ယ​နေ့သည်​ မ​နေ့ကအတွက်​ မနက်​ဖြန်​ဖြစ်​ခဲ့သလို မနက်​ဖြန်​အတွက်​လဲ မ​နေ့ကဖြစ်​မှာပါ (That Ko Zaw)

in #myanmar7 years ago (edited)

ယ​နေ့သည်​ မ​နေ့ကအတွက်​ မနက်​ဖြန်​ဖြစ်​ခဲ့သလို မနက်​ဖြန်​အတွက်​လဲ မ​နေ့ကဖြစ်​မှာပါ။
FB_IMG_1498454197961.jpg
steemit ကို စလုပ်​​တော့ ပထမဦးဆုံး​ သိလိုက်​ရတာက
ကမ္ဘာသုံး ဘာသာစကားတစ်​ခုကို ​သေချာကြိုးစားပြီး မ​လေ့လာမိခဲ့တဲ့ အကျိုးဆက်​အဖြစ်​ ညံဖျင်းလွန်းတဲ့ ကိုယ့်​ရဲ့ english skill ပါပဲ။
နောက်​တချက်​က မိမိရဲ့ ကျွမ်းကျင်​မှုပညာရပ်​ကို ချပြဖို့ ဘာမှ​သေ​သေချာချာ​လေ့လာသင်​ယူခဲ့ခြင်း မရှိခဲ့ပါလားဆိုတာ​တွေ သွား​တွေ့ရတယ်​။
မ​နေ့ကဆို​သော အတိတ်​မှာ ကိုယ်​​အချိန်​ကိုအသုံးချခဲ့မှု အားနည်းခဲ့တဲ့
ရလဒ်​တစ်​ခု​အ​နေနဲ့ ဒီ​နေ့ဆို​သော ပစ္စုပန်​ မှာ မ​ရေးတတ်​ဘူး မဖတ်​တတ်​ဘူးဆိုတဲ့ ပြသာနာ ​တွေဖြစ်​လာရတာပါ။ ထို့​ကြောင့်​ မနက်​ဖြန်​ဆို​သော အနာဂတ်​အတွက်​ ယ​နေ့ ပစ္စုပန်​မှာ ကြိုးစားထားသင့်​တယ်​ဆိုတာပါ။ အချိန်​​တွေက ​နောင်​တအတွက်​ဆို အရမ်းမြန်​တတ်​ပါတယ်​​နော်​။ steemit က ​ဒေါ်လာ​ပေးပြီး ကျ​နော့်​ကို ကြိုးစာဖို့အတွက်​ တိုက်​တွန်းခဲ့တာပဲ။ အသိ​ပေး​နေတာပဲ။
အဲ့ဒါ​ကြောင့်​ vote သိပ်​မရလို့ $အရနည်းလို့ စိတ်​ပျက်​မသွားကြပါနဲ့။
အားလို့ရတဲ့အချိန်​​လေးမှာလုပ်​ကြပါ။
အနည်းဆုံး​တော့ စာဖတ်​အား စာ​ရေးအားနဲ့ မသိတဲ့စကားလုံး​တွေပြန်​ရှာဖတ်​တဲ့အတွက်​ ပိုပြီးတိုးတတ်​လာစရာရှိပြီးသားပါ။ facebook မှာ​တောင်​ အချိန်​ကုန်​ခံခဲ့ကြ​သေးတာပဲ။
စလုပ်​တာနဲ့ $​တွေ တန်းစီ ရ​နေမယ်​ထင်​ပြီး မရ​တော့ စိတ်​ပျက်​သွားရင်​​တော့ မိတ်​​ဆွေသ​ဘောပါပဲ။
လွယ်​လွယ်​​လေး​တော့ ဘယ်​မှာမှမရပါဘူး။ steemit မှမဟုတ်​ပါဘူး ဘယ်​မှာပဲ​နေ​နေ ကိုယ်​ကိုယ်​တိုင်​ကြိုးစားတည်​​ဆောက်​ရတာပါပဲ။
U5drrUek14nxk4V3ZN6WrNfi5hj84N4_1680x8400.png
အနည်းအကျဉ်း​လေးသိလာတာ​တော့
ကဲ ကိုယ်​ဘယ်​လိုင်းကို ​ရွေးမလဲဆို​တော့ကာ ကိုယ့်​မှာ ကျွမ်းကျင်​တဲ့နည်​ပယ်​မရှိပဲ ဟိုစပ်​စပ်​ ဒီစပ်​စပ်​​လောက်​သာ ဖြစ်​​နေရတာပဲ။
ဖြစ်​ချင်​တာက ကူညီချင်​တာ
ကိုယ်​ဘာကူညီနိုင်​မလဲ​တွေးတယ်
ကိုယ့်​ကို vote ​ပေးမယ့်​သူက ကိုယ့်​ရဲ့ post တစ်​ခုတတ်​လာတာနဲ့ ဘာ​တွေသိရမလဲ ဆိုတာမျိုးဖြစ်​​နေရင်
ကို့ရဲ့ post ကို
စောင့်​​နေသ​လောက်​ကိုဖြစ်​​နေရင်​ please follow me and vote
ရေးစရာကို အ​ကြောင်းမရှိတာ သိတယ်​။
ဖြစ်​ချင်​တာ​ပြောတာပါ။
Quick start guide ဖတ်​တယ်​ ​တွေ့တာ​လေးနည်းနည်းစီ​ရေးတယ်
အဲ့ဒီမှာပြသာနာက ကိုယ်​​တွေက စာဖတ်​တယ်​ သို့​သော်​ အားတဲ့အချိန်​​လေးဖတ်​ရတာတ​ကြောင်း
သေချာဖတ်​​သော်​လည်း ဘာသာစကားအခက်​ခဲ​ကြောင့်​ အနည်းအကျဉ်းသာနားလည်​ပြီး
ပြန်​ရှင်းပြ​ရ​လောက်​​အောင်​ သိပ်​နားမလည်​ပြန်
ကိုယ်​တိုင်​စမ်းမကြည့်​ရ​သေးတာကတစ်​မျိုးဖြစ်​​နေ​တော့
စာတစ်​ပုဒ်​​ရေးဖို့ အ​တော်​​လေးကြိုးစားရတယ်​။ အဲ့ဒါ​ကြောင့်​ post မတင်​ဖြစ်​တာပါ။
တစ်​ခါသား some important fact အ​ကြောင်း​လေး​ရေးတာ ပြန်​ဖတ်​ ပြန်​ရှာ စာလုံး​ပေါင်းမှားနဲ့ တဝက်​​ကျော်​​ကျော်​ရှိ​သေး
မိုးလင်း​တော့ မတတ်​နိုင်​ဘူး မြန်​မြန်​ဖြတ်​မှပဲဆိုပြီး ပြီးလိုက်​ရတယ်​။
အိပ်​​တော့မယ်​လုပ်​​တော့မှ ​ခေါင်းထဲ​ပေါ်လာလို့ ထပ်​​ရေးတင်​လိုက်​တာ
နောက်​ထပ်​ post တစ်​ခုကို နှစ်​မိနစ်​နဲ့ပြီးသွားတယ်​။ တကယ်​​တော့ ​ရေးစရာဆိုတာ ​ခေါင်းထဲရှိပြီးသားပါ။
ကူညီနိုင်​တဲ့post ​လေး​တွေ ပို​ရေးချင်​လို့ပါ။
received_654077714780452.jpeg

