မိုးရာသီဟာ ကျွန်တော့်အတွက်တော့ လွမ်းစရာပါပဲ...

in #rememberence7 years ago

အပိုင်း(၁)


မိုးရွာသီဟာ အလွမ်းတွေနဲ့ ပြည့်နက်နေတဲ့ အလွမ်းမိုးရာသီပါ...
အထီးကျန်တဲ့အခါတိုင်း မလာနိုင်သေးတဲ့ မိုးကို တမ်းတစောင့်မျှော်နေပြီလေ။ အခုဆိုရင် မိုးရေထဲမှာ ထီးမဖွင့်ဘဲ ပျော်ပျော်ကြီးသွားရဲနေပါပြီ။မိုးရေထဲမှာ ကလေးတစ်ယောက်ရဲ့ လျှောက်လှမ်းခဲ့ရတဲ့နေ့တွေဟာ တွေးကြည့်ရင် ကြည်နူးစရာလေးပါ။ထီးကလေးကို ဟိုဘက်၊ဒီဘက်လှည့်ပတ်ကစားပြီး ပြေးလွား လှုပ်ရှားနေတဲ့ မိုးရေပြင်မှာ ခြေထောက်နဲ့မိုးရေထဲမှာဆော့ကစားပြီး ကျောင်းတက်ခဲ့ရတာဟာ နေ့စဉ်ရက်ဆက်ပေါ့။တစ်ခါတစ်ရံ လှည့်စားတတ်တဲ့မိုးဟာ မညှာမတာ စိုစွတ်စေပြန်ပါတယ်။အထူးသဖြင့် 'မိုးမရွာဘူး'ဆိုပြီး ထီမယူသွားတတ်တဲ့ အချိန်တွေပေါ့။အိမ်အပြန် စိုရွဲလှတဲ့ အဝတ်တွေ၊ ကိုင်လို့မရလောက်အောင် ဖြစ်နေတဲ့ စာအုပ်တွေကို ကြည့်ပြီး မိုးရွာသီထဲ ကျောင်းတက်ရတာ တစ်ခါတစ်ရံ မုန်းချင်လာခဲ့တယ်။ ကလေးဘဝက ဒါတွေဟာ ဖြစ်တတ်တဲ့ သဘာဝဆိုတာ မသိခဲ့ဘူး။
မိုးရေထဲမှာ ပျော်ခဲ့ရတာကိုလည်း ထည့်တွက်ရဦးမှာပါ။မိုးရေထဲမှာ အကိုတွေနဲ့ 'မိုးရွာရင် မိုးရေချိုးမယ် ၊မေမေလာရင် နို့စို့မယ်၊ ဖေဖေ လာရင် အုန်းသီးခွဲစားမယ်''ဆိုတဲ့ သီချင်းကို အော်ဆိုရင်း မိုးရေချိုးခဲ့တာတွေကိုရော ဘယ်မေ့နိုင်ပါ့မလဲ။မိုးတိတ်တဲ့ ညနေဆည်းဆာမှာ ရောင်စုံ တိမ်ပန်းပွင့်လေးတွေဟာ ဘယ်ပန်ချီးရေးလို့မမီအောင် လှနေတာကိုရော အမြဲ သတိရနေမိတယ်။အကိုတွေ သူငယ်ချင်းတွေနဲ့ မိုးရေထဲမှာ ဘောလုံးကန်ခဲ့ကြတာကိုလည်း ချန်ထားခဲ့လို့မဖြစ်ဘူး။ကျောင်းဆင်းပြီဆိုရင် ဝါသနာပါရာ ငါးမျှားတဲ့အလုပ်ကို လုပ်ဖို့အကိုသုံးယောက်ရယ်၊သူငယ်ချင်းတွေရယ်နဲ့ မိုးတိတ်ချိန် အတူတူ သွားခဲ့ကြတယ်။ ညနေဆည်းဆာအလှကို အတူတူ သာယာယစ်မူးရင်း ငါးတွေလည်း အများကြီးရှာခဲ့ကြတယ်။ငါးမျှားတဲ့အချိန် အကို အမြဲပြောတဲ့စကားကို အခုအချိန်ထိ မမေ့ဘူး။။ ''ငါးက ညနေမိုးချုပ်ပြီဆိုရင် အရမ်းမိတယ်''ဆိုလို့ ညမိုးချုပ်တဲ့အထိ နေခဲ့ကြတယ်။ကျောင်းပိတ်ချိန် လယ်ထဲ ဆင်းပြီး လယ်ကစင်းတင်ကူခဲ့တာတွေ၊ပျိုးနုတ်ချိန် နဲ့ လယ်စိုက်ချိန်တွေမှာဆိုရင် ပျိုးစည်းချကူခဲ့တာတွေ ၊လယ်ထွန်တဲ့အချိန် ငါးရှာခဲ့တဲ့အချိန်တွေ...အို အမှတ်ရစရာတွေက ပြောလို့မဝဘူးပေါ့။
မှတ်မှတ်ရရသတိရနေတာ ရှိသေးတယ် ။အကို သုံးယောက်နဲ့ ကျွန်တော်( ညီအကို လေးယောက်) ချောင်းရဲ့ ဟိုဘက်ကမ်း လယ်ဘက်ကို မိုးဦးကျချိန်မှာ ငါးသွားရှာကြတယ်လေ၊မိုးက မစိုရုံတမယ် တစ်ဖွဲဖွဲ ရွာနေတာ.. မိုးဆွေနေတာပေါ့။ညက ရွာထားတဲ့အရှိန်မသေသေးတာပါ။ချောင်းရေက ရေနောက်တွေနဲ့ ရေတိုးနေတယ်လေ။ ဟိုဘက်ကမ်းရောက်လို့ ငါးရှာပြီး ပြန်တဲ့အချိန်မှာ ချောင်းရေက ဗောင်းဗောင်းလံနေအောင် ရေကြီးနေပြီလေ။ ချောင်းထဲမှာ ကြီးပြင်းလာလို့ ရေကူးတတ်တဲ့ကျွန်တော်တောင် ရေမကူးရဲလောက်အောင် ကြောက်ခဲ့ရတယ်။ပါလာတဲ့အကိုထဲက အကြီးဆုံးအကိုက ကျွန်တော်နဲ့ စောင့်ပေးပြီး အကို နှစ်ယောက်က ဟိုဘက်ကမ်းကူးပြီး အဖေ့ကို သွားခေါ်ချေတယ်လေ။ နောက်ပိုင်းမှ အဖေနဲ့အကို ရောက်လာပြီးကျွန်တော့ကို တွဲခေါ်သွားမှ ဟိုဘက်ကမ်းရောက်ရတော့တာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်က သုံးတန်းပါ။အမှတ်ရစရာတွေကတော့ရေတွက်လို့မရလောက်အောင် အများကြီးပါပဲ။မိုးရာသီဟာ ကျွန်တော့ကို ဘယ်လို ရက်စက်သွားတယ်၊ဘယ်လို ငိုကြွေး စေတယ်ဆိုတာ အပိုင်း (၂)မှာ ပြောပြသွားဦးမှာပါ။
"ကျွန်တော့်ရဲ့ဇာတိကP70617-092808.jpg တောတောင်၊ ရေမြေချောင်းမြောင်းသဘာဝဟာ နန်းဆန်လှအောင်လှပပေမယ့် ကျွန်တော်ဟာ အဲ့ဒီ လှပတဲ့ အလှတရားကို အခုချိန်မှာ မခံစားရတော့ပါဘူး။"
ကျော်ဇင်သန့်

