Differences between Soulmate and Life Partner

in #myanmar9 years ago

(Soul ဆိုတာ ဝိညာဉ် Mate ဆိုတာ ပေါင်းဖက် တယ်ပဲဆိုပါတော့ဗျာ ။ ဝိညာဉ်ချင်း ပေါင်းဖက် ချင်ကြသူတွေနဲ့ လူချင်းပေါင်းဖက်ချင်ကြသူတွေ
ကွဲပြားစေဖို့ ညာဏ်မီသလောက် ပြန်ဆိုရေးသား လိုက်ရပါသည်)


အချစ်ဆိုတဲ့ အရာကို သိမြင်ခံစားဖို့ ဆန္ဒပြင်းပြ နေတဲ့သူတွေ - Single အဖြစ်တော်တော်ကြာ ကြာ ရပ်တည်နေတဲ့သူတွေ တွေးကောင်းတွေး ဖြစ် ကြပါလိမ့်မယ် ။ ဘယ်အချိန်ကျမှများ တဘဝလုံး အတူလျှောက်လှမ်းမယ့် Soulmate နဲ့ ဆုံဆည်းနိုင်ပါ့မလဲလို့ ။ ကိုယ့်ရဲ့ ကျန်နေသေးတဲ့ သက်တမ်းတွေမှာ သူနဲ့အတူ ဆုံဆည်းချင်တယ် ။ ဖြတ်သန်းချင်တယ် ။ စိတ် ကူးယဉ်အနာဂတ်တွေကို ပုံဖော်ရင်း ဘဝရဲ့အချိန် တွေကို ကုန်ဆုံးသွားချင်တယ် ။ တကယ်တမ်းကျ တော့ Soulmate ဆိုတာ တစ်ယောက်တည်းကို ရည်ညွှန်းရတာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ဘဝမှာ အနေအထား အမျိုးမျိုးနဲ့ Soulmates တွေကို တွေ့ရမှာပါ ။

1514835420750.png

ပြောရမယ်ဆိုရင် Soulmate ဆိုတာ ကိုယ်နဲ့ စိတ်တူကိုယ်တူ ရှိတဲ့ လူတစ်ယောက်ကို ဆိုလို တာပါ။ တစ်ယောက်ကိုတစ်ယောက် နားလည်ကြပြီး နှစ်ယောက်သား အတူရှိကြတဲ့ အချိန်တွေဟာ ဘယ်တော့မှ အလဟသ ဖြစ်သွားတယ်ဆိုတာ မရှိ ပါဘူး ။ သူနဲ့တွေ့တဲ့အချိန်တိုင်း ရင်ခုန်နှုန်းတွေ မြန်လာ ပြီးတက်ကြွလာတယ်။ ရရှိခဲ့တဲ့ အချိန်တိုင်း ဟာလည်း ကျေနပ်စရာတွေပါပဲ။ သို့သော်ငြားလည်း နှစ်ဦးသားအကြား အဲဒီလို လှပတဲ့ အခိုက်အတန့်တွေရှိကြတယ်ဆိုပေမယ့် သူဟာ ကိုယ်နဲ့ လက်ထပ်ရမယ့်လူ - ကိုယ်နဲ့ တစ်ဘဝလုံး လျှောက်လှမ်းရမယ့်လူလို့ သတ်မှတ် လို့မရနိုင်ပါဘူး ။

Soulmate ဆိုတာ ကိုယ့်ကို စိန်ခေါ်မှုတွေနဲ့ ရင် ဆိုင်ဖို့ ကိုယ့်ဘဝကို နိုးကြားတက်ကြွစေဖို့ ရောက်ရှိလာတာပါ။ တန်းဖိုးဖြတ်မရတဲ့ အရာတွေကို သင်ကြားပေးဖို့ - ကိုယ့်အကြောင်း ကိုယ်ပိုမိုနားလည်အောင်ကူညီပေးဖို့ ဘဝထဲကို ဝင်ရောက်လာကြတဲ့သူတွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကိုတောင် လှုပ်ခါသွားစေတဲ့သူ တွေဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတို့နဲ့ အဆင်ပြေတဲ့ အချိန်ရှိသလို ဘဝင်မကျမိတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။