ကဲ ​ရေးပြီးပါပြီ သို့​သော်​ vo​te မ​ပေး​တောင်​ဖတ်​​ပေးပါ ဆို​တော့ကာ vote ​လောက်​ပဲ ​ပေးသွားကြတယ်​။
ဆို​တော့ကာ ကိုယ်​​ရေးတာထက်​စာရင်​ quick start guide ​တွေ user help post ​တွေကိုလည်း ရနိုင်​သ​လောက်​ကြိုးစားပြီး ဖတ်​​စေချင်​တယ်​ဗျာ။
တချို့ဆို အရမ်း​လေ့လာတယ်​ ​ရေးလဲ​ရေးနိုင်​ကြတာ​တော့ ​တွေ့ရတယ်​။ နစ်​ရက်​သုံးရက်​ပဲရှိ​သေး ​တော်​​တော်​များများ သိသွားပြီး သူတို့​ရေးတဲ့စာ​တွေကို ပြန်​​စောင့်​ဖတ်​ပြီး သင်​ယူရတယ်​။
ဆိုလိုချင်​တာက steemit အ​ကြောင်း​တော်​​တော်​များသည်​ steemit ထဲမှာလည်း​ရေးသားထားပါတယ်​။ ဖြစ်​နိုင်​ရင်​ ကိုယ်​တိုင်​လဲ ဖတ်​ပြီး တစ်​​ယောက်​တမျိုးစီ​ရေးကြရ​အောင်​။ ​နောက်​လူ​တွေအတွက်​​ပေါ့။

