အမေ့ကိုချစ်တယ် (original story by @thatkozaw)
![FB_IMG_1501871687746.jpg])
မွေးခန်းထဲကအသံသည် တဖြည်းဖြည်းပို၍ အသံကျဲလာပါပြီ။ မောနေပြီထင်ပါရဲ့။
ခဏနားချင်နား
မအိပ်လိုက်နဲ့နော် မအိပ်လိုက်နဲ့နော်။
ဆရာမများပြောသံကြားနေရသည်။
ဆရာမတစ်ယောက်က အပြင်ပြေးထွက်သွားပြီး ဆေးသွားယူပုံပေါ်သည်။ အခြေနေကိုတော့ ဘာမှန်းသေချာမသိသေး။ နာရီကိုကြည့်တော့ မနက်လေးနာရီထိုးခါနီးပြီ။ ရွတ်လက်စ ဘုရားစာကို မျက်လုံးမိတ်ပြီး ဆက်ရွက်နေလိုက်သည်။
မနေ့ည 9နာရီက စခွဲခန်းထဲ ဝင်သွားသည်။
အစစအရာရာ ကိုယ်မပါရင် မပြီးသော အရမ်းကြောက်တတ်တဲ့မိန်းမ ခွဲခန်းထဲဝင်သွားပြီး ကျနော်တစ်ယောက် စိုးရိမ်စိတ်များစွာနဲ့ အပြင်မှာထိုင်စောင့်နေရသည်။
နံရံတစ်ခုသာခြားသဖြင့် အတွင်းမှအသံများ အတိုင်းသားကြားနေရသည်။
အမေရေ ဆိုသောအသံ တွေသည် အစပိုင်းတွင် မာပြီး အကြိမ်ရေ စိတ်သော်လည်း တဖြေးဖြေး နဲ့ တိုးသွားပြန်ကာ ကြဲလာပြန်သည်။
တဖန်ပြန်၍ အားတင်းကာ အော်သောအသံများကြားရသလို ဆရာမများ၏ တိုက်တွန်းသံ များ ကြားနေရသည်။ ဆေးရုံတစ်ခုလုံး၏ ညသည်ကား တိတ်ဆိတ်၍ ထိုအသံများသာ သီးသန့်နားထောင်နေရသလိုဖြစ်နေသော ကျနော်သည် အားတင်းလိုက်တိုင်းလက်သီးဆုတ်မိနေသလို စိတ်ထဲတွင်လဲ တတ်သမျှ မှတ်သမျှ ဘုရားစာ တွေရွတ်နေမိသည်။
ဟိုတွေးသည်တွေးနှင့် သက်ပြင်းတွေချည်း မကြာခဏချကာ အထဲသို့ ပြေးဝင်သွား ချင်စိတ်ကို ထိန်းထားရပေသည်။
ဟောတခါ ပြန်ကြားလာရပြန်ပြီ ခက်ခဲစွာအားတင်းပြီး အော်လိုက်သောအသံ နှင့် ဆရာမများ၏ အားပေးသံ လမ်းညွန်သံများကြားရပြန်ပြီ။ ဟူး အင်မတန်မလွယ်ပါ့လား။
သြော် မိန်းမ တစ်ယောက်ရဲ့တာဝန်ကား မွေးဖွားချိန်တွင် အလွန်အန္တရယ်များရုံမက ခက်ခဲနာကျင်တယ်ဆိုတာ စာအုပ်တွေ ရုပ်ရှင်တွေထဲမြင်ဖူးပေမယ့် ယခုတခါ ပထမဦးဆုံး ကိုယ်တွေ့ ကြုံရခြင်းပါပဲ။
အပြင်မှာကျနော်တစ်ယောက်ထဲ ထိုင်စောင့်နေရင်း
