အောင်မြင်ဖို့အတွက် လုပ်ဆောင်သင့်သည့်အချက်များ

in #success7 years ago (edited)

( ၁ )ကိုယ်စိတ်ဝင်စားတဲ့အလုပ်၊ဝါသနာပါတာတဲ့အလုပ်ကို လုပ်ပါ။ ( ၂ )နိုးနိုးကြားကြားကြိုးကြိုးစားစား လုပ်ဆောင်ပါ။ ( ၃ )ပိုကောင်းလာအောင် လုပ်ပါ။ ( ၄ )အာရုံစူးစိုက်ပါ။ (၅) ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ။( ၆ )အကျိုးဆောင်ရမယ်။ ( ၇ )စိတ်ကူး အကြံထုတ်ပါ။ ( ၈ ) ဇွဲရှိရမယ်။ 

(၁)လူတစ်ယောက်ဟာ ပထမအချက်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ ရည်မှန်းချက်တော့ ရှိမှာပါ။ရည်မှန်းချက်ကတော့ လက်တွေ့မကျဘဲစကားအနေနဲ့ ပဲရှိတာပါ။ကိုယ်က ရည်မှန်းချက်ကို အကောင်းအထည်ဖော်နိုင်ဖို့လိုပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်ကို အမြဲရှင်သန်ပေါက်ဖွားလာအောင်မွေးမြူ ပြီး ကိုယ်ဝါသနာပါတာ၊ စိတ်ဝင်စားတာကို အောင်မြင်အောင် တစ်စိုက်မှတ်မှတ် လုပ်ဆောင်ရမှာပါ။

(၂)အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ ဝီရိယထားပြီး ကြိုးစားရမှာပါ။အလုပ်ဆိုမှာတော့ ပင်ပန်းတဲ့အခါရှိသလို ခက်ခဲတဲ့အခါလည်း ရှိတတ်ပါတယ်။ဥပမာ-ကျောင်းသားတစ်ယောက်ဟာ အတန်းစာပေတွေကို တစ်နှစ်ပတ်လုံး အစဉ်မပြတ် ကြိုးစားနေလို့ဆိုရင် စာမေးပွဲအောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။ဒါကြောင့်မို့ ဘယ်အလုပ်မျိုးမဆိုကြိုးစားရင် အောင်မြင်နိုင်ပါတယ်။

(၃)အောင်မြင်ချင်ရင် တစ်ခုခုကို ကြိုးစားပြီး လုပ်ရမှာပါ။အဲ့ဒါကို အရမ်းကောင်းလာအောင် ပို လေ့လာလေ့ကျင့်ပြီး ကိုယ်ရဲ့အရည်အချင်းကိုချပြရမှာပါ။ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲကို ထူးထူးချွန်ချွန် ဂုဏ်ထူးတွေနဲ့ အောင်ချင်ရင်တော့ ကိုယ် လက်ရှိ ရရှိတဲ့လပတ်စာမေးပွဲအမှတ်ထက် အမှတ်ပိုကောင်းအောင် လုပ်ရမှာပါ။ငါဘယ်ဘာသာတွေထဲက ၊ဘယ်အခန်းတွေထဲက အကြောင်းအရာတွေ မပိုင်သေးဘူးလဲဆိုတဲ့ အားနည်းချက်ကို စမ်းစစ်ပြီး အမှတ်ပိုရလာအောင် ကြိုးစားရမှာပါ။

(၄)ကျွန်တော်တို့ဟာ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကို အရေးမကြီးဘူးလို့ထင်ကြပါတယ်။ ဒါကတော့ လုံးဝမှားနေတဲ့ ထင်မြင်ချက်ပါ။အောင်မြင်နေတဲ့ လူတွေဟာ အာရုံစူးစူးစိုက်စိုက်လုပ်ကြတယ်ဆိုတာ သတိမထားမိကြလို့ပါ။ အာရုံစူးစိုက်မှုဟာ အလုပ်တစ်ခုကို သေချာပေါက်အောင်မြင်အောင် ပို့ဆောင်ပေးတဲ့အရေးကြီးတဲ့ အချက်တစ်ခုပါ။


 ![P70617-091459.jpg]()

(၅)တကယ်တော့ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံးတွန်းအားပေးရတယ်ဆိုတာ သိပ်တော့ မလွယ်ဘူးလို့ထင်ပါတယ်။စိတ်ဓာတ်ကျနေတဲ့အခါမှာ ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ နာကြည်းချက်တွေကို မြင်ယောင်ပြီး ငါဘာလို့မအောင်မြင်ရမှာလဲ၊မဖြစ်ဘူးဆိုတာမရှိနိုင်ဘူးဆိုတာကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးတဲ့သဘောပါ။ဒီနေ့ရာမှာ အခြားလူတွေရဲ့ တွန်းအားဟာ ကိုယ့်အတွက် ရာခိုင်နှုန်းပြည့် အထောက်အပံ့ဖြစ်နိုင်ဖို့ဆိုတာ လူတိုင်းမရရှိနိုင်ပါဘူး။အချစ်ဆုံးတွေဖြစ်ကြတဲ့ မိဘ၊ဆွေမျိုး ချစ်သူရည်းစားတောင် တွန်းအားပေးရင် ကိုယ်ဘက်က ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။

