မောင်သက်တရက်တာ

in #myanmar8 years ago (edited)

မန်းလေးမြို့ရဲ့ ပူပြင်းလှတဲ့နွေရာသီကို သူသူငှာငှာ လူအများနဲ့ကျနော်မောင်သက်တယောက် အန်တုနေထိုင်ရင်း နေရီရီ ညနေချိန်ကိုတောင် ရောက်လာခဲ့ပါပြီ ။

စားဝတ်နေရေးအတွက် တနေကုန်ရုန်းကန်လှုပ်ရှားသမျှသော ကျနော်အပါအဝင် ကျနော့်လိုလူများကတော့ ထုံးစံအတိုင်း အလုပ်သိမ်း အိမ်ကိုပြန်ကြလေသတည်းပေါ့ ။

3338242_S.jpg

credit image source

တနေကုန်လုပ်လို့ ရလာတဲ့ငွေကို ကျစ်ကျစ်ဆုတ်ပြီး
တနေကုန်လုပ်လာရတဲ့ပင်ပန်းမှုလေးကိုပြေစေဘို့  အိမ်မရောက်ခင် လမ်းခုလပ်မှာတထောက်နားရင်း ကျနော်အပါအဝင် ကျနော့်လိုလူတချို့ကလည်း တခွက်တဖလားဝင်မော့ကြသည်ပေါ့ ။

ဒီလိုနဲ့ အိမ်ကိုလဲရောက်ရော တလမ်းလုံးကျစ်ကျစ်ပါအောင်ဆုပ်လာတဲ့ လုပ်အားခငွေကို နောက်တရက်စာ မိသားစုစားဘို့အရေးတွေးလို့ အိမ်က မဟေသီကို တန်းအပ်ရလေသည်ပေါ့ ။

3315140_S.jpg

credit image source

ငါ့ဝမ်းပူဆာ မနေသာလို့  လမ်းခုလပ်က အပန်းပြေဝင်မော့ခဲ့တဲ့ယမကာလေးအရှိန်နဲ့ စည်းစိမ်ယစ်မူးနေတုန်း သူ့ ဝမ်းပူဆာ မနေသာတဲ့သားက မုန့် စားချင်တယ်ထပူသံကြားရလေသည်ပေါ့ ။

အဖေတယောက်ရဲ့ရှိသင့်တဲ့ဝတ္တရားရယ် ဖခင်မေတ္တာရယ်က မနေနိုင်တော့လည်း လုပ်အားခရတဲ့ထဲက ကျစ်ကျစ်ပါအောင်ဘတ်ထားတဲ့ငွေလေးဖြည်လို့  သားရေ အဖေ့ဆီလာကွခေါ်ပြီး ထုတ်ပေးရသည်ပေါ့ ။

ဒီလိုနဲ့ဘဲ တနေ့တာအတွက်တော့
ငါ့ဝမ်းလဲမပူ …
သူားဝမ်းလဲမပူ …
မိသားစုဝမ်းလဲမပူ …
မနက်ဖြန်အတွက် ခရီးဆက်ဖို့  …
မောင်သက်တယောက် ညစာစားပြီး အိပ်ယာထဲဝင်ခဲ့ရလေသည်ပေါ့ ။

3327934_S.jpg

credit image soures

photos credit # pixabay

@thatkozaw

MSC 005

Sort:  

‌ပျော်ွှင်‌ စွာ အိပ်‌စက်‌နိုင်‌ပါ‌စေ။နတ်‌သမီး ငါးရာနဲ့ အိပ်‌မက်‌ထဲ ‌တွေ့ပါ‌စေဗျာ။

ပြည့်ချင်တာဗျ

ပျော်ရွှင်ဖွယ် ညလေးဖြစ်ပါစေ ကိုသက်

ဟုတ်ကဲ့ဗျာ မင်္ဂလာပါ

wow amazing photography

from pixabay

ကိုသက်ရေ ပုံလေးတွေကို သူတို့ရဲ့ပင်ရင်း လင့်ကို ကဒ်ဒစ် ပေးပါဗျ။မိနောင်းစစ်လို့ တွေ့သွားရင် သူဗုဒ်ထားတာတွေ ပြန်သိမ်းသွားလိမ့်မယ်ဗျ။

ဟုတ်ကဲ့ thank you

ဒါလည်း ဘဝဇတ်​လမ်းတစ်​ပုဒ်​ထဲက ဇတ်​ဝင်​ခန်းတစ်​ခုပဲ​ပေါ့....။

အမှန်ပေါ့

ရေးတင်တာတွေ့တော့လည်း ဝင်ဖတ်သွားခဲ့သည်ပေါ့။

ဖတ်စမ်းပါအားရပါးရ

တိုတိုရှင်းရှင်းလေးနဲ့ကောင်းလိုက်တဲ့စာပေလေးဗျာအကိုသက်ရေလျော့ပါတော့နော်

ဟုတ်ကဲ့ဗျာ

ကိုသက်လက်ရာတွေတက်လာပါလား၊ စားလုံးပေါင်းသတ်ပုံလေးတွေကလည်းအတော်ဂ၇ုစိုက်ထားပုံပဲ၊ ချစ်စရာကောင်းတဲ့ post လေးတစ်စောင်လို့ပြောနိုင်ပါတယ်။

အဖေ့သားလေဗျာ ဟဲဟဲ

ဖတ်ရတာငြိမ်းချမ်းနေရောပဲ အယ်ကိုရေ သတိတရ လာလည်သွားပါတယ်

ဘတ်​​ငွေလည်း သား​လေးနဲ့​တွေ့​တော့ ထွက်​သွား​ရော​ပေါ့😂😂

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.080
BTC 62544.99
ETH 1664.38
USDT 1.00
SBD 0.42