အနာဂတ်ပျိုးပင်

in #myanmar8 years ago

“အနာဂတ်ပျိုးပင်”
Steemit Myanmar မှအားလုံး မင်္ဂလာပါဗျ။ယခင်တစ်ပတ်လောက်က Steemit တွင်လုပ်ကိုင်နေကြသူများ ပြောကြသည်မှာ steem ဈေးများကျနေသောကြောင့် စာရေးရန်ပင် အားမရှိကြဘဲဖြစ်နေကြပါသည်။ ဖြစ်လဲဖြစ်ချင်စရာပါ ကိုယ်ရေးထားသော post များကို sp များတိုးပွားကြဖို့အတွက် Bot များနှင့်လုပ်ကြတာတောင်မှ ပြန်ရသည်မှာနည်းနည်းဘဲပြန်ရပြီး ရှုံးသည်ကများပါသည်။အဲဒီလိုဆိုတော့ ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်သိ ဆိုသလို Bot တွေနဲ့သွားလုပ်လိုက်မှ မရသည့်အပြင် ကိုယ့်ဟာပါပါသွားကုန်ပါတယ်။
baby tree.jpg

Photo Credit: https://goo.gl/sDh9iD

ဒီလိုနဲ့ဘဲဈေးတွေတက်အောင်ဘဲဆုတောင်းကြရပြန်ရော။အဲဒီဆုတောင်းကြောင့် ဈေးလဲပြန်တက်လာပါတယ်။အဲဒီလိုကျတော့လဲ မစုလိုက်ရလေခြင်းဖြစ်ကြပြန်ရော။အဲဒီတော့ ဈေးတက်တော့လဲ ဈေးများလို့ ပိုက်ဆံကမတတ်နိုင်လို့ဝယ်မစုနိုင် ဈေးကပြန်တော့လဲ ကိုယ်ရေးထားတဲ့ post တွေက ပြန်ရတာနည်းနည်းဆိုတော့လဲ ဘာဆုတောင်းလို့ ဆုတောင်းရမှန်းမသိပါ။အဲဒီတော့ ဈေးကျကျ ဈေးတက် ကိုယ်လုပ်စရာရှိတာ လုပ်ကြဖို့ဘဲအရေးကြီးပါသည်။
ဒီနေရာမှာ ကျွန်တော် ပုံပြင်တစ်ခုကိုပြောပြချင်ပါသည်။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိပါတယ်။တစ်နေ့တော့ အဲဒီဘုရင်ကြီးဟာ ညီလာခံမှာ မှုးမတ်တွေကို တိုင်းပြည်ရဲ့အခြေအနေတွေကိုမေးမြန်းတဲ့အခါ တိုင်းပြည်မှာလူတွေဟာ အလုပ်ကိုကောင်းကောင်းမလုပ်ကြဘဲ ဖျက်လမ်းနည်းတွေလိုက်ြပီး ခိုးဆိုးလုယက်နေကြပါတယ်ဆိုပြီးလျှောက်ကြပါတယ်။အဲဒါနဲ့ဘုရင်လဲ တိုင်းပြည်အခြေအနေသိရအောင်ဆိုပြီး တိုင်းခန်းလှည့်လည်ဖို့ စိတ်ကူးလိုက်ပါတယ်။

