ငါးဘတ်မွှေချက်

in #myanmar9 years ago

steemit မှာ ကျမချက်တဲ့ဟင်းလေးတွေကိုရေးတင်တော့ myanmar groupက မောင်နှမများက စားချင်လိုက်တာ ကြိုက်တယ် ဗိုက်ဆာလာပြီဆိုပြီး အားပေးကြတော့ ကျမကလဲအားရှိလာတော့တာ
အလုပ်လုပ်နေရတဲ့မအားတဲ့အချိန်တွေကိုလုပြီး ဟင်းချက်နည်းတွေရေးတင်ဘို့  မနက်ကိုခါတိုင်းထက်ပိုပြီးစောစောထ ဈေးကိုပြေးဝယ် ပြင်စရာရှိတာတွေပြင်ပြီး ဖုန်းတလုံးနဲ့မှတ်တမ်းတင်ချင်တော့တာပေါ့
ဒီနေ့ လည်း ငါးပတ်မွှေချက်လေးချက်ထားတာကြောင့် ကျမချက်နည်းလေးကို တင်ပြပါ့မယ်ရှင်

ငါးပတ်မွှေချက်ရန်လိုအပ်သောပစ္စည်းများကတော့


ငါးပတ်၂၅ကျပ်သား
ကြက်သွန်နီ ၅လုံး
ခရမ်းချဉ်သီး၂လုံး
ကြက်သွန်ဖြူတဥ
ဆီ ၅ကျပ်သား
ဆနွင်း အနည်းငယ်
ငရုပ်သီးတောင့်အနည်းငယ်
ဆား ဟင်းခတ်အချိုမှုန့် အနည်းငယ်
ပင်စိမ်းတစည်း တို့ ဖြစ်ပါတယ်

ပထမဦးစွာ ငါးပတ်ကို ဆားဟင်းခတ်အချိုမှုန့် ဆနွင်းအနည်းငယ်ဖြင့်နယ်ကာ ပြုတ်ပါ
ပြုတ်ထားသော ငါးပတ်အသားများကိုနွှင်၍ အရိုးများကို ဖယ်ပါ

ကြက်သွန်နီကို ပါးပါးလှီး၍ ထောင်းထားပါ
ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး ထောင်းပါ
ခရမ်းချဉ်သီးကို လှီးထားပါ

ငါးပတ်မွေချက်မွှေးမွှေးလေးကို ချက်ပါတော့မယ်ရှင်
ဒယ်အိုးတွင်ဆီထည့်ပါ ဆီကျက်လျှင်ထောင်းထားသော ကြက်သွန်ဖြူနီများကိုထည့်ပါ လှီးထားသောခရမ်းချဉ်သီးများကိုလည်း ထည့်ပါ
အနှစ်ဖြစ်လာအောင် ချက်ပါ မွှေပေးပါ

အနှစ်ဖြစ်လာပြီဆိုလျှင် အရိုးများဖယ်ထားသော ငါးပတ်အသားများကိုထည့်ပါ ဆီပြန်လာခါနီးတွင် အရသာအပေါ့အငံမြည်းကြည့်ပါ လိုအပ်တာထပ်ထည့်ပါ
ငရုပ်သီးကိုအစပ်စားနိုင်ပါက ခြမ်း၍ထည့်ပါ အစပ်မစားနိုင်ပါက အတောင့်လိုက်ထည့်ပါ
ပင်စိမ်းအရွက်ကိုလည်း ထည့်ပြီးမွှေပေးပါ
ဆီပြန်လာရင်တော့ ငါးပတ်မွှေချက်မွှေးမွှေးလေး စားလို့ ရပြီပေါ့နော်

ငါးအသားကိုထွင်ပြီး အရိုးဖယ်ချက်ထားတဲ့ငါးဘတ်မွှေချက်ကို စားသုံးရတော့ ထမင်းစားရာတွင်ငါးအရိုးစူးမှာလည်း စိတ်မပူရတော့ပါဘူး ကလေးများကိုလည်း ကျွေးလို့ ရတာပေါ့ ငါးစားရာတွင် အရိုးစူးမှာကြောက်တဲ့သူများအတွက် ငါးဘတ်မွှေချက်ကတော့ အသင့်တော်ဆုံးပါ

image

steemit friends များမင်္ဂလာပါရှင်
အားပေးသောမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင် steemit လုပ်ကိုင်ရင်း အောင်မြင်ကြပါစေလို့ လည်း ဆုတောင်းပေးပါတယ်ရှင်

@thetlyar

Sort:  

သက်လျာ ရေ... ပြုလုပ်ပုံ အဆင့်ဆင့် မှာ ငါးကို အရိုးနွှင်ထားတာ ပုံ တပုံ , ခရမ်းချဉ်သီးနဲ့ အဆာပလာ စီစဉ်ထားတာပုံ တပုံ ကြော်လှော် ချက်ပြုတ်ပုံ ပုံ တပုံ , နောက်ဆုံး စားရန် အသင့် ဟင်းခွက်... အဲသလိုပေါ့။ ပိုပြည့် စုံ မယ်လို့ ထင်ပါတယ်။ ငါးပတ်မွှေဟင်းရယ်, ငပိရည်ကျို ကို ကြက်သွန် မီးဖုတ် ထောင်းထည့် , ငရုတ်သီး စိမ်း မီးဖုတ် ထောင်းထည့် ၊ နွှင်ထားတဲ့ ငါပတ် အသားလေး နည်းနည်းထဲ့ ထမင်းအိုးတက်တက်စင်အောင်ပြောင်မယ်။

အကိုဟင်​​ပြောတာနဲ့ သ​ရေ​တောင်​ယိုတယ်

အကိုဟင် မြန်မာပြည် ပြန်လာရင် ချက်ပေးပါ။
😁😁

ပုံက မရှိတော့တာအကို မနက်ပိုင်းမိုးကသည်း မီးကပျက်ဆိုတော့ ရိုက်တာမလှလို့ မတင်တော့ဘဲဖျက်မိတာပါ sorry
နောက်တခါပြည့်စုံစွာတင်ပေးပါမယ်နော်

စားကောင်းမယ့် ဟင်းတစ်ခွက်ပါပဲ။

ဟုတ် ကျေးဇူးပါ

ကြိုက်တယ် ငဘတ်မွှေ

ဟုတ်တယ် စားလို့ ကောင်းတယ်နော့

စားကြမယ်ဟေ့ကောင်းကောင်း

ယမ်မီ ယမ်မီ

Good curry 😃

It seems to be delicious.

သွား​ရေယိုလိုက်​တာ စားချင်​တာ

စားချင်ရင်ကျွေးမှာပေါ့

အလည်လာရင်ချက်ကျွေးပါ

ဆရာဟင်ပြောသွားပီ ပြောစရာမရှိတော့ဘူး မမန့်တော့ဘူး

ဟုတ်ကဲ့ နောက်တခါပြည့်စုံအောင်ရိုက်ထားပါ့မယ်ရှင့်

ငါးဘတ် ချက်က တို့အကြိုက်ဟ…😄

me too လေ
အရိုးမစူးတဲ့ဟင်းတခွက်ပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.105
BTC 65120.31
ETH 1941.58
USDT 1.00
SBD 0.37