တစ်ဦးတစ်ယောက်မှအစ....

in #myanmar6 years ago

တစ်ဦးတစ်ယောက်မှအစ……

အားလုံးဘဲ မင်္ဂလာပါဗျ။ကျွန်တော်ဒီအပတ်ကိုတော့ လူတစ်ဦးတစ်ယောက်ချင်းဆီမှ တာဝန် သိစိတ်နဲ့ပြောင်းလဲသင့်သည့်အကြောင်းလေးကိုရေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ရေးရတာလဲဆို ကျွန်တော်ကြုံခဲ့ရတဲ့အခြေအနေလေးတွေကို ကြည့်ပြီးရေးဖို့စဉ်းစားမိလိုက်ပါတယ်။ ဒီနေ့ ကျွန်တော် ကလေးကျောင်းပြောင်းဖို့ကိစ္စသွားနေရတာနဲ့ ရုံးကိုနောက်ကျမှသွားလိုက်ရပါတယ်။ ရုံးကလဲ အရေးကြီးတယ်ဆိုတော့ Taxi ကိုငှားပြီး အပြေးကလေးသွားခဲ့ရပါတယ် ။အဲဒီမှာဘဲ ယခု ကျွန်တော်ရေးမယ့်အကြောင်းအရာလေးတွေကို စပြီးတွေ့ခဲ့ရပါတယ်။
ကျွန်တော်ဟာ ကလေးကျောင်းကိစ္စပြီးတာနဲ့ ရုံးသွားဖို့နောက်ကျနေတာကြောင့် Taxi တစ်စီးကိုငှားပြီးစီးခဲ့လိုက်ပါတယ်။နောက်ကျတာတစ်ကြောင်း အရေးကြီးကိစ္စရှိတာတစ်ကြောင်း အမြန်ရောက်လိုတာကြောင့်သာ Taxi ကိုငှားစီးခဲ့ရတာပါ။ယခုရန်ကုန်မြို့အခြေအနေက လိုင်းကားနဲ့ Taxi နဲ့တောင် ရောက်ချိန်က သိပ်မကွာတော့ပါ။ဘာကြောင့်ဆို များပြားလာတဲ့ ကားအမျိုးမျိုးကြောင့် မီးပွိုင့်တစ်ခါမိပြီဆို ကားတန်းကြီးကမရွေ့တော့ပါဘူး။
10374930_676902565680703_1590805813888356093_n.jpg
Image Credit-Orginal Source
အဲဒီအချိန်မှာ ကျွန်တော်ငှားစီးလာခဲ့တဲ့ ကားဆရာမှ တစ်ချိန်လုံး ကားတွေပိတ်တာ ကားပါကင်တွေခက်ခဲတာ တစ်ခြားအကြောင်းအရာတွေရော ပြောသွားလိုက်တာ စုံနေတာပါဘဲ။ပြောတာများ လက်ရှိတာဝန်ရှိသူတွေဆိုတာများရစရာကိုမရှိဘူး။ စိတ်ထဲမှာတော့ တွေးလိုက်တယ် အော် လူတွေများ သူများအကြောင်းပြောမယ်ဆို အားမနာတမ်းကိုပြောကြတော့တာဘဲ။ကားဆရာပြောတဲ့အခက်အခဲတွေဆိုတာ ကျွန်တော်တို့ကအစ လူတိုင်းအကုန်သိနေကြတာပါဘဲ။ဒါပေမယ့် တာဝန်ရှိလုပ်သူတွေကလဲလုပ်သလို မိမိတို့တစ်ယောက်ချင်းဆီကလဲ ကိုယ့်အသိစိတ်လေးတွေနဲ့ပူပေါင်းပါဝင်မှသာ လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မှာပါ။
သိပ်မကြာပါဘူး အပြစ်တွေကိုအားမနာတမ်းပြောခဲ့တဲ့ကားဆရာသည် ကားတွေတစ်သီတစ်တန်းကြီးပိတ်နေတော့ ဇာတိကပြလာပါတော့တယ်။ကျွန်တော်လဲ နောက်ကျနေတာကြောင့် ရုံးကိုမြန်မြန်တော့ရောက်ချင်ပါတယ်။ဒါပေမယ့် ဘာတတ်နိုင်မှာလဲ ကားတွေကပိတ်နေတော့ ဘယ်လိုမှအချိန်မီမရောက်နိုင်ဘူးဆိုတာသိတာပေါ့။ကားဆရာလဲ စိတ်မရှည်တော့ဘူးထင်ပါတယ်။ကားပိတ်နေတဲ့ကြားက မိမိလာရာလမ်းကြောင်းမှကျော်ပြီး ပြောင်းပြန်တစ်ခြားဆန့်ကျင်ဘက်ယာဉ်ကြောမှ ကျော်ပြီးမောင်းပါတော့တယ်။
