ဆရာများဆီမှရရှိလိုက်သော သင်ခန်းစာအတွေး

in #myanmar9 years ago

ဆရာများဆီမှရရှိလိုက်သော အတွေးသင်ခန်းစာ

ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ‘’စေတနာမဖြစ်တဲ့ ဝေဒနာဖြစ်သောအလွဲ’’ဆိုသော post အောက်မှ ဝေဖန်အကြံပြု ရေးပေးသွားသော ဆရာတင်လှိုင်ဦး(@tinhlaingoo)ရဲ့စာကိုဖတ်ရင်း ဒီအတွေးများကို ရရှိခဲ့ပါတယ်။ပထမဦးစွာ ဒီလိုထောက်ပြဝေဖန်သင်ကြာပေးသော ဆရာ့ကိုလည်းကျေးဇူးတင်ပါတယ်။
Are-You-a-Content-Writer-Check-Out-These-10-Amazing-Sites-That-Will-Pay-You-for-Your-Writing.jpg

ကျွန်တော်ဟာ ကျွန်တော်ရဲ့postကိုထောက်ပြတဲ့ ဆရာရဲ့’’သည်ထက်အနုစိတ်တင်ပြနိုင်ရင်ကောင်းမယ်’’ဆိုတဲ့အချက်ကို ဖတ်ပြီး စဉ်းစားကြည့်ခဲ့ပါတယ်။စဉ်းစားပြီးတဲ့အခါမှာလဲ ကိုယ့်ရဲ့ post များကိုပြန်ပြီး ဖတ်ကြည့်ပါတယ်။ဖတ်တဲ့အချိန်မှာလဲ ရေးသူနေရာမဟုတ်ဘဲ စာဖတ်သူ နေရာကနေပြီး ခံစားဖတ်ကြည့်ပါတယ်။ဖတ်နေရင်းကနေ လိုနေသလို မပြည့်စုံသလို အကြောင်းအရာမပေါ်လွင်ဘဲ မြန်မြန်အဆုံးသတ်သလိုဖြစ်နေတာကိုလဲတွေ့ရပါတယ်။အဲကျမှ ဆရာထောက်ပြတာကို စိတ်ထဲကနေ ကျေးဇူးတင်နေမိတယ်။ဆရာသင်တဲ့အချိန်မှာပြောသလို post တစ်ခုကို လက်တန်းတိုက်ရိုက်ရေးမတင်ဘဲ စာအုပ်မှာ အရင်ချရေးဆိုတဲ့အသိကလည်းချက်ခြင်းရလိုက်ပါတယ်။စာအုပ်ပေါ်မှာ ကြိုချရေးထားမှသာ ပြန်ပြန်ဖတ်နိုင်ပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်နိုင်မှာပါ။အရင်ကဆိုရင် ကျွန်တော်ဟာ စာဖတ်ရင် ဇာတ်လမ်းအကြောင်းအရာလောက်သာသိအောင်ဖတ်ခဲ့တာပါ၊ခုဆိုရင် စာဖတ်တဲ့အခါ အကြောင်းအရာ ဇာတ်လမ်း၊ရေးနည်းပုံစံဘယ်လိုရေးထားတယ်ဆိုတာပါ သတိထားဖတ်ဖြစ်နေပါတယ်။ ခုဆိုကျွန်တော်ဟာ ဆရာပြောသလိုဖြစ်နိုင်အောင် သေချာလေးပြင်ဆင်ပြီး ရေးသားမယ်ဆိုတဲ့အတွေးလေးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆရာပြောတဲ့နောက်ကအချက်ကတော့ ‘’ဖြစ်စဉ်ပြရေးနည်းဆိုတာ လင်္ကာလေးတွေထည့်နိုင်မှ ပိုမြိုင်ဆိုင်တာပါ’’ဆိုတဲ့အချက်ကိုတော့ နားမလည်တဲ့အတွက် မေးမြန်လေ့လာရပါဦးမယ်။
Screenshot_1.jpg
နောက်အတွေးတစ်ခုကတော့ ဆရာထောက်ပြတဲ့အချက်ကိုစဉ်းစားရင်း ကျွန်တော်တို့ရဲ့Group ထဲမှာ လစ်ဟာမှုလေးတွေကို ထောက်ပြတတ်တဲ့ ကိုစောလွင်(@sawlwin) ရဲ့ စကားကိုသွားသတိရလိုက်ပါတယ်။ ဆရာက ကိုစောလွင်ကိုဝေဖန်ရေးစာတွေရေးဖို့ ပြောထားတော့ သူက post တော်တော်များများကိုဖတ်ပြီး သူတွေ့ရှိတဲ့အသိလေးတွေကို မျှဝေပေးတယ်၊သူလဲရေးတယ်ပေါ့ဗျာ။အဲဒီမှာ ကိုစောလွင်ကပြောတယ်။သူဝေဖန်စာရေးဖို့အတွက် တစ်ခြားရေးထားတဲ့ post တွေရဲ့ လိုအပ်ချက်တွေကို ထောက်ပြဖို့ရှာရတယ်၊ နောက်သူက လိုအပ်ချက်တွေ့ရင် သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုရေးမလဲဆိုတဲ့အတွေးမျိုးတွေးရင် ကိုယ်လဲရေးကွက်ရလာတယ်လို့ပြောတယ် မျှဝေတယ်ပေါ့ဗျာ။ဒါကြောင့် ဆရာထောက်ပြလို့ ပြန်စဉ်းစားချိန်မှာ ကိုစောလွင်ရဲ့ စကားတွေပါ တစ်ဆက်တည်း သတိရပြီး အတွေးနောက်တစ်ခုရသွားတယ်။အဲဒီတော့ ကိုယ့်post ကိုထပ်ခါထပ်ခါဖတ်ရင်း လိုအပ်ချက်တွေ တွေ့ရသလို တခြားသူရေးတဲ့ post တွေကိုဖတ်ရင်းလဲ လိုအပ်ချက်တွေတွေ့ရတဲ့အတွက် အဲဒီလိုအပ်ချက်တွေသာ ကိုယ်ကသာပြင်နိုင်မယ်ဆိုရင် ကိုယ်လဲပြောင်းလဲမှုရမယ်ဆိုတဲ့ အတွေးရခဲ့ပါတယ်။အဲဒါကြောင့် ယခုကျွန်တော်ရရှိလိုက်တဲ့ အတွေးတွေဟာ ကျွန်တော့်ပြုပြင် ပြောင်းလဲမှုအတွက် သင်ခန်းစာရလိုက်တဲ့ အတွေးတွေဖြစ်ခဲ့ပါတယ်။
steem_success.jpg