ဒါပေမယ့် သူတို့ဟာ ကိုယ့်မှာပျောက်ကွယ်နေတဲ့
အရာတွေ သိမြင်လာအောင် ကူညီဖို့ရောက်ရှိလာ တာပါ။ ကိုယ့်ကိုယ်ကို စိတ်နဲ့ကိုယ်နဲ့ ကပ်မိ အောင် - ရှင်းလင်းစွာ တွေးခေါ် နိုင်အောင် ကူညီပေးဖို့ ဖြစ်နိုင်သလို ကိုယ်ရဲ့ အဆက်အ သွယ်ပြတ်နေတဲ့ မိသားစုနဲ့ ဒါမှမဟုတ် ချစ်သူ နဲ့ ကို ပြန်လည်ပေါင်းစည်းရေးမှာ ကူညီပေးဖို့လည်း ဖြစ်နိုင်ပါတယ် ။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ ကံတရားက
တော့ရှင်းလင်းပါတယ် ။ ကိုယ့်အနေနဲ့ အရာအား လုံး သိမြင်လာတဲ့တစ်ချိန် သူတို့နဲ့ ဝေးကွာ သွား တတ်ကြပါတယ် ။

ဘဝလက်တွဲဖော်ဆိုတာကတော့ အရမ်းခင်တွယ် မိတဲ့ မိတ်ဆွေ ဒါမှမဟုတ် အပေါင်းအဖော်တစ် ယောက်နဲ့ ပိုတူပါတယ်။ သူနဲ့ ဆုံဆည်းမိခြင်းက
ကိုယ့်စိတ်ထဲမှာ တစ်ဘဝစာ ပေါင်းဖက်နေထိုင် လိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အပြန်အလှန် ဂရု စိုက်မှုတွေ - ကတိကဝတ် ထားချင်စိတ်တွေ ပေါ် ပေါက်စေပါတယ်။ ဒါပေမယ့် စည်းချက်ပြင်းထန် တဲ့ရင်ခုန်သံမျိုးတော့ပျောက်ကွယ်နေပါလိမ့်မယ်။ဘာနဲ့တူလည်းဆိုရင်နံနက်ခင်းလေပြေညှင်း လေးလို - တိုးညှင်းတဲ့ လေချွန်သံလေးလိုမျိုး အလားသဏ္ဍာန်တူပါလိမ့်မယ်။

ကိုယ့်စိတ်ထဲကလူဟာ ကိုယ့်အတွက် Soulmate လား - ဘဝလက်တွဲဖော်လား ဆိုတာ သိရဖို့ ဘဝမှာ လက်ရှိကိုယ်ရောက်နေတဲ့နေရာရယ်
အဲ့ဒီအချိန်မှာ ဖြစ်နေတဲ့ ကိုယ့်စိတ်ရဲ့စေ့ဆော်မှု
တွေရယ်ပေါ် မူတည်ပါတယ်။

@thettinaung
MSC - 105

Ref ; ( http://steem.link/VIef2 )

Sort:  

ဟုတ်ကဲ့ Bro

Congratulations @thettinaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received
Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Who are your soul mate? Beautiful or pretty or cutty?😃😃😃

A soulmate already existed in me :D ,
Because of me ,my soulmate could never be my lifetime partner . That means soulmate , Bro .

နှစ်ကိုယ်ကြား လေးစားမှုလေးအရင်းခံပြုပီး
သံယောဇဉ်ကြိုးလေးတွေ ရစ်ပတ်ဖွဲ့နှောင်ရင်း
ဘဝကို ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုရင် ပိုပြီး ဆင်ပြေချောမွေ့လိမ့်ပါလိမ့်မည်

Good post Bro...

ဟုတ်ပါတယ် Bro

သိပ်တော့နားမလည်ဘူးဗျ အဲ့ဒီအကြောင်းတွေ

ကြုံလာအုံးမှာပါ Bro
ဒီစာထဲက ပုံစံမျိုးတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

good writing

စိတ်တူကိုယ်တူဆိုရင် စိတ်ချမ်းသာမှာပါ

မှန်ပါတယ် Bro

အရမ်းကောင်းပါတယ်ဗျာ

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64061.63
ETH 1777.68
USDT 1.00
SBD 0.39