"ဘဝအတွက်အလွမ်းဇာတ်"
သင်ဟာ ငတုံးမဟုတ်သလို..
ကိုယ်ပိုင်အရည်ချင်းက ဘာလဲ?
ဖိနပ်မရှိတိုင်း ငိုနေမိရင်
ခြေထောက်မပါတဲ့သူကို သတိရပါ
အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ
Photo credited from online
လင်မယားနှစ်ယောက်ကြား စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
လောကမှာ ငါ ပဲကံဆိုးနေတာလားတွေးမိရင်
ကမ္ဘာပေါ်က ဒုက္ခမျိုးစုံရောက်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
ချစ်သူကစွန့်ပစ်သွားလို့ အသည်းကွဲမိရင်
အစွန့်ပစ်ခံခဲ့ရသောမိဘမဲ့ကလေးများ၏ ဝေဒနာကိုခံစားကြည့်ပါ
အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေမိရင်
အလုပ်လက်မဲ့ဖြစ်နေသော လူတွေကိုသတိရလိုက်ပါ
စက်ဘီးစီးနေရတဲ့ ဘ၀ကို စိတ်ဓာတ်ကျမိရင်
လမ်းလျှောက်နေရသူတွေကို သတိထားကြည့်လိုက်ပါ....။
ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့ စိတ်ဓာတ်ကျလျှင် ဖြေသိမ့်ဖို့လုပ်ပါ။..