အော် လမ်းတစ်လျှောက်လုံး ဘယ်သူတွေကဘယ်လိုတွေလုပ်လို့ ကားတွေပိတ်တာဆိုပြီး မနားတန်းပြောခဲ့တဲ့သူက အခုတော့ လမ်းစည်းကမ်းနဲ့မညီညွတ်တဲ့အပြင် တစ်ခြားဆန့်ကျင်ဘက်ကလာတဲ့ကားတွေဟာ ကိုယ့်ကားကြောင့် ကြန့်ကြာမယ်ဆိုတာတော့ တွေးမည်မထင်ပါ။ဒီလိုမျိုးကိုယ်က စည်းကမ်းနဲ့မမောင်းတာကြောင့် တစ်ခြားသောလမ်းကြောမှကားများသည် အချိန်များကြန့်ကြာကုန်ပါသည်။ပါးစပ်ကတော့ အခြားသူများ၏အပြစ်ကိုသာပြောပြီး လက်တွေ့လုပ်နေသည်မှာ အပြောနှင့်လက်တွေ့တစ်ခြားစီဖြစ်နေပါသည်။
နောက်အကြောင်းအရာမှာ လွန်ခဲ့သောရုံးပိတ်ရက်က ဘုရားသို့မိသားစုလိုက်သွားရောက်ခဲ့ပါသည်။ ရုံးပိတ်ရက်ဆိုတော့ ဘုရားဖူးသူများမှာ ကြားရက်များထက် ပို၍စည်ပါသည်။ကျွန်တော်တို့လဲ ဘုရားသို့ရောက်ပြီး ဘုရားအားလှည့်လည်ဖူးမြောပြီး ဇရပ်တစ်ခုတွင်နားရန် ၀င်ရောက်လိုက်ပါသည်။ထိုအချိန်တွင် ဇရပ်ထဲတွင်ရောက်နှင့်နေသော မိသားစုတစ်ခုမှ မုန့်များကို ဖော့ဗူးများနှင့်ထည့်လာပြီး စားထားကြဟန်ဖြစ်မည်ထင်ပါသည်။သို့ပေမယ့် စားထားကြသော ဖော့ဗူးများကို အမှိုက်ပုံးများသို့သွားရောက်မလွှင့်ပစ်ဘဲ ဇရပ်၏ချောင်တစ်ခုတွင် မသိမသာထည့်ထားခဲ့ပါသည်။
shwedagon3.jpg
Image Credit-Orginal Source
ကျွန်တော်တွေးလိုက်ပါသည်။ အော် လူတွေ ဘုရားပေါ်မှာတောင်မှ ကိုယ်စားထားသော အမှိုက်တွေကိုတောင် အသိစိတ်လေးတွေနဲ့လွှင့်မပစ်ချင်ကြဘူး။အဲလိုလူတွေ သူတို့အိမ်မှာများ ဘယ်လိုများနေကြတုန်းဆိုတာ သိချင်မိပါသည်။တစ်ခြားသောနေရာများတွင်ဆိုလျှင်တောင် ဖြည့်တွေးကြည့်လို့ရပါသည်။ယခုမှာ ဘုရားပေါ်တွင်ဖြစ်ပါသည်။တစ်ချို့လူများဆိုလျှင် ကုသိုလ်ရချင်သောကြောင့် အဖွဲ့လိုက် သန့်ရှင်းရေးကုသိုလ်ယူနေသူများတောင်ရှိကြပါသည်။ကုသိုလ်မရဘဲ ငရဲသာရပေကြလိမ့်မည်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့တစ်တွေသည်လည်း အခြားသူများ၏အပြစ်များကို လက်ညိုးထိုးအပြစ်တင်မည့်အစား မကူညီနိုင်လျှင်တောင်မှ မနှောင့်ယှက်မိဖို့အရေးကြီးပါသည်။ တစ်ချို့အရာများသည် မိမိအတွက်ဘာမျှမပြောပလောက်ပေမယ့် တစ်ဖက်လူတွင် ကြီးမားသောထိခိုက် ဆုံးရှုံးမှုများကြုံနိုင်ပေသည်။ထို့ကြောင့် ကျွန်တော်တို့သည် မိမိအိမ် ၊မိမိပတ်ဝန်းကျင် မိမိနိုင်ငံကြီးကို စည်းကမ်းတကျမြန်မြန်တိုးတက်စေရန် လူတစ်ဦးတစ်ယောက်ချင်းဆီမှ မိမိအသိစိတ်ဖြင့် အခြေခံစိတ်ဓာတ်များမှအစ ပြုပြင်ပြောင်းလဲသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ ဖတ်ရှုသူများအားလုံးကိုကျေးဇူးတင်ပါသည်…………….။
logo.jpg

