အဖေ့ရဲ့ အလင်းရောင်ခြည်
“အဖေ့ရဲ့ အလင်းရောင်ခြည်”
ဦးသိန်းမောင်တစ်ယောက် သူရဲ့သား ဆယ်တန်းကို ၃ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သောကြောင့် ရပ်ကွက်ထဲတွင်မက သူရဲ့လုပ်ဖော်ကိုင်ဖက် ဆိုက္ကာဂိတ်က လူများပါမကျန် လိုက်ကြွားနေသည်မှာ မမောနိုင်မပန်းနိုင်ပါ။သူ့အတွက်တော့ သူ့သားက ဂုဏ်ယူစရာပါ။သူရဲ့သားကို သူ့လိုမဖြစ်စေချင်၍ ရသမျှငွေကို ခြိုးခြံချွေတာစုဆောင်းပြီး ပညာတတ်ကြီးဖြစ်အောင် ထားပေးနိုင်ရန် ကြိုးစားခဲ့ပါသည်။

ဦးသိန်းမောင်သည် ရပ်ကွက်ထဲတွင် ဆိုက္ကာနင်း၍ ငွေရှာပြီး မိတဆိုးသားလေးကို ပြုစုပျိုးထောင်နေသော ဖခင်တစ်ယောက်ဖြစ်ပါသည်။ဦးသိန်းမောင်သည် ဘ၀ပေးအခြေအနေရ ဆိုက္ကားနင်းသော်လည်း စေတနာကောင်း၍ ရိုးသားသောလူတစ်ယောက်ဖြစ်ပါသည်။ဇနီးသည်မှာ လွန်ခဲ့သော လေးနှစ်ခန့်က ဆီးချိုရောဂါဖြင့် ဆုံးပါးသွားသောကြောင့် မိတဆိုးအဖြစ်ကျန်ခဲ့သော သားလေးကိုလူလားမြောက်အောင် ကြိုးစားရုန်းကန်ရှာဖွေကျွေးမွေးခဲ့ပါသည်။တစ်ဦးတည်းသောသားလေးဖြစ်သောကြောင့်လည်း မပြည့်စုံသောငြား မျက်နှာမငယ်အောင် ထားနိုင်ခဲ့ပါသည်။သူရဲ့သားလေးမှာလည်း မိတဆိုးလေးဖြစ်ပေမယ့်လည်း ဖခင်၏နွေးထွေးစွာ ပြုစုစောင့်ရှောက်လာမှုကြောင့် လိမ္မာရေးခြားရှိသော ကလေးလို့ဆိုရပါမည်။ဒီလိုနဲ့ဘဲ သူတို့သားအဖဟာ မပြည့်စုံသော်လည်း ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါသည်။
ဦးသိန်းမောင်တစ်ယောက် သားဆယ်တန်းအောင်၍ တက္ကသိုလ်ထားနိုင်ရန်အတွက် နဂိုထက် အလုပ်ကို ပိုကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ အရင်က ဆိုက္ကားသာနင်းသော်လည်း ယခုတွင် ညပိုင်းတွင်လုပ်၍ရသော အလုပ်များပါ လုပ်၍ ငွေကိုကြိုးစားစုလာခဲ့ပါသည်။အလုပ်ကို မနားတမ်းလုပ်ကိုင်မှုကြောင့် ဦးသန်းမောင်ယခုတလော ကျန်းမာရေးထိခိုက်လာပါသည်။သားဇောဖြင့်သာ အလုပ်ကို ပေတေစွာလုပ်ကိုင်ခဲ့ပါသည်။
ခုလဲ သားတော်မောင်မှ အမှတ်ကောင်းသဖြင့် နည်းပညာတက္ကသိုလ်ကို တက်ရန်ဝင်ခွင့်မှီခဲ့ပါသည်။ သားနည်းပညာတက္ကသိုလ်ကို ပြိးဆုံးအောင်တက်ရန် ဦးသန်းမောင်တစ်ယောက် ကြိုးစားရပါတော့သည်။ တစ်လတစ်လ ကျောင်းသားတစ်ယောက်ရဲ့စရိတ်ဆိုတာကလဲ နည်းတာမှမဟုတ်တာဘဲ။ဒါတောင် သူရဲ့သားတော်မောင်က အဖေပင်ပန်းမှာစိုး၍ နည်းပညာတက္ကသိုလ်မတက်ဘဲ အဝေးသင်တက်မယ် ဆိုတာတောင် ဦးသိန်းမောင်တစ်ယောက် လက်မခံခဲ့ပေ။ဦးသိန်းမောင်ဘ၀မှာ သူသာပင်ပန်းမှုဒဏ်ကို ခါးစီးခံခဲ့သော်လည်း သားတော်မောင် သူ့လို ဘ၀ကို ပင်ပင်ပန်းပန်းရုန်းကန်ရှာဖွေရမှာကို မလိုလားသောကြောင့် ပညာတတ်တစ်ယောက်ဖြစ်စေချင်သည်။