တစ်နေ့မှာတော့ဘုရင်ကြီးဟာ ရုပ်ဖျက်ပြီး တိုင်းပြည်အတွင်းကိုလိုက်လံကြည့်ရှုဖို့အတွက် ကိုယ်ရံတော်တစ်ယောက်သာခေါ်ပြီး ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ တိုင်းခန်းလှည့်လည်ရင်း မောပန်းတာကြောင့် မြို့စွန်နားမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ သစ်ပင်အောက်မှာ ထိုင်ပြီးနားနေပါတယ်။အဲဒီအချိန်မှာဘဲ အိမ်ပိုင်ရှင်ဖြစ်တဲ့ အဘိုးအိုဟာ ဘုရင်မှန်းမသိပေမယ့် မိမိအိမ်မှရှိတဲ့ သရက်သီးကိုယူလာပြီး ချကျွေးလိုက်ပါတယ်။ဘုရင်လဲ ဗိုက်ဆာနေတာကြောင့် သရက်သီးကလဲချိုတော့ အကုန်လုံးကိုစားလိုက်ပါတယ်။လာကျွေးတဲ့အဘိုးအိုလဲ သရက်သီးပန်းကန်ချပေးပြီးကတည်းက မိမိလုပ်စရာရှိတော့ သရက်ပင်စိုက်ခြင်းကို ပြုလုပ်နေပါတယ်။ဘုရင်လဲ အဘိုးအိုသစ်ပင်စိုက်တဲ့အနားလာပြီး အဘိုအိုကိုမေးလိုက်ပါတယ်..။
“အဘိုး ဒီလောက်အသက်ကြီးနေပြီ ဘာကြောင့် သရက်ပင်စိုက်နေရတာပါလဲ ၊နောက်ပြီး သရက်ပင်ဟာ နှစ်အတော်ကြာမှသီးတာကြောင့် အဘိုးတောင် ဒီသရက်ပင်ကအသီးကိုစားရပါ့မလား ကိုယ်လဲမစားရဘဲနဲ့ ဘာကြောင့် စိုက်နေရပါသနည်း”ဟု မေလိုက်ပါတယ်။

DQmcNsUbep88DodSR2hr6NT4speakfuxGE84NfzNSRHpW2p.png

Photo Credit: https://goo.gl/NcPCQ2

အဘိုးက “ဒီမှာ လူလေး လူလေးပြောသလို အဘိုးက ဒီသရက်ပင်ကအသီးကို မစားရနိုင်တော့ပါ။ ဒါပေမယ့် ဒီသရက်ပင်ကိုစိုက်ရခြင်းဟာ အဘိုးအတွက်မဟုတ်ဘဲ အဘိုးရဲ့ နောင်လာနောက်သားတွေ စားသုံးဖို့အတွက် စိုက်ရခြင်းဖြစ်ပါတယ်။” ဆိုပြီးအဘိုးအိုမှ ပြန်ပြောလိုက်တဲ့အခါ ဘုရင်ကြီးဟာ သဘောကျ နှစ်ခြိုက်တဲ့အတွက် နောက်တစ်နေ့ ညီလာခံမှာ အဘိုးအိုကိုခေါ်ပြီး ဆုလာဒ်များကို ပေးသနားလိုက်ပါတယ်။
ဒီပုံပြင်ထဲကလိုဘဲ Steemit Platform တွင်လုပ်ကိုင်နေကြသော ကျွန်တော်တို့တစ်တွေဟာလဲ ယခုဈေးအပြောင်းအလဲဖြစ်နေခြင်းကို အားမလျော့ကြဘဲ အဘိုးအိုပြောသလို ယခု ကိုယ်စိုက်ပျိုးလိုက်တဲ့ Steemit ပျိုးပင်လေးတွေဟာ နောင်တစ်ချိန် ကိုယ်ရဲ့မျိုးဆက်များ စားသုံးနိုင်သောအချိန်ရောက်လာမည်ကို မည်သူမှမပြောနိုင်ပါ။ယခုတည်းကကိုယ့်ပျိုးပင်လေးတွေကို ဝေေ၀ဆာဆာဖြစ်အောင် စာပေများကိုလေ့လာဖတ်ရှုရင်း ကြိုးစားရေးသားကြရန်လိုပါသည်။ကိုယ်လုပ်နိုင်သလောက် ကိုယ့်အလုပ်ကိုဆက်လက် လုပ်နေကြရန်ဖြစ်ပါသည်။နောင်တစ်ချိန်တွင် ခန့်မှန်ထားကြသည့်အတိုင်း ဈေးများတက်လာပါက ရေမြင့်ကြာမြင့်သလို အကျိုးခံစားခွင့်များလည်း အလိုလိုဖြစ်လာပါမည်။အနည်းဆုံးတော့ ကျွန်တော်တို့တစ်တွေဟာ စာရေးဖို့အတွက် စာဖတ်နေရတဲ့ အကျိုးကျေးဇူးတွေတော့ လောလောဆယ်ရနေပါလိမ့်မည်။ထို့ကြောင့် ကျွန်တော်တို့ရဲ့ Steemit ပျိုးပင်များကို မညှိးနွမ်း မခြောက်သွေ့ဘဲ စိမ်းစိုရှင်သန်လာအောင် ကိုယ်တိုင်ပြုစု ပျိုးထောင်သွားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
လာရောက်ဖတ်ရှုသူများအားလုံး နှစ်သစ်နဲ့အတူ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါသည်။
thant logo.jpg

