စုံစီနဖာ မှတ်တမ်း 3
ဆရာမပေးတဲ့ပိုက်ဆံနဲ့ တခွန်တိုင် ဘကြီးကျောင်း သပိတ်သွားတောင်းတယ်။ ဘယ်ကားဘယ်လိုစီးရမည် ကို မှာတဲ့အတိုင်း အလွတ်ကျက်ထားရသည်။ ဘယ်တံဆိပ် ဘာညာပေါ့ ဘယ်မှာဆင်း ဘယ်နားထိလျောက် အခုရန်ကုန်သွားတော့လည်း အဲ့လိုပဲ။
ကျောင်းမှ ဆယ့်ငါးမိနစ်လျောက်တော့ နန်းရှေ့ခေါက်ဆွဲဖို ဟုခေါ်တွင်သော လမ်းဆုံရောက်သည်။ ဆရာမ စီစီလှိုင်မှာသကဲ့သို့ အမှတ် 1 ကားလိုင်းအသင်းအားစောင့်စီးလေသည်။ ထိုကားသည် ဘုရားကြီး အရှေ့ဘက် မုဒ် ထိအောင်ရောက်ပေသည်။ ထိုမှတဆင့် ယခင်နေခဲ့ဖူးသော မြစ်ငယ်ရောက်သော စက်မှု့ကားများ တဆင့်ပြန်စီးရသည်။ ထိုစဉ်က ကားခတော့မမှတ်မိ အသွားအပြန်ထက် နဲနဲ့ပိုရုံသာ ဆရာမပေးလိုက်သည်။
သံဝရဘဝကလည်း ဒီသပိတ်မရှိမလွယ် ဝယ်ဖို့ ပိုက်ဆံမရှိ။ ဆွမ်းခံစား ကျောင်းတတ် စာကျက် ဒါပဲရှိသည်။ အပြင်လည်းမသွားတတ်။ မှတ်မှတ်ရရ တကြိမ်တော့ ထရမ်းရွှေခေါ်လို့ အုပ်စက်ထဲ ဗီဒီယိုရုံ သွားကြည့်ဘူးသည်။ video ရုံတစ်ခုလုံး ကိုရင်တွေချည်းဖြစ်သည်။
ထိုစဉ်က video ကြည့်ပီးအပြန် ကျောင်းပေါက်ကစောင့်ပီး တယောက်ခြင်း စာမကျက်ပဲ video သွားကြည့်သောကြောင့် ဂူးဂူး ချစ်စနိုးခေါ်သော ဦးအင်ဂုရ မှ စောင့်ပီး ဖိနပ်နဲ့ရိုက်တာကို အသားနီအောင်ခံခဲ့ရဘူးသည်။ နောက်မကြည့်ရဲတော့ပါ။
တံခွန်တိုင်ရောက်တော့ ဘီလူးနှစ်ကောင်နဲ့ ဘုန်းကြီးကျောင်း တန့်ကြည်တောင်ဆရာတော် ဦးသောမဗုဒ္ဓိ သည် အဖေ့ အစ်ကို ဘကြီးဖြစ်နေသည်ကိုသိရသည်။ အစားကောင်းအသောက်ကောင်းများ ဝမ်းသာအားရစားရသည်။ သူတို့တွေသည် ဆွမ်းခံမထွက်ရပဲ စာသာကျက်ရသည်သိရပေသည်။ စာချင်းတော့မတူ သံဝရကျက်ရသည်က ခေတ်ကျောင်းစာ သူတို့က ဘုန်းကြီးစာ။ တူတော့မတူပေ။
ဖြစ်ကြောင်းကုန်စင်ပြောပြရာ ဘကြီးဘုန်းကြီးမှ အတော်စိတ်မကောင်းဖြစ်ကာ
"မျိုးတင့် မင်း သာသနာ့တာဝန်လည်းမကျေ မိသားစုတာဝန်လည်း မကျေ မင်းကွာ"
ဟု ညည်းတွားခဲ့သည်။
သံဝရနားမလည် ထိုစဉ်က။ နောက်မှသိရသည်မှာအဖေသည် ဓမ္မာစရိယတန်း လိုက်ရင်းမှ လူထွက်ပီး အိမ်ထောင်ကျခဲ့သည်သိရသည်။
သင်္ခန်းတစုံ၊ ထီးတလက်၊ ထိုစဉ်က အကောင်းဆုံးသပိတ်ဖြစ်သော တန့်ကြည်တောင် စတီးသပိတ်အကောင်းစား၊ ဘုန်းကြီးစီး ဖိနပ်တရံ ရခဲ့ပေသည်။
သံဝရ ကျောင်းစတတ်ကတည်းက နှစ်တဝက်ကျိုးထိ သင်္ခန်း နှစ်စုံရှိသည်။ တစ်စုံလျော် တစ်စုံဝတ် များများစားစားသိမ်းစရာမလို ခေါင်းအုံးအောက်သာထားအိပ်ရုံ။ ယခုမှုသိမ်းဖို့ပိုလာလေပီ။
တန့်ကြည်တောင် စတီးသပိတ် ကိုင်နိုင်သောအဆင့်နဲ့လား ဟဟ သံဝရထောပီလေ။ ပီးဖိနပ်က ခုံထူဖိနပ် သံဝရတော့ထောပီ။ နောက်အပိုသင်္ခန်းတထည်။
စိတ်ကူးနဲ့ ပျော်ရွင်စွာပြန်လာခဲ့ပီ။ စားရခဲသော်ဆွမ်း အငမ်းမရစားတော့ ထမင်းဆိပ်တတ်လေပီ။ ကားပေါ်ရောက်တော့ အိပ်ငိုက်တာထိမ်းမရ။
တန်းလေးကိုင် ငိုက်လိုက် နိုးလိုက်နဲ့ ကားစီးလာသည်။ သတိတချက်အငိုက် မှေးခနဲပျော်သွားစဉ်....
