စားချင်စဖွယ်
ဒူးရင်းသီးပုံတွေမြင်တော့ မော်လမြိုင်က အမျိုးတွေကို သတိရမိတယ်
ပထမဆုံးအခေါက် အလည်ရောက်စဉ်က မိုးကလဲချုပ်နေ ဗိုက်ကလဲဆာတော့ ကိုယ်တည်းတဲ့အမျိုးအိမ်ကို ထမင်းဆာတယ်ပြောလိုက်တော့ ခနနေထမင်းခူးကျွေးတာ ထမင်းတပုဂံနဲ့ ဒူးရင်းသီးလာချပေးတယ် ။
သူတို့ တွေ ဟင်းမပါဘဲ ဒူးရင်းသီးကို ထမင်းနဲ့စားကြသလို ကျမကိုလဲ ကျွေးတာပါ ။ ဟင်းမပါဘဲနဲ့ ထမင်းကမစားတတ်တဲ့အကျင့်က ဖြစ်နေပြန်တော့ ကျမအတွက်က ဗိုက်ကလဲဆာနဲ့ အတော်ဒုက္ခဖြစ်နေတာပေါ့ ။
ကျမလဲ ဗိုက်ဆာဆာနဲ့ ဒူးရင်းသီးတွေချည်း ထမင်းနဲ့တွဲမစားဘဲ စားပစ်လိုက်တာပေါ့ ။ အမျိုးတွေက ထိုင်စောင့်နေရင်းနဲ့ ကျမကို ထမင်းနဲ့ဒူးရင်းသီးကို အတင်းစားခိုင်းတာ ကျမလဲသူတို့ ကျေနပ်အောင်ဆိုပြီး စားပြလိုက်ပါတယ် ။ မဆိုးဘူး စားလို့ ကောင်းတယ်ရှင့် ။
ခုဆိုရင် ကျမလဲ မော်လမြိုင်ကအမျိုးတွေလို ဒူးရင်းသီးနဲ့ထမင်းကို တွဲစားတတ်သွားပါပြီ ။ ကြံကြံဖန်ဖန်စားတတ်တယ်လို့  မထင်စေချင်ပါ ။ ဟင်းအစား ဒူးရင်းနဲ့ ထမင်းစားရတာလဲ အရသာတမျိုးပေါ့ ။ အသီးချည်းစားတာက အရသာစစ်ကို စားနိုင်သလို ထမင်းနဲ့တွဲစားတော့လည်း အရသာတမျိုးပေါ့ ။
မော်လမြိုင်အိမ်ကလူတွေပြောပြတာက မိုးတအားရွာလို့  ဈေးမသွားချင် မချက်ချင်ရင် ဒူးရင်းပင်က ဒူးရင်းသီးခူးပြီး ခုလိုဟင်းလုပ်စားလိုက်တယ်လို့ ဆိုပါတယ် ။ စားတတ်သွားတော့လည်း ဟင်းတခွက်အဖြစ် အသုံးချလို့ ရတာပေါ့ရှင် ။
မန်းလေးမှာတော့ ဒူးရင်းသီးဈေးက ကြီးပါတယ် ။ ဈေးသည်များက ဒူးရင်းသီးအလုံးလိုက်ကိုလည်း ရောင်းချသလို ခွဲပြီးလည်း ဒူးရင်းအဆံကိုထုပ်ပြီး ဖော့ဘူးနဲ့
ထည့်ပြီး စားသုံးသူများအဆင်ပြေစေရန် ရောင်းချပေးပါတယ် ။ စားချင်သူစိတ်တိုင်းကျဝယ်ယူရတော့ အဆင်ပြေတာပေါ့ ။
အသားဟင်းမစားချင်တဲ့ဒီညနေအဖို့  ဒူးရင်းသီးနဲ့ထမင်းစားတာ ကောင်းမလားတွေးရင်းနဲ့ မော်လမြိုင်ကအမျိုးတွေကိုပါ တခါထဲသတိရမိတဲ့စိတ်က ဖြစ်လာမိတာ ဝယ်စားမှဖြစ်တော့မှာပါလေ ။ သူငယ်ချင်းတို့ လဲ စားကြည့်ကြပါလားရှင် ။
သတ်သတ်လွတ်ဟင်းတခွက်နဲ့ သတ်သတ်လွတ်စားရာလဲ သဘောသက်ရောက်တော့ ကိုယ့်အတွက်လည်း သူတပါးအသက်ကို မစားတာ တရက်ကုသိုလ်ရတာပေါ့နော် ။
all photos credit # facebook
မင်္ဂလာပါရှင် ။ စတီးမစ်လုပ်ကိုင်ကြရင်း အဆင်ပြေကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ။
MSC 027



သားကတော့ကြိုက်ဖူး အနံတောင်ခံမရပါ ဟီး
ကြိုက်တယ် ကျမတော့ စားချင်တာ အနံ့ရတာနဲ့
ကုလားမတွေ သိပ်ကြိုက်တဲ့အစားအစာလား
ဒူးရင်းသီးနဲ့အရက်နဲ့မြည်းလို့ ရလား မေးပေးပါအုံး
မော်လမြိုင်က ဒေါ်ကုလားမရေ
ဟာ လုပ်ပြန်ပီ ကုလားမတဲ့အေ
Awesome! Nice post thetlyar please keep posting stuff like this, there are many things that i have learned from your posts :)
you can check my article about 내가 하는 일이 다 그렇지 뭐 and give me your feedback!
My article 내가 하는 일이 다 그렇지 뭐
ပုံကြည့် ပြီး စားချင်လာပြီဗျာ။တကယ်လည်း မကျွေးဘဲနဲ့။
ဟားး ကျမလဲစားချင်လို့  စာရေးတင်လိုက်တာရှင့်
ဒူးရင်းသီးတော့ သိပ်မစားဖြစ်ဘူးဗျ ကျွန်တော်တို့ဆီမှာတော့ မော်လမြိုင်ဒူးရင်းသီးတွေ ရှားပါးပါတယ်ဗျ
ဟုတ် ကဲ့
အရမ်းကြိုက်...စားကောင်းတယ်ဆိမ့်နေတာဘဲ...မွှေးမှ မွှေး...။
ဟုတ်တယ်ဆို
Beautiful
thank you
ရှလွပ်
ခ်ခ်
မမလဲ ကြိုက်တယ်🤗🤗
ခ်ခ်
အနံ့ကိုမခံနိုင်တာရယ်