အတွေးတွေ က ကျနော်ဆိုသော လူတစ်ယောက်ကို ယခုကဲ့သို့ပင် ခက်ခဲစွာ အသက်နဲ့ရင်း၍ မွေးဖွားလာသော မိန်းမတစ်ယောက်၊ ကျေးဇူးရှင်အမေ၏ ကျေးဇူးကို ရင်ထဲအသည်းထဲက ခံစားကိုယ်ချင်းစာမိသလို အဖေ၏ ကျေးဇူးအပေါ်တွင်လည်းကိုယ်ချင်းစာမိသောခံစားမှု အဖြစ်လည်း ခံစားနေမိသည်။ ဒါတောင် မရေတွက်နိုင်သောကျေးဇူးများထဲမှ မွေးချိန်လေးတစ်ခုထဲသာ ရှိပါသေးတာပါလား။ အမေ နှင့် အဖေ့ကို အကြိမ်ကြိမ် စိတ်ထဲမှကန်တော့နေမိသည်။
အမေ၏ ကျေးဇူးများကို ပြန်အောင့်မေ့ရင်း
ကျနော့်အတွေးများ အတိတ်ကိုပြန်ရောက်သွားပါသည်။
မိန်းမရေ ငါတို့ သားကို ဘယ်လိုလုပ်ရင်ကောင်းမလဲ
ရှင်ကလဲ ဘာလုပ်ရမလဲတော့ ကျောင်းတော့အထွက်မခံပါဘူးတော် ဒီမြို့ကို တတ်လာတယ်ဆိုကတည်းက သူတို့ကို ပညာတတ်ကြီးဖြစ်စေချင်လို့ပဲ
ငါလဲအဲ့တာပြောမလို့ မထွက်စေချင်ပါဘူး။ သိတဲ့အတိုင်းပဲ သူက ကျောင်းထွက်ပြီးဝပ်ရှော့သင်မယ် တကဲကဲပြောနေတာကိုးဟ။ အရင်တစ်ယောက်ထွက်ရပြီးတာကို တောင် စိတ်မချမ်းသာနေတာ ငါ့မှာ။
ဟုတ်တော့လဲ ဟုတ်ပါတယ်လေ ကျောင်းတွေက ဖွင့်တာကြာပြီ သူ့ခမျာ အခုထိမအပ်ရသေး။ အိမ်လခကလည်း ခဏခဏလာတောင်းနေတာ။ သူကျောင်းထွက်ချင်တာတော့မဟုတ်လောက်ဘူး။ အဆင်မပြေမှန်းသိလို့ပြောတာနေမှာ။
နေပါဦး ငါကြံပါဦးမယ်။ ငါ့သူငယ်ချင်းတစ်ယောက်ပြောတာ မန်းလေးမှာ ဖောင်တော်ဦးဆိုလား ပရဟိတဘုန်းကြီးကျောင်းတကျောင်းရှိတယ်။ ကျောင်းဝင်ကြေးပေးစရာမလိုဘူး။ ဘာကြေးမှပေးစရာမလိုဘူးပြောတယ်။ ကိုရင်ဝတ်ပြီးကျောင်းတတ် အဲ့မှာပဲ ဆွမ်းခံစားကြတာတဲ့။ သေချာအောင်မေးကြည့်ရဦးမယ်။
အဲ့ဒါဆို သူလဲ ကိုရင်ဝတ်ချင်နဲ့အတော်ပဲ။ အဆင်ပြေတာပေါ့ သေချာအောင်မေးပါဦးတော်ရယ်။ အိမ်ပြန်မငှါးနိုင်သေးလဲ သူ့ကို ပို့ထားလို့ရတယ်။ ကျုပ်တို့က ဘယ်နေနေတော်ရေ။သားငယ်လဲ ကျောင်းမထွက်ရဆိုတော့ကာ။
ကျနော်အိပ်နေတယ်ထင်ပြီး အဖေနဲ့အမေနဲ့ပြောနေကြတာ။ အခန်းကျဉ်းလေးထဲမှာဆိုတော့ အားလုံးတန်းစီအိပ်ကြတာ။ တိုးတိုးပြောပေမယ့် ကျနော်ကြားနေရတယ်။
မန်းလေးတဲ့လား။ တိရိစ္ဆာန်ဥယျာဉ်တော့ တစ်ခါရောက်ဖူးသား။ ဘာပဲဖြစ်ဖြစ်လေ ကိုရင်ဝတ်ဆိုတော့လဲ ဝတ်တာပေါ့။
ကဲကဲ ကိုရင်ကြီးရှိလားဟေ့ ဟောဒီကလေးကို ကတုံးတုံးပေးစမ်း။ ဓားက ဗီရိုထဲရှိတယ် ပြီးသင်္ကန်းပါလာတယ်တဲ့ ဝတ်ပေးလိုက်စမ်း။
တင်ပါ့ဘုရား။
ကိုရင်ကြီးတစ်ယောက် ကျနော့ကိုခေါ်သွားတယ်။
ကျောင်းအောက်ရောက်တော့ ခေါင်းတုံးတုံး
