Jade miner That Zaw final part (Original story by That Ko Zaw)

in #myanmar7 years ago (edited)

FB_IMG_1501871687746.jpg
ဤခရီးနီးသလား...
ခရီးအနီးအ​ဝေးသည်​ သင်​သာလျှင်​ ဖြစ်​သည်​။
ဤခရီး​ဝေးသလား......
ခရီးအနီးအ​ဝေးသည်​ သင်​သာလျှင်​ဖြစ်​သည်​။
သို့ဆို​သော်​ အဘယ်​အရာဘယ်​သို့ နည်း...
ဘယ်​သို့ဆို​သော်​ သင်​သာလျှင်​ဖြစ်​သည်​။
TKZ
hqdefault.jpg

မိုင်​ဘယ်​​လောက်​​ဝေးမလဲ
လျောက်​စမ်းသက်​​ဇော်
လျောက်​စမ်း....
တစ်​လှမ်း​လျောက်​လိုက်​တိုင်း ဆယ်​မိုင်​ထဲက တလှမ်းစာ​လျော့သွားတယ်​ သက်​​ဇော်
ဘယ်​နှစ်​နာရီ​လျောက်​ရလဲမင်းမ​တွေးနဲ့
ရပ်​မ​နေရင်​ ​ရောက်​မှာပဲလို့ပဲ မင်း​တွေးထား။
ရပ်​သွားမယ်​ဆိုရင်​​တော့ မင်းမ​ရောက်​​တော့ဘူး။
မင်းရဲ ရန်​သူက ရပ်​သွားမှာဆိုတာပဲ​တွေးထား။
အဲ့ဒီရန်​သူကို သာလျှင်​ မင်း​ကြောက်​ဖို့လိုတယ်​သက်​​ဇော်​......
ဝေခွဲမရတဲ့ ခံစားမှု၊ နားမလည်​နိုင်​ခြင်း​တွေ၊ ဘာ​ကြောင့်​လဲဆိုတဲ့​မေးခွန်း​တွေ တ​ပွေတပိုက်​နဲ့ သက်​​ဇော်​ လမ်း​လျောက်​လာခဲ့​ချေပြီ။

"သက်​​ဇော်​ ​ကျောက်​ ဖြတ်​ပြီးသွားပြီ။ သိန်း100 နဲ့တဲ့ ငါမင်းကိုလာ​ခေါ်တာ။"

အံသြခြင်းများစွာ နှင့်​ သက်​​ဇော်​ ဘာမှပြန်​မ​ပြောနိုင်​။
ဘယ်​လိုဖြစ်​တာတုန်း။ မ​နေ့ကမှ ​ကျောက်​ဖြတ်​မယ်​​ပြော​တော့ ဖြတ်​မရဟု​ပြောသည်​။ ကျန်​သူများကလဲ မဖြတ်​ဟု​ပြောသည်​။ ယခု​တော့ ဖြတ်​ပြီးသွားပြီ။ မယံနိုင်​​သေး။ 100 နည်းလွန်းသည်​။ မယုံနိုင်​လိုက်​သွားမှဖြစ်​မည်​ ပြန်မ​သွားချင်​​တော့လည်း လိုက်​သွားမှဖြစ်​မည်​။

"ဘယ်​လိုဖြစ်​တာလဲ အစ်​ကိုတို့ ကျ​နော်​ မ​နေ့က ဖြတ်​မယ်​ဆိုတုန်းက အစ်​ကိုတို့မဖြတ်​ကြဘူး​ပြောတယ်​။ အခုဖြတ်​ပြီးသွားပြီဆို​တော့။"

