စိတ်ကောင်းတစ်ခု

in #tinzar8 years ago

တစ်ခါတုန်းက ဆေးရုံတစ်ခုမှာ လူနာနှစ်ယောက်ဆေးရုံတတ်ကြတယ်။ သူတို့နှစ်ယောက်ကို တစ်ခန်းတည်းမှာထားလိုက်တယ်။ အခန်းထဲမှာကုတင်ကနှစ်လုံးရှိတယ်။ တစ်ယောက်တစ်လုးံပေါ့။ တစ်ယောက်ကတော့ ပြတင်းပေါက်နားက ကုတင်မှာနေရတယ်။ တစ်ယောက်ကတော့ ပြင်တင်းပေါက်နဲ့ဝေးရာ နံရံနားမှာထားတယ်။နှစ်ယောက်စလုံးက ထတောင်မထိုင်နိုင်ဘဲ ပက်လက်အနေအထားမှာပဲနေရတယ်။ တစ်ခါတစ်ရံ ဝေဒနာ ပြင်းထန်တဲ့အခါ မခံစားနိုင်ဘဲအော်လို့သာနေရတော့တယ်။တစ်နေ့မှာ နရံဘက်က လူနာက ဝေဒနာ ထဖောက်ပြီး အော်ညည်းနေတော့တယ်။ တစ်ဖက်ကလူနာကလည်း စိတ်မကောင်းဖြစ်မိပြီး သက်သာလိုငြားစကားပြောပေးတယ်။ "ခများကို ကျွန်တော်ပြတင်ပေါက်ကနေ ကြည့်လို့မြင်ရတဲ့ မြင်ကွင်းအချို့ကိုပြောပြမယ်။ ခများ နားထောင်မလား။” ရောဂါခံစားနေတဲ့ နံရံနားကလူနာကလည်း ဝေဒနာ ခဏတာသက်သာလို သက်သာငြား "ဟုတ်ကဲ့ ကျွန်တော်နားထောင်ချင်ပါတယ်။ ပြောပြပေးပါ” ပြတင်းပေါက်နားကလူနာက အပြင်ဘက်ကမြင်ကွင်းကိုပြောပြပါတော့တယ်။ "အပြင်ဘက်ပါ ရောင်စုံခြယ် ပန်းခင်းကြီးတစ်ခုရှိတယ်။ အဲ့ဒီနားမှာလိပ်ပြာလေးတွေလည်းပျံဝဲနေကြတယ်။ ပြီးတော့ ခုံတန်းရှည်လေးလည်းရှိတယ်။ ဟော ပြောရင်းဆိုရင်း စုံတွဲလေးတစ်တွဲလာနေပြီ။”အဲ့လိုပြောတော့ တစ်ဘက်က လူနာက ခံစားနေရတဲ့ဝေဒနာကို မေ့ပြီးသူပြောတဲ့ အကြောင်းအရာများစိတ်ဝင်စားပြီး အပြင်ဘက်ကိုကြည့်ချင်လာတယ်။ ရောဂါလည်းသက်သာပြီး လက်ကလေးတွေတောင်လှုပ်လာတယ်။ အဲ့ဒီအကြောင်းအရာများကိုစိတ်ဝင်စားပြီး ပြတင်းပေါက်ကို စိတ်ဝင်စားပြီး အပြင်ဘက်ကိုပဲကြည့်ချင်နေတော့တယ်။အဲ့လိုကြည့်ချင်တော့ ပြတင်းပေါက်နားကိုနေချင်လာတယ်။ လူနာကုတင်တွေမှာ အရေးပေါ် ဝေဒနာထဖောက်ရင် ဆရာဝန်များကို အချက်ပြလှမ်းခေါ်ဖို့ ခလုတ်တစ်ခုစီပါရှိတယ်။ တစ်ညမှာတော့ ပြတင်းပေါက်နားက လူနာက အမောဖောက်လာတယ်။ ဘေးနားမှာရှိတဲ့ခလုတ်ကိုတောင် မနှိပ်နိုင်တော့ဘူး။ နံရံဘက်ကလူနာကလည်း တစ်ဘက်ခုတင်ကလူဝေဒနာခံစားနေရတာကိုသိတယ်။ ဆရာဝန်တွေကို အချက်ပြခလုတ်နှိပ်ပြီးလည်း ခေါ်ပေးလို့ရတယ်။သူ့ရဲ့လက်ကိုထုပ်ပြီခေါ်ပေးမယ်အလုပ် သူက ပြတင်းပေါက်နားကကုတင်ကိုနေချင်တယ်။ အဲ့ဒီ ပြတင်းပေါက်နားနေချင်တဲ့ ဆန္ဒလောဘကြောင့် ခလုတ်နှိပ်ပြီးခေါ်မပေးတော့ပဲ သူ့ရဲ့လက်ကိုဝှက်ထားလိုက်တယ်။ ဖောက်နေတဲ့လူနာလည်း ပြင်းထန်သောဝေဒနာကို အကြီးအကျယ်ခံစားရပြီး နောက်ဆုံးမှာတော့ အသက်ထွက်သွားတော့တယ်။ မနက်ရောက်တော့ ဆရာဝန်များလာကြည့်တော့ အသက်မရှမှန်းသိရတော့တယ်။သေဆုံးတဲ့လူနာကို ဖယ်ရှားပြီး ကုတင်ကိုသန့်ရှင်းကြတယ်။ နံရံဘက်ကလူနာက ပြတင်းပေါက်နားကိုနေချင်တယ်။ တာဝန်ကျဆရာဝန်တွေကိုပြောတယ် "ကျွန်တော်ပြတင်ပေါက်ကခုတင်ကိုပြောင်းနေလို့ရမလား”ခုတင်မှာလူနာမရှိတော့သဖြင့် " ဟုတ်ကဲ့ ရပါတယ် ဦးလေးက အဲ့ဒီကုတင်မှာနေချင်လို့လား ရွေ့ပေးပါမယ်” ဆရာဝန်ပြောစကားကြောင့် လူနာကအရမ်းဝမ်းသာသွားတယ်။ နေချင်နေတဲ့ ပြတင်းပေါက်နားက ကုတင်ကိုနေခွင့်ရှိပြီလေ။ ပြတင်းပေါက် အပြင်ဘက်က မြင်ကွင်တွေကိုကြည့်ရှု့ခွင့်ရတော့မယ်လေ။ ပြတင်းပေါက် နားကကုတင်ပေါ်ရောက်တော့ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တယ်။ သိလိုက်ပါပြီ။အပြင်ဘက်မှာ အရင်ကလူနာပြောသလို ရှုခင်လည်းမရှိ ဘာမှမရှိ ဘေးပတ်လည်ကာရံထားတဲ့ အုတ်နံရံပဲတွေလိုက်ရတော့တယ်။ အရင်ကနေတဲ့လူက သူ့ကိုစေတနာတွေနဲ့ မရှိတာကိုအရှိလုပ်ပြီး ပြောဆိုသွားတယ်။ "မှားပြီ ငါမှားပြီ သူတော်ကောင်းကို သတ်မိပြီ” နောင်တအကြီးအကျယ်ရပြီး စိတ်ဒုက္ခရောက်ကာ အနိစ္စရောက်တော့တယ်။

လူတိုင်းအပေါ်မှာ စေတနာစိတ်ရင်းအမှန်ထားရှိနိုင်ကြပြီး ကိုယ်တိုင်လည်း စိတ်ရင်းကောင်းပြီး ကူညီတတ်သောသူများနဲ့တွေ့ကြပါစေ။
#tzh(ahlon)
Myanmar image

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 64730.42
ETH 1767.17
USDT 1.00
SBD 0.42