ဒီနေ့ မောင်လင်းဖေတစ်ယောက် နည်းပညာတက္ကသိုလ်ကြီးကို ပညာစတင်သင်ကြားခွင့်ရသောပထမဆုံးနေ့ ဖြစ်ပါသည်။လင်းဖေဆိုသောအမည်မှာ ဦးသိန်းမောင်မှ သားဖြစ်သူမှ အဖေကို အလင်းရောင်တွေပေးမယ့် သားဆိုတဲ့ အဓိပ္ပာယ်နဲ့ပေးထားခြင်းဖြစ်ပါသည်။လင်းဖေတစ်ယောက် အဖေဖြစ်စေချင်သော ပညာတတ်ကြီးတစ်ယောက် ဖြစ်အောင်ကြိုးစားသင်ကြားဖို့အတွက်ဆုံးဖြတ်ထားပါသည်။
လင်းဖေတစ်ယောက် အဖေရဲ့ကျေးဇူးကြောင့် ပညာကိုမကြောင့်မကြဘဲသင်ခွင့်ရသောကြောင့် တစ်ခြားကျောင်းသားများလို အပျော်အပါးမလိုက်စားနိုင်ပါ။ကျောင်းစားကိုသာ ကြိုးစားသင်ယူခြင်းကြောင့် ဆရာဆရာမများနှင့်အတန်းဖော်သူငယ်ချင်းများကပါ သနားချစ်ခင်ကြပါသည်။ထိုအထဲတွင် ၀တီဆိုသောမိန်းကလေးလဲအပါအ၀င်ဖြစ်ပါသည်။ဝတီသည် ချမ်းသာသောအသိုင်းအ၀ိုင်းမှဖြစ်သော်လည်း မာနမရှိ ဖော်ရွေသဘောကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်ပါသည်။ဝတီသည် လင်းဖေအကြောင်းကို သိသည့်အချိန်မှစ၍ လေးစားမိသလို သနားလဲသနားမိပါသည်။
လွန်ခဲ့သော၂ရက်က ၀တီကျောင်းသွားရန် အိမ်မှကားဖြင့်လိုက်ပို့သောအချိန်တွင် မှတ်တိုင်တွင် ကားစောင့်နေသော လင်းဖေကိုအမှတ်မထင်တွေ့လိုက်ရပါသည်။ ၀တီသည်ကားကိုခဏရပ်ခိုင်းလိုက်ပြီး လင်းဖေဆီကိုလျှောက်လာခဲ့ပါသည်။
“လင်းဖေ ကားစောင့်နေတာလား”
“အော် ၀တီ အေး ငါကားမလာသေးလို့စောင့်နေတာ”
“အဲဒါဆို ငါလဲကျောင်းသွားမှာဘဲ ငါတို့နဲ့လိုက်ခဲ့လေဟာ”
“ဟာ မလိုက်တော့ပါဘူး ငါ့ဘာသာငါလိုင်းကားနဲ့လာခဲ့ပါ့မယ်”
“လင်းဖေရယ် မငြင်းပါနဲ့ဟာ ကြုံလို့ခေါ်တဲ့ဟာကို ဘာလဲ နင်ကငါ့ကိုမခင်ဘူးလား ကန်တင်းခေါ်တုန်းကလဲနင်မလိုက်ဘူး”
“ အဲ….အဲလိုမဟုတ်ပါဘူးဟာ”
“အဲလိုမဟုတ်ရင်ငြင်းမနေနဲ့တော့ ဘာလဲနင်ကမာနကြီးတာလား ငါ့ကိုမပေါင်းချင်တာလား”
“မဟုတ်ပါဘူးဝတီရယ် အားနာလို့ပါ”
“အားနာမနေနဲ့ လာလိုက်ခဲ့” ၀တီ လက်အတင်းဆွဲခေါ်သွားတာကြောင့် လင်းဖေလဲ မလိုက်ချင်ပေမယ့် လိုက်ခဲ့ရပါပြီ။
“လင်းဖေ နင်ကဒီနားမှာနေတာလား”
“အေး ဒီနားကရပ်ကွက်မှာနေတာ”
“နင်နေ့တိုင်း ဒီမှတ်တိုင်ကနေကားစီးတာလား အဲဒါဆိုငါနဲ့လိုက်ခဲ့လေ ငါဝင်ခေါ်မယ်”
“ဟာမလုပ်ပါနဲ့ဟာ ခုတောင်အားနာလို့လိုက်လာတာ နောက်ဆိုမလိုက်ပါရစေနဲ့ ငါတောင်းပန်ပါတယ် ငါ့အဖေကလဲကြိုက်မှမဟုတ်ဘူး’’