ကိုယ်​စားလှယ်​ က လက်​မှတ်​​လေးတစ်​ခုသာ ထုတ်​ပြသည်​။ တံဆိပ်​​လေးတစ်​ခုနဲ့ သိန်းတစ်​ရာ ပါ​သော လက်​မှတ်​​လေးတစ်​ခု။
ဘာပြန်​​ပြောရမလဲ ဘာမှပြန်​မ​ပြောနိုင်​​တော့။
ကျောက်​​ကော ထိုရုံးတွင်​ထားခဲ့သည်​ဟုဆိုသည်​။
ကျ​နော်​တို့ကျင်းသား​တွေ မ​ရောင်းဘူးဟု​ပြောရင်​ အမှန်​ထားခဲ့လို့မရ ပြန်​ယူလာလို့ရ​သည်​ဟု စည်းကမ်း​တော့ကြားဖူးသည်​။
သို့​သော်​ကိုယ်​​တွေ့​တော့မကြုံဖူး​သေး။ ယခုမှုကားကိုယ်​စားလှယ်​သည်​ ကြိုမ​ပြော။ ​ကျောက်​ဖြတ်​မည်​ လိုက်​ခဲ့ဟု​ခေါ်ကာထွက်​သွားသည်​ဟုဆိုသည်​။
ကျင်း​ခေါင်းကို​အောင်​နှင့်​ စက်​ပြင်​ သည်​။ ​ရေအကြားကြီးချိုးကာ​နေသည်​ဟုဆိုသည်​။ အဖွဲ့အားလုံးစုကာလိုက်​သွား​တော့ ​ဥတု​ချောင်းထိပ်​တွင်​ အပြန်​သာမှီကြသည်​ဟုဆိုသည်​။ လက်​မှက်​​လေးသာ မြင်​ရကာ ​ကျောက်​​တော့ မ​တွေရ​တော့​ပေ။ စည်းမျဉ်းနဲ့ မညီညွတ်​ ဖြတ်​ချင်​​သော​ဈေးကို သူ့တို စိတ်​တိုင်းကျ​ဖြတ်​လာကြသည်​။
တနည်းတဖုံ​ပြောရရင်​ ဘာလုပ်​မလဲ​မေးခြင်းမိုက်​​ကြေးခွဲခြင်းတမျိုး​ပေ။
သက်​​ဇော်​ မလည်​​ပေမယ့်​ မအ​ပေ။
တစ်​ဦးခြင်းလိုက်​​မေး​သော်​လည်း ထိုသို့သာ​ဖြေသည်​။ ကိုယ်​စားလှယ်​​တော့မ​တွေ့ရ ပြန်​မလာဟုသာဆိုသည်​။
သက်​​ဇော်​ထပ်​မမိုက်​ရဲ​တော့​ပေ။ ဘာမှလဲမ​ပြောချင်​။
သက်​​ဇော်​သာ တစ်​​ယောက်​ပဲဖြစ်​​ချေမည်​။ မည်​သူ့အတွက်​မှ ​တွေးစရာမလို​တော့​ပေ။ တဲမီးရှို့ပြန်​မလား။ ​ငွေယူမလားပဲရှိ​တော့သည်​။

သက်​​ဇော်​တို့ တခုခုလုပ်​ပြီးပြန်​​သော်​ လမ်း​ကြောင်းသည်​ ဥတု​ချောင်းကို ဖြတ်​ကိုဖြတ်​ရမည်​။ ထိုအချိန်​အခါတွင်​ ဥတု​ချောင်းသည်​ ​တောင်​ကျ​ရေဖြင့်​ ​ရေတတ်​​နေ​ပေသည်​။ ထို​နယ်​​မြေလွတ်​​အောင်​ ​ပြေးနိုင်​ဖို့ကသက်​​ဇော်​ မရဲ။ ဒီ​နေရာမှာ တကယ်​တမ်း​တော့ သက်​​ဇော်​တို့က ဧည့်​သည်​။ သက်​​ဇော်​ လုပ်​ချင်​​နေ​သောသူက ​မွေးဇာတိလိုဖြစ်​​နေသည်​။
ထိုသူတို့ လက်​တံဘယ်​​လောက်​ရှည်​လဲဆိုတာ သက်​​ဇော်​မသိ။
မချစ်​​သော်​လဲ​အောင့်​ကာနမ်း ​ပေးသမျှယူရန်​ဆုံးဖြတ်​​လိုက်​​တော့သည်​။

