါ့ဘုရား

အတုယူစရာတွေပေါ့ဗျာ

ဟုတ်ပါတယ် Bro

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly � Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

အားကျတယ်ဂျာ
ရောက်ဖူးချင်ထာ

ကျနော်ကတော့ ထပ်မသွားချင်တော့ဘူးဗျာ
ရောက်ပြီးရင် မြန်မာပြည်မပြန်ချင်မှာစိုးလို့ :D

Japan လာချင်တယ် broရေ

ကျနော်လည်း ခဏပဲသွားခဲ့ရတာပါ ဘဒို

အရေးသားတွေအရမ်းကောင်းပါတယ် bro

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76511.74
ETH 3031.28
USDT 1.00
SBD 2.62