"Facebook ကို cloud storage တစ်ခုအဖြစ် အခမဲ့အသုံးပြုခြင်း"အပိုင်း-၁[original post by @thantzin(moehlaing)]
in #myanmar7 years ago (edited)
unicode;
"Facebook ကို cloud storage တစ်ခုအဖြစ် အခမဲ့အသုံးပြုခြင်း"အပိုင်း-၁[original post by @thantzin(moehlaing)]
IMG_20170708_074021.jpg
မင်္ဂလာပါ အမျိုးတို့ရေ!
ဒီနေ့တော့ facebook ကို cloud storage တစ်ခု အဖြစ် ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတဲ့ အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီpost ကို ရှေ့ဆက်မရေးခင် ကျွန်တော် ဝန်ခံချင်တာတစ်ခုကတော့ ကျွန်တော်ဟာ နည်းပညာသမားတစ်ယောက်မဟုတ်သလို Technician တစ်ယောက်လည်း မဟုတ်ပါဘူး။ဝါသနာရှင် တစ်ယောက်သာဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်ရဲ့ရေးသားချက်တွေမှာ လိုအပ်ချက်တွေရှိခဲ့ရင် နားလည်ပေးကြဖို့ကြိုတင်တောင်းပန်အပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့facebook ကို cloud storage တစ်ခုအနေနဲ့ အသုံးပြုတာဟာ facebook ရဲ့ policy တွေနဲ့ကိုက်ညီမှုရှိမရှိဆိုတာလည်း ကျွန်တော်သေသေချာချာ မသိပါဘူး။အခု ကျွန်တော့်ရဲ့post မှာ facebook ကို cloud storage တစ်ခု အဖြစ်ဘယ်လိုအသုံးပြုမယ်ဆိုတဲ့ အကြောင်းအရာ ကိုပဲ အဓိကအနေနဲ့မျှဝေပါ့မယ်။
1whup12un2.jpg
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့ အကို ဝမ်းကွဲတစ်ယောက် သူ့ရဲ့facebook timeline ပေါ်မှာ ဗွီဒီယို ဖိုင်တစ်ခုတင်ပါတယ်။သူနဲ့ဖုန်းပြောဖြစ်တော့ သူ့ဖုန်းထဲက ဗွီဒီယိုဖိုင်လေး အကြောင်းကြောင်းကြောင့် ပျောက်ပျက်သွားမှာ စိုးတဲ့အတွက် facebook ပေါ်မှာ ဗွီဒီယို ဖိုင်တင်ပြီး သိမ်းထားတဲ့အကြောင်းပြောပြပါတယ်။နောက် friend ထဲက တစ်ယောက်ကလည်း ဓါတ်ပုံတွေကို မပျောက်ပျက်အောင် သိမ်းထားချင်လို့ဆိုပြီး သူ့ရဲ့timeline မှာ ဓါတ်ပုံတွေ အများအပြား တင်ထားတာ တွေ့ဖူးပါတယ်။ဟုတ်ကဲ့။facebook ပေါ်မှာ ဓါတ်ပုံ နဲ့ဗွီဒီယိုတွေ တင်ပြီး သိမ်းထားလို့ရပါတယ်။
အဆင်မပြေတာက facebook က ကျွန်တော်တို့တင်ထားတဲ့ဓါတ်ပုံနဲ့ဗွီဒီယို ဖိုင်တွေကို Hd quality နဲ့upload တင်ထားရင်တောင်မှ ဓါတ်ပုံနဲ့ဗွီဒီယို ဖိုင်တွေရဲ့ file size ကို လျှော့ချလိုက်ပါတယ်။file size လျော့သွားတဲ့အတွက် ကြည်လင်ပြတ်သားမှု quality လည်း လျော့နည်းသွားပါတယ်။ဥပမာ ကျွန်တော်တို့hd quality နဲ့upload တင်ထားတဲ့5mb ရှိတဲ့ဓါတ်ပုံ တစ်ပုံကို download ပြန်ဆွဲရင် ဓါတ်ပုံရဲ့sizeက မူလတင်ထားတဲ့ size အတိုင်းမဟုတ်ပဲ size တော်တော်လေးလျော့နည်းနေသလို မူလဓါတ်ပုံရဲ့ကြည်လင်ပြတ်သားမှုကို လည်း ဘယ်လိုမှ မမှီတော့ပါဘူး။