ယခင်​က အရာရာ ​ကြောက်​ပြီး ကို​အောင်​ ​ခေါင်းငြိမ့်​တိုင်းလိုက်​ငြိမ့်​ခဲ့ကြ​သော ကျင်းသား​လေးဦး သက်​​ဇော်​နှင့်​အတူပြန်​လိုက်​လာကြသည်​။ ဘာမှနားမလည်​ကြ။
သက်​​ဇော်​ကဲ့သို့ ​မှော်​ 6လ တနှစ်​​လေးများသာ ဖြစ်​သည်​။ ကို​အောင်​နှင့်​စက်​ပြင်​ဆရာသာကျန်ေ​ပသည်​။ အားလုံးက ခံစားချက်​တူ အိမ်​ပြန်​ချင်​ကြသည်​။ ကျင်း​ခေါင်းကို​အောင်​ မဖြတ်​​သေးနဲ့ဟု ​ပြောလို့ မဖြတ်​​သေးပါဟုလိုက်​​ပြောရသည်​ဟုဆို​သည်​။

လုံးခင်း​ရောက်​မှ ကိုယ်​စားလှယ်​ လာ​တွေ့သည်​။ တိုင်​ပင်​ညှိနှိုင်းပြီးဟု​ပြောကာ တစ်​​ယောက်​ 5သိန်းဖြစ်​သည်​ဟု ​ပြောသည်​။ လက်​ပြန်​ကြိုးတုတ်​ပြီး ​ကျေနပ်​လား ​မေးသလိုသာ။
အိမ်​ပြန်​ရရင်​သာ ​ကျေနပ်​ပါပြီဟု​ပြောရုံပဲရှိသည်​။ လူတစ်​ရာ​ကျော်​​ရှိ​​သောသူ​ဌေး၏ ကုမ္ပဏီတွင်​ သွားယူရသည်​။ လုံခြုံး​ရေးအတွက်​ အင်​မတန်​ကြည့်​တတ်​​သော ကိုယ်​စားလှယ်​ပါ​ပေ။
တ​နေ့​နေ့တွင်​ မန်း​လေး တို့ ဘာတို့​ရောက်​​သော်​ အမှတ်​မထင်​​တွေ့​သော်​ နှုတ်​ဆက်​ပါ​နော်​ အစ်​ကို ဟု​ပြော​သော်​ ရယ်​​လေသည်​။
သက်​​ဇော်​လည်းရယ်​​လေသည်​။
ကမ္ဘာကြီး တကယ်​ကျဉ်း​သေးရင်​​ပေါ့။
ဝေး​ဝေး​ရှောင်​ပါ ကိုယ်​စားလှယ်​။

ဒီမှာ ငါတူ အသံ​ကြောင့်​ဖား​သေတတ်​တယ်​။
တကယ်​ လုပ်​ချင်​လုပ်​ ဘယ်​​တော့မှမ​ပြောနဲ့။
ပြီး​တော့ ဒီနယ်​မှာ ဘယ်​သူမှ မယုံနဲ့။ ​ငွေနဲ့ ပတ်​သက်​ရင်​ လူဆိုတာ စိတ်​​ပြောင်းသွားတတ်​ကြတယ်​။
မက်​​မောစရာကိုး။ အဲ့​တော့ မင်းကိုရှင်းရှင်း​ပြောမယ်​။ ငါ့​တောင်​မယုံနဲ့ကွာ။

သက်​​ဇော်​တို့ ငါး​ယောက်​စကား​ပြော​နေတဲ့ကြားဝင်​​ပြောသည်​။
ဦး​လေးဖြစ်​သူ ရဲ့ နည်းပါးလှစွာ​သော ဆုံးမစကားထဲမှ တစ်​ခု။