"ဒေါင်းတိုက် ဒေါင်းတိုက် ပါလား"
နားထဲကြားသည်က ခေါက်ဆွဲဖို ခေါက်ဆွဲဖို
"ပါသေးတယ် ပါသေးတယ်" အိပ်ချင်မှုးတူးဆင်းလာလေသည်။
"ဆင်းဆင်း ကိုရင်ဆင်း"
ပြာပြာသလဲ အထုတ်တွေ ပိုက်ပီးဆင်းလာမိသည်။
အောက်ရာက်မှသိသည်က ကျနော်ဆင်းချင်သောနေရာမဟုတ်။
ကားပြန်ကြည့်တော့ မောင်းထွက်သွားပီ။ ခက်ပီ။ ကားခမကျန်တော့။ ဘယ်သူ့မှမမေးရဲ။
သိတာကျုံးကနေတည့်တည့်သွား ကျောင်းပြန်ရောက်သည်။ နန်းရှေ့ဟုခေါ်သည်။ ok ဆွမ်းခံထွတ်တုန်း တခါရောက်ဖူးသည်။ ကျုံးထိပ်ကို အကယ်၍ ကျုံးတပတ်ပတ်လိုက်လျှင်ထိုနေရာသိမည်။
ကားလည်းဆက်စီးဖို့ပိုက်ဆံမရှိ သံဝရ။
"ဒကာမကြီး ဒီကတည့်တည့်သွားရင် ကျုံးဘေးရောက်လား။"
"ရောက်တာပေါ့ကိုရင်။ "
ကွမ်းဆိုင်ကဒကာမကြီးဖြေတော့ လျောက်ပီလေ။
ကျုံးတဖက်ကို 2 မိုင်ခန့် ပြောကြသည်။ သံဝရရောက်နေသည်က ဟိုဘက်သည်ဘက် ဆန့်ကျင်ဘက်အရပ်။ 4 မိုင်နီးပါးလောက်လျောက်တော့ သံဝရတို့ ကျောင်းဘက်ကိုဝင်သောလမ်းတွေ့ရသည်။ ကျုံးတဝက်ခန်လျောက်ပီး နောက်ထပ်တမိုင်ခန့်လျောက်တော့ သံဝရ ကျောင်းပြန်ရောက်သည်။
မောပန်းပေမယ့် ပထမဦးဆုံး ကိုယ့်ကိုကိုယ် အားကိုးပီး လုပ်နိုင်သော အလုပ်မို့ ကျေနပ်ဂုဏ်ယူမိသည်။ ပီး ကျနော့ဘေးမှာ တန့်ကြည်တောင်သပိတ် နယ်နယ်ရရမဟုတ်ဘူးနော် သံဝရ သပိတ်အသစ်နဲ့ မိုးတောင်မြန်မြန်လင်းချင်တယ်။ သင်္ခန်းအသစ် သပိတ်အသစ်နဲ့ အမလေးပျော်လိုက်တာ သံဝရ။
ပထမဦးဆုံးမန်းလေး က နေရာတွေ အတွေ့အကြုံပေါ့။
ဆက်ရန်
That Ko Zaw
MSC 005
good post, you are cool
ဟာ idol ....wall ထဲ အလည်လာအုန်းနော်...ခ်ခ် fb နဲ့ မှားသွားလို့
လွမ်းမော စရာ တွေ ပြန်တွေး ပြီး ရေးနေပြီလား
အရမ်းဖတ်ကောင်းပါတယ်မျော်နေမယ်နော်
ကိုယ်တော့်နှယ် စာလုံးပေါင်းတွေ သေချာစစ်ပါ ကိုယ်တော်။ ဖိနပ်စာမိနေပါအုံးမယ်။
😁😁😁😁😁😁
Feel ထည့်တာများသွားဒါ