ဆင်ခြင်နိုင်ပါစေ

in #myanmar6 years ago (edited)

အကျိုးအကြောင်းဟူသမျှတို့ ကို မဖြစ်ခင်ကကြိုတင် ဟန့် တားနိုင်အောင် ကာကွယ်သင့်သည် ။ ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်ဖြေရှင်းဖို့ အတွက် ခွန်အားသတ္တိတို့ မွေးပြီး အဆင်ပြေစွာ ဖြတ်သန်းနိုင်ရန် နည်းလမ်းတို့ ကိုရှာဖွေသင့်သည် ။

တခါတရံ၌သာ ဖြစ်တတ်လေ့ရှိသော အကြောင်းအရာများစွာတို့ အား ဖတ်ရှုသိမြင်ပြီး ရင်ထဲမကောင်းအောင် ခံစားရခက်စွာ ဖြစ်ခဲ့ဘူးသည် ။ ကိုက အတွေးလွန်လို့  ကြောက်စိတ်တွေဝင်မိနေသလားတော့ မသိပါ ။ ဤသို့ ဖတ်မိမြင်မိလျှင် ငိုင်မှိုင်ပြီး ထမင်းစားပျက်ခဲ့ရတာ အခါခါပါ ။

ဖတ်မိတဲ့အကြောင်းအရာက ယနေ့ facebook မှာတင်ထားသော လူသတ်မှုအကြောင်းအရာ ၁ခုဖြစ်တဲ့ ဖခင်အရင်းက သားသမီးမွေးခါစကလေးကို မြေကြီးနဲ့ကိုင်ရိုက်လိုက်တဲ့ သတင်းပါ ။

ဖခင်လို့ ဆိုလိုက်တာကြောင့် သားသမီးမည်သူ့ ကိုမဆို ရှာဖွေလုပ်ကိုင် ကျွေးမွေးရင်း သားသမီးကို ချစ်ခင်တဲ့ ဂုဏ်ပုဒ်တွေသာ ကျော်ဇောခဲ့ပြီး အမှန်တကယ်လည်း သားသမီးများအတွက် ကျေးဇူးကြီးမားလှသူပါ ။ ဘယ်လိုကြောင့် ဖခင်တဦးရဲ့မေတ္တာတွေ ခေါင်းပါးပြီး သားသမီးအရင်းကို သတ်ပြစ်ခဲ့ရသလဲ ဆိုတာ တွေးလို့ မတတ်ခဲ့ပါဘူး ။ မိန်းမက သားသမီးမွေးပြီး မီးနေခါစ အချိန်ဆိုတော့ သူ့ အတွက် သာယာကျေနပ်မှုမပေးနိုင်လို့  သားသမီးကြောင့်ဆိုပြီး ဒေါသထွက် ကလေးကိုယူပြီး မြေကြီးနဲ့ကိုင်ရိုက်လိုက်တာ မြင်မကောင်းအောင် နုနုနယ်နယ် ကလေးခမျာ အူတွေထွက် သေဆုံးခဲ့ရတဲ့ အဖြစ်ကို
ကျမဖတ်မိလိုက်တာပါ ။ ဖခင်အရင်းက သတ်ပြစ်ခဲ့တဲ့ သတင်းတပုဒ်ပေါ့ ။

ဒီသတင်းကိုဖတ်ပြီး ကျမအဖေကို ကျေးဇူးတွေပိုတင်မိခဲ့သလို သူမဖတ်မိပါစေနဲ့လိုလည်း ဆုတောင်းမိတယ် ။ ဖခင်တယောက်လုပ်တဲ့ အပြစ်တခုအတွက် ကျမအဖေနဲ့ တခြားဖခင်တွေကို စိတ်မကောင်းမဖြစ်စေချင်ဘူးလေ ။ ကျမကတော့ ဒါပထမဆုံး ဖတ်ခဲ့ရတဲ့ ဖခင်တယောက်ရဲ့ ရက်စက်ခြင်း ကိစ္စတခုပါ ။ နောက်ထပ် မကြားရန်နှင့် နောက်ထပ်ဘယ်ဖခင် ဘယ်သားသမီးမှ ခုလိုအဖြစ်မျိုးတွေ မကြုံပါစေနဲ့လို့  ဆုတောင်းလိုက်ပါတယ် ။

ကို့ အဖေက ကို့ ကိုအလိုလိုက်ပြီး ချစ်ခဲ့တဲ့မေတ္တာတွေကို ကိုယ်တိုင်သိလာခဲ့တဲ့ သမီးအတွက် အဖေ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် လုပ်ဖို့ မဆိုထားနဲ့ အဖေစိတ်ထိခိုက်စေမယ့် တခြားအကြောင်းအရာကိုပင် မသိစေချင် မမြင်စေချင်တာပါ ။

လူသားတိုင်း ဒေါသကင်းနိုင်ကြပါစေ ။
လူသားတိုင်း ဆင်ခြင်တရားများ တိုးပွားနိုင်ပါစေ ။
လူသားတိုင်း ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ လို့  တောင်းဆုပြုလိုက်ပါတယ်ရှင် ။ steemit friends များ မင်္ဂလာပါရှင် ။

MSC 029
FB_IMG_1490039007509.jpg

photo credit # facebook

@thetlyar

MSC 029

Sort:  

ဒီအကြောင်းအရာလေးကြောင့်ကျွန်နော်လည်းစိတ်မကောင်းဖြစ်ခဲ့ပါတယ်ဗျာ(သူရ)

ရေးပြန်ပီ အဲဒါကြည့်မိပြီး ထမင်းမစားနိုင်ပါဘူးဆို

ဟင် ငါလဲ ရေးတာရေးတာ စိတ်မကောင်းဘူးလေဘ ဒိုးခ

ဒေါသ ကို အကောင်းဆုံးထိန်းချုပ် နိုင်ကျပါစေ ဗျာ။ စိတ်မကောင်းဘူး video ကြည့်မိတာ

ကြည့်ပီး သနားတာ

ဒေါသ မောဟ လောဘ ကြီးလာတဲ့အခါ ဆင်ခြင်တုံတရားတွေ ကွယ်ပျောက်လို့ အပယ်ရောက်ရပါလိမ့်မည်

မှန်ပါတယ်ရှင်

so sad 😭😭

ဟုတ်တယ်

သာမန်စိတ်နဲ့ဆိုရင်တော့ကိုယ့်ကလေးအရင်းကုအဲ့လိုမလုပ်
လောက်ဘူးထင်တယ်

ဒေါသစိတ်ကလေး ကင်းဝေးကြပါစေဗျာ

Good writing

thanks

ခုလို သတင်းမျိုးကြားရတာ စိတ်မကောင်းပါဘူး@thet

ဟုတ်တယ်

👏👏​ကောင်း၏

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60972.21
ETH 3388.11
USDT 1.00
SBD 2.55