မ​နေ့က post တစ်​ခုတင်​လိုက်​တယ်​ comment တစ်​ခု တန်းဝင်​လာတယ်

ငါတစ်ခုခုငါသည်ဤဖတ်ရှုဖို့အသုံးပြုတဲ့အွန်လိုင်းဘာသာပြန် tool ကိုအတွက်ဆုံးရှုံးခဲ့ရလျက်ရှိသည်, ဒါပေမယ့်အလွန်အားကောင်းတဲ့စကားလုံးများနှင့်တိုးတက်မှုခံစားခဲ့ရသေချာဖြစ်၏။

လို့​ရေးထားတယ်​။

အဲ့လို​ရေးထားတယ်​ ​သြော်​ လူသစ်​ပဲ
ငါ့​ရေးတဲ့စာကို google translate
တောင်​သုံးပြီး မှန်​လဲမမှန်​ပဲ ကြိုးစားဖတ်​ရှာတယ်​​ပေါ့ အဲ့မှာ ချက်​ချင်း follow လုပ်​ သူ့ comment ကို vote ​ပေး အစ်​ကိုလဲ လိုင်း​ပေါ်ရှိ​နေတာနဲ့ ဘယ်​လို reply ပြန်​ရင်​​ကောင်းမလဲ လှမ်း​မေးတာ။

သင်၏ ကြိုးစားမှုသည် အချီး အနှီး မဖြစ်ပေ , အဘယ်ကြောင့် ဆိုတော် ကျွှနုပ်တို့ သည် မိမိတို့ သွားရမည့် လမ်းကို မိမိ တို့ ဖေါက်နေကြသူများဖြစ်သည်။

ပြန်​​ရေးခိုင်းတယ်​။
ပြီး အဲ့ဒါ​တွေက rebot ​တွေတဲ့။
အဲ့မှ​သေချာကြည့်​မိတာ ကိုယ့်​ကို vote မထားဘူးဆိုတာပဲ။ comment ပဲ​ရေးထားတာ ​ယောင်​ပြီး vote ​အောင်​လုပ်​ထားတာ​တွေတဲ့။

Aww သူများ​တွေများ တကယ်​​ငွေရှာနည်းကို နည်း​ပေါင်းစုံနဲ့ ရ​အောင်​ယူပြီးလုပ်​ကြတာပါလား​ပေါ့။
ကိုယ်​မိတ်​​ဆွေ​တွေကိုလဲ ​​သေချာကြည့်​ပြီးမှ vote follow လုပ်​​စေချင်​တယ်​။
စက်​ရုပ်​​တွေများပါတယ်​။ ဂရုစိုက်​​စေချင်​ပါတယ်​​နော်​။

အောင်​မြင်​ကြပါ​စေ

That Ko Zaw

Sort:  

ဘုတ်ခဲ့ပြီအကို

very good post..... i like it very much.....

ကျေး​ဇူးညီ​ရေ

ကိုယ့်ဆရာတွေကလွဲလို့ အပေါ်က vote မှာ ပါ,မပါ ကြည့်ပြီးမှ vote ပြန်ပေးတယ်😀

သိ​နေတာကို သင်​မ​ပေးဘူး

သိတယ်ရယ်လို့မဟုတ်ဘူး ဆာ လူလည်ကျနေမိတာ

အစ်​ကို​ပျောက်​လှချည်​လား

Voting power က ၁၀၀ % ပြန် မရောက်တဲ့ အတွက် စိတ် မကောင်းပါဘူး။ သူများတွေ က robot နဲ့ ပိုက်ဆံရှာချိန်မှာ .. ကိုယ်တွေမှာ ဘာရေးရမလဲ တွေးကောင်းတုန်း.... 😀😀😀

ကျေးဇူး အစ်​ကို
အတာဦး

Good article Fri. Grate post for all user. Nice.

ကျေး​ကျေးသားကြီး

ကျေးဇူးပါ အစ်​ကို​ရေ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67982.33
ETH 2624.89
USDT 1.00
SBD 2.68