စိတ်ညစ်စရာ မတွေးစေချင်ပါ

in #myanmar8 years ago (edited)

စိတ်ညစ်စရာတွေရှိလာတိုင်းမှာ ကိုယ့်ကိုယ်ကိုဆင်ခြင်မှုဆိုတာ ဘာမှမမြင်တော့ဘူး ဒေါသတွေသာထွက်ပြီး တခုခုကို
ပစ်ပေါက်ခြင်း အော်ဟစ်ခြင်းနဲ့ မိမိကိုယ်ကိုနှိပ်စက်ခြင်းတွေကို လုပ်တတ်ကြတဲ့လူတချို့ကို ကျမမြင်တွေ့မြင်ခဲ့ရပါတာနဲ့ပတ်သက်ပြီး စိတ်ထဲမကောင်းမိဘူး ။

ထိုလူတွေကို ကျမမေးမိတယ် ။ သူတို့ တွေမှာ ဖြေစရာမရှိဘူး ။ ထွက်ပေါက်တခုကို ပြေလိုပြေငြားရှာကြတာပါလို့ ပြောလေ့ရှိတယ် ။ သူတို့ တွေပြောတဲ့ ထွက်ပေါက်ကို ကျမထပ်စဉ်းစားမိပြန်ပြီပေါ့ ။

စိတ်တွေညစ်လွန်းလို့  ဘယ်သူကိုမှပြောပြစရာ တိုင်ပင်စရာလူမရှိလို့  ပစ်ပေါက်အော်ဟစ်ခြင်းနဲ့ မိမိကိုယ်ကို နှိပ်စက်ခြင်းတွေပြုလုပ်မှ စိတ်ပြေတယ်ဆိုတဲ့ သူတို့ ရဲ့အဖြေကိုလည်း သိလာပြီး ဂရုဏာသက်မိလာတယ် ။

သူတို့ ကိုလဲ နှစ်သိမ့်စကားတွေပြောပြီး ဖြေသိမ့်ပေးခဲ့ပါတယ် ။ အမှန်က သူတို့ ဒေါသနဲ့သူတို့နဲ့၂ခုထဲ လုံးလည်ရိုက်နေခဲ့တာလို့ ထင်ပါတယ် ။ သူတို့ဒေါသဖြစ်တော့ ပစ်ပေါက်ခွဲပြ နှိပ်စက်ပြနေမှတော့ ဘယ်သူက သူတို့ အနားယုံကြည်စွာနဲ့ ကပ်လာရဲမလဲ ။ သူတို့ အနား ဘယ်သူမှမလာတော့ စိတ်ပြေအောင်ပြောစရာလူက မရှိတော့ဘူးလေ ။ အဲ့လိုပြောစရာလူ သူတို့ အနားမလာပြန်တော့ ဒေါသတွေကပြန်ထွက်နဲ့ သူတို့ ခမျာ သနားစရာတော့ အကောင်းသား ။

FB_IMG_1515350676374.jpg

photo credit # facebook

သူတို့ စိတ်ညစ်လာတဲ့အခါ ဒေါသပါမလာအောင် စိတ်ညစ်စရာဖြစ်လာမယ့် အကြောင်းအရာတွေကို ကြုံမလာခင်က ကြိုတွေးတဲ့လူတချို့လည်း ရှိပါသေးတယ် ။ ကိုယ့်အတွက် မကောင်းတဲ့ အရာတွေကို ဘာမှကြိုမြင်နေရာမှမလိုတာ ။
တခုတော့ရှိတာပေါ့ ကိုယ်က မကောင်းတာပြုလုပ်ခဲ့မိပြီဆိုရင်တော့ ဖြစ်လာမယ့်စိတ်ညစ်စရာကို ကိုယ်သာကြိုတွေးပြီး စဉ်းစားရင်း ကြောက်လန့် နေရမှာပါ ။

ဒီတော့ ကိုယ်ဘာမှ မလုပ်ခဲ့သော အကြောင်းတခုအတွက် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ကြိုတင်တွေးတော စိတ်ညစ်ပြီး ဒေါသတွေထွက်နေမယ့်အစား ထိုညစ်စရာတို့ မဖြစ်အောင် မည်သို့ ဆင်ခြင်ရမည်ကိုသာ စဉ်းစားသင့်ပါတယ် ။

@thetlyar

MSC 027

Sort:  

voting 100% 0.095$ V n C Done . @thiha/poe

thank you

good post

thanks

ဟုတ်...​ကောင်း​သောပို့စ်​ပါ

thanks

ဒေါသထွက်ရငမ တစ်ကနေ တစ်ဆယ်ထိရေတွက်ရတယ်တဲ့

ဟုတ်ကဲ့

အရမ်းကောင်းသောpostလေးဘဲ။good post@thetlyar

thank you

ဟုတ်ပါတယ်ဗျ

ဟုတ်ကဲ့ရှင့်

ထိန်းချုပ်​ ရ​မယ်​​ဒေါသ​တွေ။

ဟုတ်ကဲ့

အမှန်ပါပဲ

ဟုတ်

စိတ်ညစ်စရာတွေကို စဉ်းစားရင် စိတ်ညစ်စရာတွေ ဖြစ်လာမှာပေါ့နော် အစ်မ

ဟင် အ့လိုအမြဲဖြစ်မယ်လဲမဟုတ်ပါ

စိတ်ထွက်ပေါက် အမှားလေးတစ်ခု

ဟုတ်ကဲ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63768.31
ETH 1672.84
USDT 1.00
SBD 0.42