သက်​​​ဇော်​သည်​ ယခင်​က သ​ဌေးနှင့်​ ကိုယ်​စားလှယ်​၏ လူယုံ ဖြစ်​သည်​။ ​နေ့စဉ်​ ကိုယ်​စားလှယ်​နှင့်​ ​ကော်​ဖီ​သောက်​ကာ ည နာရီပြန်​ တချက်​ထိုးထိ ထိုင်​ကာ ​ရောက်​တတ်​ရာရာ​ပြောတတ်​သည်​။ တိုဘာ ကိုယ်​စီ ခ​ပေါင်းကိုယ်​စီ​ပေါ့။
ရွှေသိမ်း​သော်​ သက်​​ဇော်​စစ်​သိမ်းသည်​။ အေ​လးချိန်​နှင့်​ စာ​ရေးပြီး​သေတ္တာထဲတွင်​ဘသက်​​ဇော်​ထားသည်​။ ​သော့သည်​ သက်​​ဇော်​တွင်​ ရှိသည်​။ ထို့သို့​သော အ​ခြေ​နေများက ကျင်းသားများအတွက်​ သက်​​ဇော်​သည်​ စပိုင်​ကဲ့သို့ ထင်​ကြသည်​ကို သက်​​ဇော်​မသိ။ သက်​​ဇော်​သိသည်​က ဇတ်​တူသားဘယ်​တါ့မှမစားဟူေ​သာ စိတ်​ထား​ကို အခြားသူများကမသိ။
ထို​ကြောင့်​ သက်​​ဇော်​ ​ရွှေ ကျင်​​သော်​ သက်​​ဇော်​ကြည့်​သည်​။ ​ရွှေသိမ်း​သော်​ သက်​​ဇော်​သိမ်းသည်​။ သို့​သော်​ ထို ​ရွှေကို မျက်​စိ​အောက်​မှ​ပြောက်​ကာ ​ခြောက်​​ယောက်​ခွဲ​ဝေစားခဲ့တိုင်း သက်​​ဇော်​ တစ်​​ယောက်​ပဲ မရခဲ့​ပေ။ ​နောက်​မှသိခဲ့ရ​ပေသည်​။
ခံပြင်း​လေစွ။

သက်​​ဇော်​ မင်းလုံးဝမမြင်​ဘူး​ပေါ့။ ငါတို့​တောင်​မြင်​တယ်​ ရှင်း​နေတာပဲ။ နှစ်​ပတ်​တခါ မြို့သွားလည်​တယ်​​ပြောပြီး ​ရွှေသွား​ရောင်းကြတာကွ။

ရှက်​စရာ ​ကောင်းလွန်းပါသည်​။ မမြင်​ပါ။ ထို့အတွက်​ ဝမ်းနည်းခဲ့ရ​သော်​လည်း ​သေချာ စမ်းစစ်​ကြည့်​​သော်​ လူတစ်​​ယောက်​မမြင်​​အောင်​လုပ်​ဖို့ လွယ်​သည်​။ ထိုသို့ လူတစ်​​ယောက်​မမြင်​​အောင်​လုပ်​​သော်​ အခြားသူများမြင်​​ပေးသည်​ ဖြစ်​သည်​ကိုနားလည်​လာသည်​။
သက်​​ဇော်​ကို သစ္စာ​ဖောက်​ထင်​ခဲ့ကြသည်​ကိုး။ တကယ်​တန်း သစ္စာ​ဖောက်​ဆိုသူများက သူတို့​ပေပဲ။
သက်​​ဇော်​ သာ သ​ဌေးဘက်​​နေခဲ့မယ်​ဆို ​နေရာ​ကောင်း အများအပြားရမည်​ကိုသိ​သော်​လည်း ဇတ်​တူသားခြင်းသာ ချစ်​ခဲ့​သော သက်​​ဇော်​ အတွက်​ အ​တွေ့အကြုံပါပဲ။
နောက်​ဆုံး​တော့ သက်​​ဇော်​ နှင့်​အတူပြန်​လာသည်​။ ယုံကြည်​သွားသည်​ကိုကသက်​​ဇော်​​ကျေးဇူးတင်​သည်​။