“ဘာဖြစ်လို့လဲ လမ်းကြုံလို့ခေါ်တာကို”
“တစ်မျိုးမထင်ပါနဲ့ဟာ ငါတို့နဲ့နင်တို့အဆင့်အတန်းချင်းကွာပါတယ်ဟာ၊ငါ့မှာ အဖေဘဲရှိတယ် ငါတက္ကသိုလ်တက်ဖို့ ဆိုက္ကာနင်းပြီးကျောင်းထားရရှာတာ၊အဲဒီတော့ ငါအဖေစိတ်ချမ်းသာဖို့ ပညာတတ်တစ်ယောက်ဖြစ်အောင်ငါကြိုးစားနေတာပါ၊အဲဒါကြောင့် ငါတစ်ခြားကျောင်းသားတွေလိုမဟုတ်ဘဲ စာကိုဘဲကြိုးစားနေတာပါ နင်တို့ကတော့ငါ့ကိုထင်မယ် မာနကြီးတယ်လို့ တကယ်တော့မာနမကြီးပါဘူး ငါ့ရည်မှန်းချက်ကို အပျက်မခံနိုင်တာကြောင့် တစ်ယောက်ထဲကင်းကင်းနေပြိး စာကိုဘဲကြိုးစားနေတာပါ။ အဓိကကအဖေ့ဆန္ဒကိုလဲ ဖြည့်ဆည်းပေးချင်လို့ပေါ့ဟာ”
လင်းဖေပြောစကားကြောင့် ၀တီစိတ်မကောင်းဖြစ်မိပြီး လင်းဖေကိုလဲစာနာနားလည်လိုက်ပါတယ်။ ကိုယ်တွေမှာဖြင့်မိဘကမပူမပင်မကြောင့်မကြထားပေးနိုင်တာကြောင့် ကျောင်းကိုအေးအေးဆေးဆေး တက်နိုင်သော်လည်း လင်းဖေနှင့်နှိုင်းယဉ်ပါက မိမိကိုမိမိ ရှက်စိတ်များတောင်ဝင်မိပါတယ်။
ဆက်ပါဦးမည်………

Photo Credit: Google Image
Writier - Thant Zin Soe (@tharpauk)
MSC 134
ဇာတ်လမ်းက မှန်းလို့ ရနေတယ်ဗျ စာရေးဆရာရဲ့အစွမ်းနဲ့ ဘယ်လိုလှည့်ကွက်သုံးမလဲ နောက်အပိုင်းကို မျှော်နေပါ့မယ်ဗျာ
ခေါင်းစဉ်နဲ့ ဇာတ်လမ်းအရ အဲလိုထင်မယ်ဆိုတာသ်တယ် 😁😁😁 လှည့်ရတော့မှာပေါ့
လှည့်ဗျာ😁😁
စာက ဖတ်လို့ကောင်းတာတော့အမှန်ပဲ👍👍👍
ကောင်မလေးက စိတ်မကောင်းဖြစ်ရင် သေချာဘီ။
ဘာသေချာတာလဲ
ဇာတ်လမ်းကောင်းလေး။
ကျေးဇူးပါမအိ
ငယ်စဉ်က သားဟာ ကြီးလာရင် အားဖြစ်ဖို့ မိဘတွေအတွက် လိုပါတယ်
ဟုတ်ပါတယ်ဗျာ
ဇတ်လမ်းကတော့ ကောင်းပြီ မျှော်နေပါ့မယ်ခင်ဗျာ
မကြာမှီပေါ့
ကျွန်တော်တို့လို ယောက်ျားလေးတွေက အဖေနဲ့ပိုတူကြပါတယ်ဗျ
ကိုအယ်ဒိုက ဖအေနဲ့တူလား
တူတယ်။ ၈၀ %ထိတူတယ် :D
မိဘမေတ္တာကဘယ်အရာနဲ့မှအစားထိုးမရပါဘူး
မှန်တာပေါ့ ညီလေးရာ
မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်
ရပါတယ် ကျေးဇူးပါ
Good story
ကျေးဇူးပါဗျာ
You got a 7.14% upvote from @whalebuilder courtesy of @tharpauk. Join @whalebuilder family at our Discord Channel. Don't let your precious stake(SP) go stale...Make it do more so you have to do less. Deligate it to @whalebuilder by clicking on one of the ready to delegate links: 50SP | 100SP | 250SP | 500SP | 1000SP | 5000SP | custom amount.