Writer - Thant Zin Soe (@tharpauk)
MSC 134

Sort:  

အခုလို ရေးပြီး စိတ်ဓာတ်မကျဖို့ သတိပေးတာ ကျေးဇူးတင်ပါတယ် ... ကျွန်တော်ကလည်း ကျွန်တော့်သမီးလေးအတွက် ရည်ရွယ်ပြီး လုပ်နေတာပါ ... သူ့ဘာသာ ဈေးတက်တက် ဈေးကျကျ ... သမီးလေး အရွယ်ရောက်ချိန်မှာ သုံးနိုင်မယ့် စုဗူးဖြစ်ရင် တော်ပါပြီ

ကောင်းပါတယ် ကိုစောရေ

ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် ကြိုးစားရမှာ ကိုယ့်တာဝန်ပဲ သာဓက ရေးပြသွားတာ ဂွတ်တယ်ဗျာ

ကျေးဇူးပါကိုလင်းရေ

အဘိုးအိုရဲ့စိတ်ဓာတ်မျိုးသာလူတိုင်းရှိနေရင် Goodပြီနော်

မှန်တာပေါ့ကိုမိုးဇော်ရာ

သရက်ပင်စိုက်သလို သဘောထားရတော့မှာပဲဗျာ။

ဟားဟား မပူပါနဲ့ ဈေးကတက်လာပါပြီ

မိမိမစွမ်းနိုင်တာအတွက် တွေးပူနေမည့်အစား မိမိစွမ်းနိုင်တာ
မိမိလုပ်နေဖို့ အရေးကြီးပါတယ်။

ဟုတ်တယ်ကိုဟိန်းရေ

ကျောင်းသားဘဝကသင်ခန်းစာလိုပါပဲ အရမ်းပုံဥပမာကောင်းတယ်အကို

ကျေးဇူးပါဗျာ

မှန်ပါတယ်ဗျာ။ နောင်လာနောင်သားတွေအတွက်ပါ။

နောင်လာနောက်သားရှိပြီလား မသိလိုက်ပါလားဗျ hee hee

အနာဂါတ်​အတွက်​ရင်းနှီးမြှပ်​နှံမှူတစ်​ခုလုပ်​​နေတယ်​လို့ပဲယူဆပြီးလုပ်​​နေရတာပါပဲ

ဒီလိုပါဘဲ မအိရေ ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာတိုက်တွန်းမှုနဲ့အတူ
ကျွန်တော်တို့ရဲ့steemitပျိုးပငိလေးကိုဝေဝေဆာဆာဖြစ်အောင်တတတ်တအားကြိုးစားနေပါတယ်ဗျာ

ကောင်းပါတယ်ဗျာ

အမှန်အတိုင်းပြောရရင်..steemitကိုဝင်လာကထဲက၊အခုချိန်တစ်လကျော်သည်အထိ၊ငွေရတာတွေ၊တက်တာတွေ၊ကျတာတွေနားမလည်သေးပါ။ရည်ရွယ်ချက်က..ကိုယ့်လေ့လာခဲ့တာတွေ၊ကိုယ့်ဘဝနဲ့ရင်းပီး..ယူခဲ့ရခဲ့တဲ့အတွေ့အကြုံ
ဗဟုသုတတွေကို၊အခြားသူတွေသိစေခြင်းဌာ၊ရစေခြင်းဌာ
ဆိုတဲ့စေတနာအများကြီးနဲ့ရေးနေတာပါ။

အန်တီရည်ရွယ်ချက်ကိုလေးစားပါတယ်အန်တီ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.078
BTC 62741.70
ETH 1659.93
USDT 1.00
SBD 0.42