(၆)လူတစ်ချို့က ကိုယ့်အကျိုးကို ကိုယ် ဆောင်နိုင်ကြပြီး လူတစ်ချို့ကတော့ အများအကျိုးဆောင်နိုင်ကြတယ်။ဒါကတော့ မပြည့်စုံတဲ့ရှင်းလင်းချက်တစ်ခုပါ။ကျွန်တော့်သဘော ပြောရရင် နှစ်ဦးနှစ်ဘက်မျှတဖို့လိုပါတယ်။ကိုယ့်အကျိုးကိုဆောင်ပြီး သူများအကျိုးဆောင်နိုင်ရဲ့လား၊ သူများအကျိုးဆောင်နိုင်ပြီး ကိုယ်အကျိုးအောင်နိုင်ရဲ့လားဆိုတာ စဉ်းစားရမယ့်အချက်ပါ။ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ လူ့လောကအကျိုးအတွက် အမှန်တကယ် အကျိုးပြုနိုင်မှသာလျှင် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်မှာပါ။

(၇)အောင်မြင်တဲ့ လူတိုင်းဟာ စိတ်ကူးကောင်းတွေကို ထုတ်တတ်ကြပါတယ်။ဒါဟာ လက်ခံသင့်တဲ့အချက်ပါ ။အလုပ်ကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတဲ့ ဆန်းသစ်တဲ့ စိတ်ကူးကောင်းတွေ ထွက်ဖို့ လိုပါတယ် ။အကြံရှိတဲ့ ပုဂ္ဂိုလ်ဟာ ပြဿ နာအခက်အခဲတွေ ရှိလာတဲ့အခါ လွယ်ကူစွာဖြေရှင်းတတ်ကြပါတယ်။စိတ်ကူးကောင်းတွေ ထွက်လာဖို့ လေ့ကျင့်ပြင်ဆင်သင့်ပါတယ်။

(၈)နောက်ဆုံး အချက်အနေနဲ့ ဇွဲရှိဖို့ အင်မတန်လိုအပ်ပါတယ်။အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ လှေခွက်ချည်းကျန် အလံမလှဲဘူးဆိုတဲ့ လူတွေပေါ့။အလုပ်တစ်ခုကို မအောင်မြင်မချင်လုပ်ဖို့ဆိုတာ တော်ရုံလူတန်းစားမလုပ်နိုင်ပါဘူး။စိတ်ဓာတ်ကြံခိုင်ပြီးကြိုးစားမှသာလျှင် အထက်တန်းသို့ရောက်ရှိမှာပါ။ ဇွဲရှိမှာသာလျှင် လုပ်ဆောင်အောင်မြင်ကြမှာပါ။ဘယ်လိုအခက်အခဲတွေ တွေ့နေပါစေ၊ ကြမ်းတမ်းတဲ့လောကဓံကို အံတုပြီး အောင်မြင်မှုဆီ မဖြေမနေချီတက်မယ်ဆိုတဲ့ စိတ်ထားပြီး အမှန်တကယ်ကြိုးစားနေကြတဲ့လူတွေ တစ်နေ့ ပန်းတိုင်ရောက်ကြမှာသေချာပါတယ်။ ဒါကတော့ အောင်မြင်မှုရဲ့ နောက်ဆုံးပါ။ တစ်ချက်နဲ့တစ်ချက် ဆက်စပ်မှုရှိနေပါတယ်။ ဒီနေရာမှာ ပြောလိုတာက သင်ဟာ အောင်မြင်တဲ့လူဖြစ်နေပြီလားလို့ မေးလာလျှင်ဖြင့် ကျွန်တော်လည်း ကြိုးစားနေတုန်းပါလို့ ပြောလိုပါတယ်။ကျွန်တော် အခုတင်ပြတဲ့အကြောင်းအရာတွေကတော့ အောင်မြင်ကြီးပွားတိုးတက်ရေး တက်ကျမ်းတွေကို လေ့လာပြီး ဗဟုသုတအနေဖြင့် တင်ပြခြင်းသာဖြစ်ပါသည်။အားနည်းချက်ရှိသော်ငြား အသိပညာဗဟုသုတ ပြည့်ဝခြင်းမရှိသေး၍သာလျှင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ Steemianတွေအတွက် ခွန်အားတစ်စုံတစ်ရာ၊အသိအမြင် တစ်ခုခု ရရှိလျှင်ဖြင့် ကျေနပ်ပါကြောင်း....

@tamuthar

Kyaw Zin Thant


Sort:  

တမူးလဲ အဲ့အောင်မြင်တဲ့သူတွေထဲက အောင်မြင်တဲ့သူဖြစ်ပါစေဗျာ

😊😊😊....Fighting!

ကိုယ်တိုင်ရေးဆိုရင် စာရဲ့ အောက်နားလေးမှာ ကိုယ့်နာမည် ထိုးပါ

ဟုတ်အကို codeထည့်တာနဲ့ မှားကျန်သွားတယ် အကို ပြန်ပြင်လိုက်မယ်ဗျာ.

ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့

ကြိုးစားကြတာပေါ့

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67917.78
ETH 3516.77
USDT 1.00
SBD 2.72