ငွေသည်​ပြန်​ရှာလို့ရသည်​။ မိတ်​​ဆွေတစ်​​ယောက်​ မုန်းသွား​သော်​ ပြန်​ရဖို့မလွယ်​။ သို့​သော်​ သက်​​ဇော်​ အမုန်းခံသင့်​ရင်​ ခံပါသည်​။

မိုး​ကောင်းသို့ ​ရောက်​​သော်​ကိုယ်​စီကိုယ်​စီ ခွဲသွားကြသည်​ ကံအ​ကြောင်းတရားဆုံလို့သာ ​တွေ့ရသည်​။ လ​ပေါင်းများစွာ အတူ​နေထိုင်​ကြသည်​။ ရက်​စက်​ခဲ့ကြသည်​(သက်​​ဇော်​အ​ပေါ်)။ သို့​သော်​ သံ​ယောဇဉ်​ သည်​ထိန်းမရ​သော မျက်​ရည်​များဖြစ်​သွားသည်​။ သက်​​ဇော်​​ပြောချင်​တာ​တော့ သူတို့အားလုံး လူ​ကောင်း​တွေပါဗျာ။

အ​မေ သားပြန်​လာပြီ ​အော်​​ပြောချင်​​ပေမယ့်​ အ​မေ အံသြသွား​အောင်​ အသာ​လေးဝင်​သွားသည်​ အိမ်​ထဲ။ အ​မေ အိပ်​​နေသည်​။
ကျန်​​သော ပိုက်​ဆံ ​လေးသိန်း အ​မေ့​ဘေးတွင်​ချပြီး အ​မေဟု တိုးတိုး​လေး​ခေါ် အံ့သြသွား​အောင်​လုပ်​မည်​။

အ​မေ....

အင်းဟုဆိုကာ အိပ်​ချင်​မှုးတူး ဟိုဘက်​ဒီဘက်​လှည့်​ ကာ လှည့်​လာသည်​။ မျက်​လုံးဖွင့်​ကြည့်​ကာ ပြန်​မိတ်​သွားသည်​။ ​နောက်​ဆက်​ခနဲ ပြန်​ဖွင့်​လာသည်​။ ပြီး ထပြီး ဘယ်​သူလဲ၊ ဘာကိစ္စရှိသလဲ ဟု​မေးသည်​။

အ​မေ သား​လေ သား။

အ​မေ ​မျက်​လုံးကို​သေချာပြန်​ပွတ်​ပြီး ​သေချာကြည့်​သည်​။

သြော်​ သားငယ်​နင်​ကိုး။ မဲတုန်းသွား​တော့ ငါဘယ်​မှတ်​မိမလဲ။
အ​မေသား​တောင်​မမှတ်​မိ​တော့ဘူးလားဗျာ ဟုဆိုကာ ​ဖတ်​လိုက်​သည်​။

နင်​ကလဲ မဲသွားလိုက်​တာ။

ပါတာ​လေးအ​မေ့ဆီ ​ပေးပြီး ကျ​နော်​ လွမ်းဆွတ်​ခဲ့ရ​သော မန်း​လေး ညချမ်းကို လမ်း​လျောက်​ခဲ့သည်​။