သင်္ကန်းပတ်ပေးတာပေါ့။
အမေကတော့ ကျောင်းပေါ်မှာထိုင်ပြီး စောင့်နေခဲ့တယ်။
Photo from google
အားလားလား ဘုန်းကြီးကျောင်းသာဆိုတယ် ကျောင်းကြီးက သုံးထပ်တိုက် အကြီးစားကြီး။ ကျောင်းသားတွေလဲ အများသား။ အမေပြောတာတော့ နိုင်ငံခြားက လာလှူထားတာ ဂျပန်မြန်မာ ချစ်ကြည်ရေးဆိုပဲ။
ကျနော့်စာသင်ခန်းထဲကိုပို့ပြီး အမေပြန်သွားတယ်။
ကျနော် မြို့ကြီးပြကြီးတစ်ခုမှာ တစ်ယောက်ထဲ ကျန်ခဲ့သလိုခံစားရတော့ ဝမ်းနည်းသလို အားငယ်သလိုပဲ။
ညနေကျောင်းဆင်းပြီ ခက်တာက ကျနော့ ဖိနပ် ပျက်နေပြီ ဘာလို့မှန်းမသိ အဲ့ဒီတုန်းက ကျနော်ချွေးတွေပြန်ပြီး အပြင်ထွက်ရမှာရှက်နေမိတယ်။ ကျောင်းသားတွေကလည်း တော်တော်နဲ့မထွက်ကျသေးပဲ ထိုင်နေကြတယ်။ မြို့ကြီးပြကြီးကို ပထမဆုံးရောက်တဲ့အချိန် ငယ်သေးလို့လားမသိ အရမ်းအားငယ်ပြီး ဒီဖိနပ်လေးပျက်တာကိုတောင် ကျနော် ဘာဆက်လုပ်ရမလဲမသိ ဖြစ်ပြီး ရှက်နေမိတာ။ မျက်နာတွေတောင်ထူပူပြီး ချွေးတွေပြန်နေမိတယ်။ နောက်ဆုံးမတက်နိုင်ပဲ မသိမသာ ဖိနပ်ကို ရှပ်တိုက်စီးပြီး အပြင်ထွက်လာတယ်။ အပြင်ရောက်တော့ လူများနေသေးလို့ ခက်တည်တည်နဲ့ ကော်ရစ်တာမှာ မက်တပ်ရပ်ပြီး အောက်ကိုလှမ်းကြည့်နေလိုက်တယ်။
အရင်တုံးကလို အမေသားဖိနပ်ပျက်သွားပြီဆို အမေသားဖိနိပ်ပျက်သွားတယ် ဆိုပြီး အသာလေးပြော ပြန်ဝယ်ပေးနိုင်ဖို့အခြေနေမရှိတော့ အားငယ်တယ်အမေရာ။ စိတ်ထဲမှာ အမေ့ကိုတမ်းတမိနေတယ်။
တမ်းတမိရင်း တမ်းတမိရင်း......
ဟားဟိုအောက်က ကျောင်းသားတွေကြားမှာ တိုးပြီးဝင်လာနေတာ အမေပါလား။
ငါစိတ်ထင်နေတာနေမှာပါ အမေကပြန်သွားပြီ။ ငါ့ကိုထားခဲ့ပြီ။
ဟားမဟုတ်သေးဘူး အမေပဲ
ဖိနပ်လေးကိုင်ပြီး ငါ့ကိုလက်လှမ်းပြနေတာ ဟုတ်တယ် အမေပဲ။
အမေဆိုပြီး ငယ်ငယ်တုံးကလို အမေဆိုပြီးပြေးဖက်ချင်လိုက်တာ။
ကျနော် ငိုချင်လောက်အောင် ဝမ်းသာလိုက်တာ။
အမေရာ သားဖိနပ်ပျက်သွားလို့ ဒီနားမှာ ဘယ်မှမသွားရဲလို့ နေနေတာ။
သြော်ငါ့သားရယ် အမေက အမေပါ။ သားဖိနပ်မကောင်းတော့တာ အမေသိပြီးသား။ မနက်က ပိုက်ဆံမလောက်လို့ ခဏ ပိုက်ဆံသွားချေးနေတာ။
ဖိနပ်မှမဟုတ်ဘူး ငါ့သားတွေဘာလိုလို
အမေသိပါတယ်သားရယ်.......