Writer- Thant Zin Soe(@tharpauk)
MSC 134

Sort:  

စည်းမှမစည်းလုံးတာတစ်​​ယောက်​တစ်​​ပေါက်​နဲ့ဆို​တော့

အခုအခြေကလဲ အဲလိုဖြစ်နေကျတာပါဘဲဗျာ

တစ်ဦးတစ်ယောက်က စပြောင်း
မိမိက စပြောင်း
အားလုံး လိုက်ပြောင်း
အကောင်းသို့ဦးတည်

အဲလိုပြောင်းနိုင်မှ ကိုဟိန်းရေ

အဲဒါမျိုးကိုပြောတာပေါ့ဗျာ။ သူများမျက်ချီးပဲ မြင်ပြီးကိုယ့်မျက်ချီးကိုယ်မမြင်ဘူးဆိုတာလေ။

အဲလိုလူတွေကများတယ်

နားနဲ့မနာ ဖဝါးနဲ့နာပါ မြန်​မာလူမျိုး​တွေက ကိုယ့်​နိုင်​ငံမှာသာ စည်းမရှိကမ်းမရှိတာ.. သူများနိုင်​ငံ​ရောက်​ရင်​​တော့ စည်းကမ်းအရမ်းလိုက်​နာကြတာဗျ

ဟုတ်ပ ကိုလင်းရေ

တစ်ဦးခြင်းစီမှာ တာဝန်ရှိတာပေါ့ကိုသန့်ရေ
ကိုယ်ကသာ သူများကိုပြောချင်ကြတာ ကိုယ့်ကိုပြောလာရင် မကြိုက်သလို ကိုယ်တိုင်ကြတော့လည်း နည်းမှန်လမ်းမှန်မလိုက်ချင်ကြဘူး။အဲ့ဒါခက်နေတာ။

မြန်မာလူမျိုးတွေရဲ့အကျင့်ပေါ့ဗျာ

ပြောရရင်တော့..စကားလုံးတွေကြီးကျယ်ကုန်တော့မှာ..ကိုသာပေါက်ရေ..။အခုလက်ရှိ..ကျမတို့နိုင်ငံမှာ..လိုခြင်တာ..တောင်းနေကြတာက..ဒီမိုကရေစီစနစ်နဲ့အုပ်ချူပ်ရေး..
ဒီမိုကရေစီရဲ့အသက်က..တရားဥပဒေစိုးမိုးမူ့နဲ့စည်းကမ်း။
အဲဒီနှစ်ခုစလုံးက..တောင်းတဲ့သူ..လိုခြင်ကြသူတွေမှာ..မရှိကြဘူး။ဒီတော့...ဖုတ်လိုက်..ဖုတ်လိုက်..ယဲ့ယဲ့လေးမျှသာပေါ့။

ကိုယ် ကိုတိုင်ကလိုချင်ပေမယ့် ကိုယ်တိုင်လိုက်နာမှုကနည်းတယ်အန်တီရေ

တစ်​ဦးတစ်​​ယောက်​ ​ကောင်းပြီး အများ မ​ကောင်း​တော့လည်း အခက်​သားဗျာ

မှန်ပါတယ်ဗျာ

တစ်​နိုင်​ငံလုံးစိတ်​ဓာတ်​​တွေပြင်​နိုင်​မှ​ကောင်းလာမှာ။

ဟုတ်တယ်မအိရေ

စည်းကမ်းမရှိတဲ့လူတွေကများပါတယ်ဗျာ။ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်လည်းစည်းကမ်းမရှိဖြစ်မိပါတယ်။ ကိုယ့်ကိုယ်ကိုပြန်သတိပေးရတာတွေလည်းရှိပါတယ်။ အကျင့်မကောင်းတာတွေကို

ပြောသာပြောရတာ တစ်ခါတစ်လေ ကိုယ်တွေလဲအတူတူပါဘဲ

😂😂😂

ကိုယ့်ကိုယ်ကို ပြောင်းမှ တခြားလူတွေ ပြောင်းလဲတာပါ

ဟုတ်တယ်ကိုစောရေ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69471.12
ETH 3758.35
USDT 1.00
SBD 3.83