ဒါကြောင့် ကျွန်တော်တို့ဟာ Steemit Platform ပေါ်မှာလျှောက်လှမ်းကြမယ်ဆိုရင် စာတွေကတော့အမျိုးမျိုးရေးနေကြရဦးမှာပါဘဲ။ကျွန်တော်လဲ ဒီအချိန်မှာ ဒီလို စာတွေရေးရမယ်လို့ တစ်ခါမှမတွေးဘူးပါ။ခုတော့လဲ ကိုယ်ကျင်လည်ရာဝန်းကျင်မှာ အောင်မြင်အောင် သင်ဆရာ မြင်ဆရာ ကြားဆရာများရဲ့ ပညာတွေကို လေ့လာသင်ယူရင်း Steemit Myanmar မှ ဆရာသမား၊သူငယ်ချင်း၊မိတ်ဆွေများနှင့်အတူ အတူတကွ လက်တွဲ ကြိုးစားသွားပါ့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ဆရာသမားများလည်း အမှားပါရင်နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။
thant1 copy copy.jpg
Photo Credit : Google Image
Writer - Thant Zin Soe
MSC-134

Sort:  

လေ့လာသင်ယူခြင်းက အဆုံးစမရှိပါ အသက်ရှင်နေသ၍ကတော့ သင်ယူနေရဦးမှာပါbro

မှန်ပါတယ်အစ်ကို

စာရေးနိုင်ဖို့က ကျွန်တော်တို့ စာများများဖတ်ကြဖို့လိုမယ် bro ရေ

ဟုတ်တယ်အစ်ကိုရေ

အတွေးအမြင် ကောင်းတွေရလိုက်တာပါပဲ...Bro
ဂုဏ်ယူပါတယ် ခင်မျာ
ကျနော်တို့memberပေါက်စလေးတွေ ရေးသားသမျှ စိတ်ရှည်ရှည်နဲ့ဖတ်ပေးပြီး ဝေဖန် သင်ပြပေးတဲ့ ဆရာတင် ကိုစောနှင့် Adminများကို အမြဲ လေးစားဂုဏ်ယူလျက်ပါ

ဟုတ်ပါတယ်အစ်ကို

ဆရာသင်​​ပေးတာ​တွေက အရမ်းတန်​ဖိုးရှိတယ်​အကို

မှန်ပါတယ်အစ်ကို

ဖတ်မရပေမယ့် ကောင်းမယ်ထင်ပါတယ် မြန်မာစာ မမှန်လို့ 

ဇော်ဂျီဖောင့်ပါ ကျေးဇူးပါဗျ

ရေးစရာရှိတာ ရေးချပြီး ပြန်စီစဉ်သုံးသပ်ရမှာပဲ

မှန်ပါအစ်ကို

အရေးအသားကြိုက်တယ်

ကျေးဇူးပါဗျ

တူတူ သွားကြတာ​ပေါ့

စာများများဖတ်​​ပေးဖို့​လို​နေပြီဗျ ကျွန်​​တော်​လည်း ထိုနည်း၎င်းပါပဲ

ဟုတ်တယ်အစ်ကိုရေ

ကျွန်တော်ကတော့ စာရေဖို့ စာလိုက်ဖတ်နေတယ်။trade ပြီးသွားရင် နောက်ရေးဖို့ စာဖတ်ရင်း ကုန်ကြမ်းရှာနေတယ်

ဟုတ်ပါတယ်အစ်ကို

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64006.92
ETH 1857.22
USDT 1.00
SBD 0.39