တရားဦး ဟောလှည့်ပါ
တရားဦး ဟောလှည့်ပါ
---------*
(မင်းသုဝဏ်)
DO PREACH THE FIRST SERMON
*'ကာမဘောင် ရှုပ်အထွေးကိုလ
ပျိုလေး မယ်မခင်လို့
ရုန်းချင်ပြီ' ဆုပန်ကြားသူရဲ့
တားမြစ်ဖို့ ခွင့်မသာ။
*How must I forbid
The one wishing free
Totally from a web
Of magnetic hedonism?
*နှစ်ကိုယ် တွဲကာပ
သည်ဝဲ သံသရာက
သောင်ခေမာ ဟိုတစ်ဖက်ဆီသို့
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့
ဆုထူးကို ပန်ညီသော်လည်း
ပါရမီ မောင်မရင့်သော်ကြောင့်
သွားနှင့် သက်လျာ။
*Go, dearest ! Ahead, O go!
For I'm not holy enough to follow
Tho' we shared a wish:
We'd cross this great whirl-
Endless recurrsion of lives-
Right over to the Other Bank
Vigilantly on Megga raft.
*ဇာတ်မတူ အမူကြမ်းသူဖြင့်
သောင်ကမ်း မမြင်နိုင်လို့
တစ်ပင်တိုင် နာဝါပျက်လိုပ
သံသရာ သည်ဂယက်မှာလ
စုန်တစ်ခါ ဆန်တစ်ချက်ကယ်နှင့်
မျောလျက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။
*Like a lone wreck
Drifted in shoreless sea,
Helplessly, upstream sometimes,
Once in a while downstream,
This graceless gipsy's being carried
Along with ripples of Samsara:
Nowhere to land!
*သို့အကြောင်းရယ်ကြောင့်
ချစ်ဟောင်း နွယ်သာကီရဲ့
ပါရမီ ပြည့်လျှံဖြိုးကာပ
တန်ခိုးတွေ တလူလူနှင့်
ဘိက္ခူနီ ထေရီဖြစ်တော့ခါ
မောင်ချစ်ကို မယ်သနားတာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှည့်အဦး။
*Oh-so,
Mine old flame of blue blood,
Do preach the first sermon
On your renouncing,
Having mercy on me
Upon becoming a Bhikkuni
With mysterious powers
After your perfection.
Rendered by Tin Zaw Moe
photo credit; google image