ဒါတောင် upload တင်သူက hd qualiy နဲ့တင်ထားမှသာပါ။hd quality နဲ့upload မတင်ပဲ သာမန်အတိုင်း upload တင်လိုက်လို့ကတော့ မူလဓါတ်ပုံ အရည်အသွေးနဲ့download ပြန်ဆွဲထားတဲ့ဓါတ်ပုံ ရဲ့ ကြည်လင်ပြတ်သားမှု ဟာ အရမ်းကို ကွာခြားသွားပါတယ်။ဗွီဒီယို ဖိုင်တွေလည်း ထို့အတူပါပဲ။
ကျွန်တော်တို့hd quality နဲ့တင်လိုက်တဲ့ ဗွီဒီယို ဖိုင်တစ်ခုဟာ download ပြန်ဆွဲတဲ့အခါ မူလ file size ထက် ပိုပြီးလျော့နည်းနေသလို ကြည်လင်ပြတ်သားမှု (resolution)ဟာလည်း မူလဗွီဒီယို ဖိုင်ထက် လျော့နည်းပါလိမ့်မယ်။facebook ပေါ်က ဗွီဒီယိုတွေရဲ့နောက်ထပ်အားနည်းချက်တစ်ခုကတော့ download ဆွဲလိုက်တဲ့အခါ ရုပ်ထွက်နဲ့အသံ မကိုက်ညီတဲ့ အချက်ပဲဖြစ်ပါတယ်။
4mfc0e0zcg.jpg
facebook မှာ ကိုယ့်ရဲ့ timeline ပေါ်မှာ upload တင်ထားရင် ဓါတ်ပုံနဲ့ ဗွီဒီယို နှစ်မျိုးတည်းသာ upload တင်နိုင်ပြီးတော့ download ပြန်ဆွဲရင်လည်း မူလအရည်အသွေးအတိုင်း အပြည့်မရနိုင်တဲ့အပြင် အချို့ဗွီဒီယိုဖိုင်တွေမှာ အရုပ်နဲ့အသံ မကိုက်ညီတဲ့ပြသနာ ကြုံတွေ့ရနိုင်ပါတယ်။
ဟုတ်ကဲ့။ ကျွန်တော်ရေးတဲ့အခု post မှာ
facebook ပေါ်မှာ ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို မူလအရည်အသွေးအတိုင်း အတိအကျ upload, download ပြုလုပ်နိုင်ပြီး အခြားသော ဖိုင်အမျိုးအစားတွေဖြစ်တဲ့ mp3,pdf,
apk,zip,rar အစရှိတဲ့ဖိုင်အမျိုးအစား အားလုံးကို upload,download ပြုလုပ်နိုင်မဲ့နည်းလမ်းဖြစ်ပါတယ်။တစ်နည်းအားဖြင့်
facebook ကို cloud storage တစ်ခုအဖြစ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
pcloud,mediafire အစရှိသဖြင့် အခြားသော cloud storage တွေရှိပေမယ့် အဲ့ဒီ cloud storage တွေကို အသုံးပြုမယ်ဆိုရင် data ဖိုး ကုန်ကျပါလိမ့်မယ်။
data unlimited ကို လူတိုင်း လက်လှမ်းမမှီနိုင်သေးတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာ အင်တာနက်သုံးတဲ့အခါ data ဖိုး ကုန်ကျမှုကို ဂရုစိုက်ရပါတယ်။ကျွန်တော်ဆိုရင် bill 1000 ဖိုးကို သုံးရက် လောက်အောင်သုံးပါတယ်။ဒါတောင် တစ်လ bill 10000 လစ်သွားပြီလေ။ဘောစိမဟုတ်တော့လည်း ချွေတာရတာပေါ့ဗျာ!
