သားသားနဲ့ကျွန်တော်

in #esteem8 years ago

နေပြည်တော် မြို့မဈေးမှာ စားသောက်ဆိုင်လေးတစ်ဆိုင် မထင်မရှား ရှိ၏။
စိမ်းလန်း နာမည်ဖြင့် လူသိများလာရခြင်းမှာ စိတ်ကောင်းစေတနာကောင်းဖြင့်
ရောက်ရှိလာသော ဧည့်သည်များကို နွေးထွေးပျူငှါစွာ ဆက်ဆံတက်ချင်း၊ ဧည့်သည်အလိုကို စောင့်ကြည့်ပေးနေတက်ခြင်းနှင့် ဈေးနှန်းများသက်သာ သလောက် သန့်ရှင်း လက်ဆက်သော အစားအသောက်များကို အချိန်မရွေးရနိုင်ခြင့်းကြောင့် ဆိုင်တွင် လူမပြတ်သွားပဲ တစ်နေ့လုံးရှိနေခဲ့၏။ image
ပြောချင်တာကတော့ သားသားမောင်ဘုန်းပြည့်လျှံဖြစ်၏။သူကလူချစ်လူခင်များ၏။ကလေးပီပီ အဆော့သန်၏။စကားလဲတအားေပြော၏။ သူမသိသေးတဲ့အရာကိုမေးကြည့်လျှင် တော်တော်ဂရုစိုက်ဖြေပေးရသည်။လက်တွေကျတဲ့ သားသားက ညာပီးဖြေလို့မရ။ ချက်ချင်သိချင် မြင်ချင်၏။မပြနိုင်က တစ်နေ့လုံး ရစ်နေတော့၏။ အလုပ်ကိုလဲ ဝိုင်းကူလုပ်ပေးသေး၏။ ညနေပိုင်းကိုတော့ သူတအားရောက်ချင်နေ၏။ ဘာကြောင့်ဆို သူ့သူငယ်ချင်းကို မျှော်တက်လာသည်။ သူ့သူငယ်ချင်းက ညနေပိုင်းဆို ဘီယာသောက် ရန်ဆိုင်ကိုရောက်လာပီ။သားသားကဘီယာတူတူသောက်နေတော့၏။ ဆိုးတာက မမူးမချင်း မထတော့။ image
သားသားကိုကြည့်ပီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိတယ် နောက်တော့ အကြံရလာပါပြီ အသက်က သုံးနှစ်လဲကျော်လာပီဆိုတော့ မူကြိုကို ပို့ဖို့ဆုံးဖြတ်လိုက်ရသည်ပေါ့။ ကလေးမူကြိုပို့လိုက်တော့မှ ဆိုင်မှာ ပတ်ဝန်းကျင်တစ်ခုလုံးရော အားလုံး စွံ့အ ငြိမ်သက်ကုန်ကြလေပီ။ image
စာတော်တဲ့သားလေးဟာ အခုဆိုရင် ကဗျာလေးတွေလဲတော်တော် အလွှတ်ရနေခဲ့သလို ကျောင်းစည်းကမ်းကိုလည်း ကောင်းကောင်းနားလည်လာသူတစ်ယောက်ဖြစ်လာခဲ့ပြီ။ တစ်ရက် တစ်ရက် သားသားကျောင်းသွားနေရင် အားလုံးက သတိရနေကြသည်။ သူ့နဲ့ တူဝရီးတော်စပ်သူ မင်္ဂလာဆောင်ပွဲကို သွားရန်အတွက် ကျောင်းကနေခွင့်ယူခဲ့စဉ်ကသားသား ခရီးသွားရမှာလားတဲ့။သားသားက ရထားကြီးပဲစီးချင်တယ်ပဲပြောလို့ ရထားနဲ့ပဲစီစဉ် လိုက်ရတော့တယ်။သူကသူဖြစ်တာတာကို ပူဆာတက်တာ ရအောင်ကို လုပ်ပေးနေရတယ်။ image
သူ့အမျိုးတွေနဲ့ ပျော်နေလေရဲ့။အဖေချစ်သာ့း သူအမေကို နဲ့ထားလို့မရ အိမ်ပြန်ဖို့တော့ မနည်းပြန်ခေါ်ရတယ်။သူပျော်နေတယ် အမျိုးတွေနဲ့ ခုတော့ ကျောင်းပြန်တက်နေပါပြီ။ လေယာဉ်ပျံအရုပ်ကို အမြဲပဲ စိတ်ဝင်စားနေခဲ့တဲ့ သားသားတစ်ယောက် ကြီးလာရင် လေယာဉ်ပဲမောင်းမယ် လို့ သတိရတိုင်းပြောနေခဲ့တဲ့သားတစ်ယောက် ကောင်းကင်မှာ ပျံနေတဲ့လေယဉ်ကိုတွေ့ရင် အဲ့ဒီလေယာဉ်ကို အခုဝယ်ပေးဆိုပီးပူဆာတက်တဲ့သားတစ်ယောက် လေယာဉ်မှူးကြီးဖြစ်အောင် မိဘတို့တာဝန်ရှိသည်နှင့်အညီ သားသားအတွက် ရည်မှန်းချက် မယိုင်အောင် သတိထားကြိုးစားဖြည့်ဆည်းပေးမှာ မိဘရဲ့တာဝန်ပဲ မဟုတ်လား။
@thanzawoo

Sort:  

Congratulations @thanzawoo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Done
Smt 6

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65690.94
ETH 1793.47
USDT 1.00
SBD 0.42