ဟုတ်ပါတယ် အမေက အမေပါ အမေရယ်။
That Ko Zaw
ကိုယ့်လူတွေ post ကိုဖတ်ရတာ ပျော်ပျော်လာပြီ၊ ဒီနေ့ ငါ နဲ့ မနက်ဖြန် ငါ ပျော်ပျော်ကြီးပြိုင်ထားဟေ့
ဟုတ်ဆရာ
မိဘ မေတ္တာကို ထပ်တူခံစားရပါတယ်ဗျာ
တတ်သလောက်လေး ပုံဖော်ကြည့်တာပါ
ကျွန်တော်ကတော့ အမေ့မေတ္တာကို ပုံဖော်မရေးနိုင်တဲ့အတွက် ဒီပို့တ်လေးကို ကြိုက်တယ်။ကျွန်တော့်အမေက ကျွန်တော် ၈နှစ်သားမှာ ဆုံးသွားခဲ့တယ်လေ..😢😢😢😢😢
Sorry ဗျာ စိတ်မကောင်းစရာဖြစ်စေပြီ
ရပါတယ် ကိုကြီး
Quaility ပို့စ်ဆိုတာ အဲလို ရင်ထဲမှာ တစ်ခုခုကျန်ရစ်မှ normally မဟုတ်ပဲနဲ့လေ
ကျေးဇူးပါ
အို . . မျက်လုံးထဲက အရည်တွေတောင် ဝိုင်းလာတယ်ဗျာ
အိုက်စ်
😢😢😢😢😢😢
ကျေးဇူးရှင် မေတ္တာရှင်တွေပါပဲ
ကျနော်တို့လိုအပ်ချက်တွေကို
အမြဲတမ်းလိုလိုရှာဖွေနေတက်ကြသူတွေပါဗျာ
ဟုတ်တယ်ဗျ ကျနော်တို့ကတော့ သူတို့လိုအပ်ချက်တွေကိုမေ့နေတတ်တယ်
ကိုယ့်အလှဲ့ရောက်လာပြီလေ
ဟုတ် ဂရုပြန်စိုက်ပေမဲ့ သူတို့မေတ္တာကိုတော့ မမှီပါဘူး
ကျနော်ကတော့ အခု လူပြိုကြီးပါဗျာ..
အသက်တွေတဖြည်းဖြည်းကြီးလာတော့
မပျိုတော့ပဲ ပြိုလာပြီလေ 😁😁😁
အနော်လည်း အမေ့ကျေးဇူးလေးတော့ ရေးနိုင်အောင် ကြိုးစားဦးမယ်ဗျို့
ရေးနိုင်ပါတယ်
မရေးသေးတာနေမှာ
ကျနော့် အကြောင်းလေးရေးမလို့ အစပြုရင်း
ဒီအကြောင်းက မရေးမဖြစ်လို့ မန်းလေးစရောက်ပုံကစ လှည့်ဝင်တာပါ
အရမ်းကောင်းပါတယ်
ကျေးဇူးပါ
အပိုအလိုမရှိတယ့် အဖြစ်ပါ
Makasih atas informasi yang anda berikan @thatkozaw, postingan @steemit anda sangat berguna bagi semua pembaca @steemit yang memahami nya, dan jujur saja saya bingung dengan tulisan anda, karena semua huruf tak dapat saya pahami dengan baik dan jelas @thatkozaw, sekiranya kita dapat berkerja sama dengan baik dalam hal upvote, follow and resteem @steemit, hal yang sangat menarik ketika kita ingin mempunyai kawan yang lebih banyak yang bisa berkerja sama satu misi dan tujuan, trimakasih
Salam KSI @steemitaceh @steemitindonesia
မိဘ ဆိုတာ ဘ၀ ဆိုတဲ့စကားလုံးလိုပါဘဲ စကားလုံးနှစ်ခုတည်းပေမယ့် မမြင်နိုင်မသိနိုင်တဲ့အဓိပ္ပါယ်တွေနဲ့ပြည့်နှက်နေတာပေါ့ဗျာ..အဆင်မပြေတဲ့မိဘတွေစီကပေါက်ဖောက်ဖွားလာကြတဲ့သားသမီးတွေဟာ အဆင်ပြေတဲ့ဘ၀ရောက်ရင်မိဘအတွက်နာကျင်ခံစားရသလို အဆင်ပြေတဲ့မိဘတွေစီကပေါက်ဖွားတဲ့သားသမီးတိုင်းဟာလည်း အဆင်မပြေတဲ့ဘ၀ကိုကြုံကြိုက်လာခဲ့ရင် နာကျင်ခံစားရတာ အတူတူပါဘဲ. အော် မိဘ မိဘ ရောက်ရာအရပ်က လက်စုံမိုးကန်တော့လျက်ပါ...😔😔😔😔