ဟော့သည်​ ကျုံး မုန်းဖို့​တော့မလွယ်
သူတကယ်​ လွမ်းစရာ​တော့ အ​ကောင်းသား
သစ်​ပင်​ ​လေး​တွေ ကြား ငါတို့ ခိုး​ကြောင်​ခိုးဝှက်​​တွေ့ခဲ့ကြတယ်​။
တခါတ​လေ ဆိုင်​ကယ်​မီး​ရောင်​ ထိုးမိရင်
မင်းကို ငါ့ရင်​ဘက်​ထဲထည့်​ပြီးဖွက်​မယ်​။
ရယ်​စရာ​ပြော​ကြေးဆို ဆူးတန်း​တေ ကာထားတဲ့ကြား ခိုးဝင်​ပြီး ​ရေစပ်​နားထိုင်​​တော့
့​နင်​ တခါ ငါ့ကို စိတ်​​ကောက်​ ပြီးတွန်းချဘူးတယ်​​လေ
ည​နေက ငါ နင့်​သူငယ်​ချင်းကိုကြည့်​မိလို့တဲ့
တဏှာမပါပါဘူးကွယ်​​ပြော​တော့ နာဘူး ဆိုပြီးတွန်းချတာ
မှတ်​မိ​သေးတယ်
တကိုယ်​လုံးကိုစို​ရော
တကယ်​​တော့ နင်​မသိလို့သာ ငါက တဏှာ ကုန်​ပြီ သိလား။
အားလုံးနင့်​ဆီမှာပဲထားလို့ ကျန်​တဲ့​နေရာအားလုံး မှာကုန်​ပြီ။

ဂီတာ ....
ဂီတာ ....
သက်​​ဇော်​ ဂီတာ တစ်​လက်​ဝယ်​ပြီး ထွက်​လာခဲ့တယ်​။ မှတ်​မှတ်​ရရ 35000
ရိုကြိုးစွာ​တောင်းပန်​မယ်​။ အ​ခြေ​နေ​တွေ သူမသိခဲ့​ပေမယ့်​။ သူ​စောင့်​​နေခဲ့ရတာ သိတယ်​။
ပြောက်​သွားတဲ့သူတစ်​​ယောက်​ ဆိုပြီး သက်​မှတ်​ကြမှာသိတယ်​။

ကျ​နော်​သိ​နောက်​ထပ်​ သိတာက ဂီတာ ​ပြောရရင်​ ကျ​နော်​လုံးဝ မတီးတတ်​ဘူး။ သီးချင်းလဲ မကြိုက်​တတ်​ဘူး​ပြောရမယ်​ ကျ​နော်​ က ​ခေတ်​​ဟောင်းသီချင်း​တွေပဲ ကြိုက်​တာကိုး။ 

သူရှိတဲ့​နေရာ ကို သက်​ဇာ်​ရောက်​လာသည်​။
ဂီတာကြီး တကားကားနဲ့ဆို​တော့ ရှက်​​တော့ရှက်​သည်​။ ကိုယ်​မှမတီးတတ်​​တော့ စိတ်​မလုံ။ သို့​သော်
ူသူ အံ့သြမယ်​ ကျ​နော်​ ပြန်​လာတာ။ သူကျ​နော့ကို ​တော်​​တော်​ချစ်​တယ်။ ကျ​နော်​သိတယ်​။ သူ​စောင့်​​နေမှာပါ။ ကျ​နော်​ အဆင်​မ​ပြေခဲ့​သော်​လဲ အတူတူ ကြိုးစားကြမယ်​။

လာလည်​တာလား သက်​​ဇော်​။

ဟုတ်​အမ။ သူ​လေသူ ရှိလား။ ဘယ်​သွား​နေတာတုန်း။

သူမရှိ​တော့ဘူး သက်​​ဇော်​။ သူ့အ​မေဆုံးပြီး​နောက်​ သူတိုမိသားစု အားလုံး ​တောင်​ကြီး​ပြောင်းသွားတယ်​ ဘယ်​သူမှသူတို့ လိပ်​စာမသိဘူး။

တောင်​ကြီး သက်​​ဇော်​လိုက်​သွားဖို့ကြိုးစားမိတယ်​ သို့​သော်​ အားလုံးသည်​ အစအန​ပြောက်​ ဘာမှမသိရ​တော့။ facebook ကို​ကောင်း​ကောင်းသုံးတတ်​​တော့ သက်​​ဇော်​ ထိုနာမည်​ကိုရှာ​ဖွေမိ​နေဆဲ

သို့​သော်​ .....
သို့​သော်​......
ဂီတာတလက်​သည်​ အသံမဲ့စွာ​နေဆဲ
သက်​​ဇော်​ သည်​လဲ
.................