P70617-084912.jpg

@tamuthar

Sort:  

နောက်ကိုမိုးနဲ့ အတူပျော်နိုင်ပါစေ နောက်တစ်ပိုင်း မိုးနဲ့ ငိုခဲ့ပုံကို အားပေးပါအုံးမယ် ဘာတဲ့ ငယ်ငယ်က ဆိုခဲ့တဲ့ဟာလေး မိုးရွှာရင်မိုးရေချိုးမယ် စော်တွေလာရင် . . . အဲ့ဒါ ကျွှန်တော်တို့လဲ ဆိုဘူးဒယ်ဗျ ဆက်ရေးပါအားပေးနေပါမယ် ကျွှန်တော် တမူး fan ပါ ဗျာ

အဲ့ မလုပ်ပါနဲ့ဗျာ..ဝါသနာက မရှိမဲ့ရှိမဲ့လေးမို့ပါ။

အိုး မိုးနဲ့ အပြိုင် လွမ်း

အချိန်တွေ ရပ်ပေးပါ မိုးနဲ့ ခွဲရမှာစိုးလို့... မိုးနဲ့ ထာဝရ ရှိနေချင်လို့ပါ

Waiting part 2

Yes, thanks for supporting.But I am not ready to post yet.

Tamu​​ရေ ဘွတ်​လိုက်​​နော်

Very good ပါဗျာ

ကျေးဇူးပါ ဒါပေမယ့် ဆရာ့ကိုတော့ မမီသေးပါဘူးဗျာ...

rain rain go away.... because i miss someone too.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50