သင်္ကြန်တေးသံ

in #myanmar8 years ago

မြူးကြွတဲ့တေးသံ..
ပျံ့လွင့်လို့နေ...
ကူးပြောင်းစ.. တန်ခူးလေမှာ...
ဒန် ဒန် ဒန်...

မန်းလေးတမြို့လုံးလဲ ဒီသီချင်းသံနဲ့ တူးပို့တူးပို့  သီချင်းသံတွေက ဘယ်တော့မှ မရ်ိုးနိုင်အောင် ဖွင့်လာနေကြတော့ ခုလို ချိန်တွေမှာဆို နေရာအင်္န့အပြားမှာကြားနေခဲ့ရပါပြီ ။

အဲ့ဒီသချင်းသံတွေကြားမိတိုင်းကလည်း ကျမပျော်မိတာအမြဲပါ ။ သင်္ကြန်မှာ ကျုံးဘေး နဲ့ မြို့အနှံကို ရေပက်ခံထွက်လားဆိုတော့လည်း ကျမအဲ့လိုမလည်တတ် ။

မောင်လေးနဲ့ညီမလေးက အိမ်အပြင်ထွက် ရေပက်သမျှ ရေကိုတော့ ဖြည့်ပေးရတာက အမြဲပေါ့ ။ရုံးပိတ်ရက်ဖြစ်တော့ ထမင်းဟင်းတွေချက်ပြီးအိမ်ကိုကျွေးရတာကို ကျမပျော်နေမိတာ ။

မွန်ရိုးရာ သင်္ကြန်ထမင်းဟင်းတွေချက်လိုက် မြန်မာအစားအစာ ချက်ကျွေးလိုက်နဲ့ ကိုယ့်ပက်ဆံထုတ်ပြီး စားစရာအကုန်ချက်ကျွေးရဘို့ကို သီးသန့်စုထားရတဲ့ကျမအဖြစ်ပါ ။ ချက်ရပြုတ်ရတာကို ဝါသနာပါတော့လည်း ဘယ်တတ်နိုင်မလဲလေ ။

သင်္ကြန်ချိန်ဆို ရေကစားပြီးမောမောနဲ့ မောင်လေးနဲ့ညီမလေးက ဘာဟင်းပူစာတတ်သလဲဆိုရင် ပဲကြာဇံဟင်းရည်နဲ့ ဝက်အူချောင်းကြော်ကို သရက်သီးသုပ်ခိုင်းပြီး စားချင်တယ်ပူဆာတော့တာ ။

အမေက ဥပုဒ်ကျောင်းဆိုတော့ ထွေထွေထူးထူးချက်ပေးစရာမလိုပါဘူး ။ B Pyae စိတ်မချလို့  ရိပ်သာမဝင်နိုင်တာတခုပါဘဲ ခိခိ ။ စစ်ကိုင်းက ဘုန်းဘုန်းဦးသုမနကလဲ ဆွေမျိုးလိုအားကိုးရတဲ့ဘုန်းဘုန်းဆိုတော့ ရိပ်သာမဝင်တော့ဆူခံရနဲ့ နှစ်တိုင်းကြားနေတတ်တဲ့ အသံတွေထဲ ဒီတခုလဲပါတျာပါ့ရှင် ။

အလည်အပတ် မပြတ်တတ်တဲ့B Pyae ကတော့ ခုထိကို ကချင်ပြည်နယ်ဘက် ဘုရားဖူးထွက်တာ ပြန်မလာသေးတာပါဘဲ ။ အိမ်မှာသူအချူ ချာဆုံးဆိုပေမယ့် သူအလည်အပတ်ထွက်တာလဲ အများဆုံးလို့ပြောလို့ ရတဲ့ထိပါဘဲ ။

သင်္ကြန်တွင်းမရောက်သေးပေမယ့် ကြားနေရတဲ့သင်္ကြန်သီချင်းတွေနဲ့တင် ကျမတော့ပျော်နေမိတာ ။ မြန်မာတို့ ရဲ့နှစ်သစ်ကူးတဲ့အချိန်အခါဖြစ်တော့ နှစ်သစ်မှာ အောင်မြင်ခြင်းတွေ ကျန်းမာခြင်း ချမ်းသားခြင်းစတဲ့ လိုရာဆန္ဒတွေပြည့်စုံကြဘို့လဲ တောင်းဆုပြုကြ ကုသိုလ်ယူကြနဲ့ တကယ်အားရပျော်ရွှင်စရာတော့ ကောင်းတာတော့အမှန်ပါဘဲရှင် ။

image

photo credit # facebook

@thetlyar

MSC 021

Sort:  

aww sister pyae က ခရီးသွားနေတာကိုး

ဟုတယ်ဆို

အိမ်ကိုမကပ်တာ အိမ်စောင့်နတ်က နှင်ချထားတာနေမှာ ခိခိ

သင်္ကြန်​ အ​ကြောင်းမ​ရေးပါနဲ့လားအမရယ်
သင်္ကြန်​ ပိုး​တွေက ထ က​နေလို့ပါ😁😁

ကိုယ်လိုလူရှိလို့ အားတက်သွားပြီ

😍😍😍

ချစ်ဆုံး

ချုံးဆစ်

မမရော ကျွေးပါအုံး သက်ရေ😍😍

ဟုမမ လာလေ ကျွေးမာပေါ့

ဒီနှစ်မှာလည်း ပျော်ရွှင်စွာနှစ်သစ်ကိုဖြတ်သန်းရင်း အချက်အပြူတ်ဝါသနာပါတဲ့ဟင်းလျှာများချက်ပြူတ်နျုင်ပါလို့ဆုတောင်းပေးပါတယ် သက်လျာရေ

ဟုတ်ကဲ့ ပြည့်ပါရစေ

သင်္ကြန်​ဆိုတာ ဘာသာတိုင်း လူမျိုးတိုင်း​ပျော်​ကြတဲ့သင်္ကြန်​ပါ

သင်္ကြန်နားနီးလေအဲသီချင်းတွေပိုအဖွင့်များလေ
ပင်ကိုစိတ်ကိုထိန်းမနိုင်လေ
အော်သင်္ကြန်သင်္ကြန်
ခုတောင်စာဖတ်ရုံနဲ့ပျော်နေမိတယ်ဗျာ

ဟုတ်တယ်

ဘာလိုလိုနဲ့နီးလာပြန်ရောက်လာပြန်ပီး

ပြည့်ခရီးသွားရင်း ရှာပုံတော်မင်းသမီးကြီးလုပ်နေတာလားခွယ်

သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ် ကွယ်

ဟုတ်အန်တီ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 64414.45
ETH 1745.85
USDT 1.00
SBD 0.44