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ooredoo mobile network ကို အသုံးပြုမယ် ဆိုရင် ငွေဖြည့်သွင်းတိုင်း facebook ကို တစ်ရက် 500mb အခမဲ့ အသုံးပြုခွင့်ပေးထားတာကြောင့် ooredoo အသုံးပြုသူတွေအနေနဲ့facebook ကို social network အဖြစ်ပဲသုံးသုံး cloud storage တစ်ခုအဖြစ်ပဲသုံးသုံး data ဖိုးမကုန်ပဲ တစ်ရက်ကို 500mb အခမဲ့သုံးနိုင်ပါတယ်။အခုအစီအစဉ်ကို ရယူဖို့အတွက် *5050# ကိုတော့ ခေါ်ဆိုဖို့လိုပါမယ်။
ဟုတ်ကဲ့။ စကားကြောကတော့ တော်တော်ရှည်သွားပြီဗျ။smart phone တစ်လုံးနဲ့ facebook ကို cloud storage အဖြစ်အသုံးပြုဖို့အပလီကေးရှင်း(apk) နှစ်ခုလိုပါတယ်။
chrome browser နဲ့rar တို့ပဲ ဖြစ်ပါတယ်။
f0vq1vycrh.jpg
1.chrome browser(54.0.2840.85)(45.76mb).apk
pcloud link;
https://my.pcloud.com/publink/show?code=XZFx1rZGh9ozwxkQPYcf5nFRGfENQJKqNPy
facebook plan(ဂုံးဆင်း)link;
https://m.facebook.com/groups/1215801381872814?view=permalink&id=1401960149923602
2.rar(4.79mb).apk
pcloud link;
https://my.pcloud.com/publink/show?code=XZLeKrZNPTL6IrCICBSsvkm2OH7HVi2jU6V
facebook plan(ဂုံးဆင်း)link;
https://m.facebook.com/groups/1215801381872814?view=permalink&id=1403971393055811
ဟုတ်ကဲ့!
ဒုတိယပိုင်းမှာ facebook ပေါ်မှာ ဖိုင်မျိုးစုံကို
စိတ်ကြိုက် upload,download ပြုလုပ်ပုံကို
ဆက်လက်ရေးသားပါ့မယ်ခင်ဗျာ!
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)
မှတ်ချက်။ ။facebook plan ရှိသူများ အပေါ်က apk နှစ်ခုကို ဂုံးဆင်း link မှ တဆင့် download ဆွဲပါက bill မကုန်ပါ ခင်ဗျာ!
zawgi;
1whup12un2.jpg
4mfc0e0zcg.jpg
f0vq1vycrh.jpg
pcloud link;
2.rar(4.79mb).apk
pcloud link;
ဟုတ်ကဲ့!
@thantzin(moehlaing)
Sort:  
နည်းပညာ မျှဝေခြင်းအတွက် ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ကောင်းပါတယ်, ဒါပေမယ့် သုံးထားတဲ့ ပုံတွေက @zwal ရဲ့ copyright နဲ့ညှိပြီးတော့ steem cleaner ထိတားတဲ့ ပုံတွေ ဖြစ်ပါတယ်။ steem cleaner ဝင်မလာလည်း သတိထားဖို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ ။
ကျေးဇူးပါ bro!
နောက်ယူ မသုံးတော့ပါဘူး။
steemit က အခုမှ စသုံးတာဆိုတော့ သိပ်နားမလည်သေးလို့ ပါ။
ဖောက်ပြောင်းသုံးပါ ဟ
အေးဗျာ ကျနော်က chrome နဲ့ သုံးတာဆိုတော့ zawgi တွေ ဖတ်မရဘူးဗျာ
နောက် post တွေမှာ zawgi ရော unicode ရော နှစ်မျိုးလုံးနဲ့  တင်ပါ့မယ်ဗျာ
နိစာတွေက ကောက်လီးကောက်လောက်နဲ့ နာ့ဖုန်းနဲ့ကျ နားလည်ဘူးဟ
unicode နဲ့ ရေးထားတာပါ
bro က apk နဲ့ သုံးတာလား browser နဲ့ သုံးတာလားဗျ
နောက်ပို့ စ်တွေမှာ zawgi ရော unicode ရော နှစ်မျိုးလုံးတွဲတင်ပါ့မယ်ဗျ
အိလိုကျကောင်းတော့်ကောင်းပါတယ် ဒါပေမင့် ပင်ပမ်းမှာပေါ့်ဂျာ
Your vote is important to us. For which we thank you. And keep voting.
Coin Marketplace
STEEM 0.18
TRX 0.16
JST 0.030
BTC 66445.86
ETH 2588.21
USDT 1.00
SBD 2.68