ဖြစ်​နိုင်​ရင်​ မ​တွေ့ချင်​​တော့ပါ

တကယ့်​အဖြစ်​မို့ ဇတ်​သိမ်းကို ဝတ္တုဆန်​စွာ သိမ်းထားပါသည်
တကယ့်​ အဖြစ်​သိချင်​​သော်​ .....
That Ko Zaw

Sort:  

ရင်ထဲကို ထိတယ်ဗျာ တကယ်ကို ကောင်းလွန်းတယ်ဗျာ vote ပေးတာ0.01 ပဲတက်တာ အားမရဘူးဗျာ sbdလက်ဆောင်ပေးမယ် အမြဲတမ်းအားပေးနေပါတယ်။

ကျေးဇူး​ညေး​ရေ

This is my brother, kogyi.

😜😜😜😜😜😜😜

ဆရာ အဲ့တုန်းက ဆရာ အရမ်းထိခိုက်မှာဘဲနော် ခုတော့ အရန်းရင့်ကျက်ပြီး ခံစားချက်မဲ့တဲ့သူတစ်ယောက်လိုများဖြစ်နေမလား အရန်းဆိုးတာတွေကြုံရပြီးရင် အဲ့လို ဖြစ်သွားတတ်ကြလို့ ပြောကြည့်တာ မှားသွားရင် sorry နော်အကို

ဟုတ်​ပါဘူးဂျာ
😝😝😝😝😝😝😝

နီကလည်းမဲသွားလိုက်တာ ဟီး ဂွတ် ဂွတ် ဂွတ်

တကယ်​တကယ်​ အဲ့ကတည်းက မဲသွားတာ အခုထိ ဘယ်​လို​လျော်​​လျော်​ မ​ဖြူ​တော့ဘူး

စကတည်းက နာပြီးသားပါဗျာ။ အသိမ်းလေးတော့ လှပါရစေ။ mandaly လာခဲ့ ဆို လာခဲ့မယ်။ ပြောပြပါ။

လှမှမလှတာ ဆာရယ်
ဇတ်​သိမ်းက အခုထိပဲ

အပြင်က ဇာတ်လမ်းတွေက ဝတ္ထုတွေထဲကထက် ပိုပြီးဆန်းကြယ်တတ်ပါတယ်။ တကယ့်အဖြစ်ကိုလည်း သိချင်ပါတယ်။

ပုဂ္ဂုလ်​​ရေးဆိုင်​ရာမို့ပါ သူတို့မိသားစုရှိတယ်​​လေ

တစ်ကယ့်အဖြစ်ပျက် သိချင်သော်...
တောင်ကြီးကို လိုက်မယ်ဗျာ
ဒီမှာ ဇာတ်ရှိန်ရနေပီ
.
ဇာတ်သိမ်းခန်းလေးပေါင်းစေချင်တာ...
ရင်ထဲမကောင်းအောင်လုပ်သွားတယ်...
အင်းး....ဇာတ်သိမ်းခန်း...
.
ကိုသက်ဇော်ဘဝအကြောင်းဖက်ရတာ
ဗဟုသုတလည်းအများကြီးရပါတယ်
ကျွန်တော် ကျွန်တော့အိမ်ရဲ့အပြင်ဘက်
ဘယ်နေရာမှမရောက်ဖူးသေးဘူး

ကျေးဇူးကိုသက်..

တောင်​ကြီး လိပ်​စာမှမသိတာ ဂျ
ရောက်​သွား​သေးတယ်

ဆျာ​ပျောက်​​နေတာ ခုမှ​ပေါ်လာတယ်​ ​ရေငုပ်​နိုင်​တယ်​​နော်

ငုတ်​ပါဘူးဗျာ
မ​ရေးဖြစ်​တာပါ

Thank you
If you want to know
Ask me cb
You are mysister

wow ထိပီလေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60063.85
ETH 2313.06
USDT 1.00
SBD 2.46