အဖေနဲ့ပတ်သက်ပြီး ကျန်ရစ်ခဲ့တဲ့ မိုးရာသီအမှတ်တရအချို့....

in #father7 years ago (edited)

P70617-091459.jpg
အဖေ.....
ဒီအချိန်ဆိုရင် အဖေဟာ နေပူမရှောင်မိုးရွာမရှောင် သားတွေနဲ့အတူအမြဲရှိနေခဲ့တယ်။အဖေ့ရဲ့ ဇရာဟာ တစ်စတစ်စ ယိုယွင်းလာပေမယ့် အဖေက သားတွေထက် သွက်လက်စွာ လှုပ်ရှားနိုင်ခဲ့တယ်။မိုးရေထဲမှာ မမောနိုင်၊ မပန်းနိုင် ပျိုးနှုတ်နေတဲ့ ပြုံးရွှင်တဲ့ အဖေ့မျက်နှာကို အခုထိ မမေ့နိုင်သေးဘူး။သားတွေကို စိတ်မချနိုင်လို့ အလုပ်ကို ဂရုတစိုက်လုပ်ဖို့ မှာကြားသလို ကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်ခဲ့တယ် ။"အဖေ မိုးရွာနေပြီ"လို့ သတိပေးရလောက်အောင် အဖေက အလုပ်ကို ချစ်ပြခဲ့တယ်။ကျွန်တော်တို့ ညီအကိုတွေ အဖေ့ရဲ့ဇွဲကို မမီပါဘူး။

အဖေ.....
အဖေထားခဲ့တဲ့ လယ်တွေ၊ကျွဲတွေ နှင့် နွားတွေဟာ အဖေ့ရဲ့ ခွန်အားသက်သေတွေပါ။ သားသမီးရှေ့ရေးအတွက် သစ်ပင်ကြီးတွေ၊ကိုင်းပင်ကြီးတွေ ၊ထူထပ်လှတဲ့ တောရိုင်းခြုံနွယ်တွေကို လယ်တွေ၊ယာတွေဖြစ်အောင် ခုတ်လှဲပြီး တစ်ယောက်တည်း ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရတယ်။မိဘအမွေ မရရှိခဲ့တဲ့ အဖေဟာ သတ္တိရှိရှိ လောကဓံကြီးကို ကျော်လွှားနိုင်ခဲ့တယ်။အဖေဟာ သုညဘဝက စခဲ့ပေမယ့် လောကကြီးကို လုံးဝအရှုံးမပေးခဲ့ဘူး။သားသမီးကို ချစ်တဲ့စိတ်ကြောင့် ဆင်းရဲပင်ပန်းတာကို ပဓာနမထားပဲ အသက်ကိုစွန့်ပြီး အလုပ်တွေကိုလုပ်ကိုင်ခဲ့ရတယ်။အဖေ့ရဲ့ စီမံခန့်ခွဲမှု ကောင်းခဲ့လို့ အဖေအရမ်းချစ်တဲ့ သားသမီးတွေကို အမွေပေးနိုင်ခဲ့ပါပြီ။အဖေ့ရဲ့ ကျေးဇူးကြောင့် လူ့လောကအလယ်မှာ မျက်နှာ မငယ်ခဲ့ရပါဘူး အဖေ။

အဖေ....
ကျွန်တော်မှတ်မိပါသေးတယ်။လယ်ထဲ ရေလျှံတဲ့အချိန်ဆိုရင် တစ်ညလုံး မအိပ်ဘဲ၊ လယ်တွေ၊ကျွဲတွေ၊နွားတွေ၊အခြား အိမ်မွေးသတ္တဝါတွေ ကို စောင့်ရှောက်ခဲ့တယ်။ရေအရမ်းတက်လာတဲ့အခါဆိုရင် ကျွဲတွေ၊နွားတွေကို အဖေကိုယ်တိုင် ဆွဲပြီးတောင်ပေါ်မောင်းတင်ခဲ့တယ်။တောင်ပေါ်ရောက်နေပေမယ့် လယ်တွေ၊ ကြက်တွေ၊ ဝက်တွေကို စိတ်မချနိုင်ခဲ့လို့ အဖေဟာ လယ်စောင့်တဲဆီကို အလောတကြီး ဆင်းပြေးသွားခဲ့ပြန်တယ်။အဖေဟာ လယ်တွေ ပျက်စီးခဲ့ပေမယ့် စိတ်ဓာတ်ကျတဲ့အမူအရာကိုမပြဘဲ မာန်အပြည့်နဲ့ တစ်ဖန် ထွက်ယက်ခဲ့ပြန်တယ်။တောင်သူလယ်သမားဘဝဆိုတာ လယ်ကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရတဲ့အတွက်ကြောင့်မို့ အဖေဟာ အရမ်း အပင်ပန်းခံခဲ့ရတယ်။အခက်အခဲတွေ အမျိုးမျိုးကြားထဲမှ အဖေဟာ သဘာဝ ဘေးအန္တရာယ်တောင် ရင်ဆိုင်ခဲ့ရတယ်။

အဖေ....
သားတွေကို ဘယ်သွားသွား စိတ်မချနိုင်ခဲ့တဲ့အဖေ့ကို တစ်ခါတစ်ရံ ချုပ်ခြယ်တယ်လို့ထင်မိတယ်။အမှန်တကယ်တော့ အဖေချစ်တဲ့ သားတစ်ယောက် ဆုံးရှုံးခဲ့ရလို့ သားသမီးတွေအတွက် စိတ်ပူပင်ခဲ့တာပါ။အမေ ဆုံးပြီးနောက်ပိုင်း အဖေဟာ အမေဆိုရင်လည်းဟုတ်သလို ၊အဖေဆိုရင်လည်း ဟုတ်ခဲ့တယ်။တစ်ခုခုဆိုရင် စိတ်ပူတတ်တာ မဆန်းပါဘူး။အမေ့လို ထမင်းခွံ့ကျွေးခဲ့သလို အဖေ့လိုလည်း ပုခုံးထမ်းပြီး နေရာတကာခေါ်သွားပြန်တယ်။တစ်ခါတစ်ရံ အဖေနဲ့ လူကြီးတွေ ပြောတဲ့စကားကို နားထောင်ပြီး အိပ်ပျော်သွားတတ်တဲ့အခါဆိုရင် အဖေဟာ ပွေ့ချီ ချော့သိပ်ခဲ့ပြန်တယ်။ ညီအကိုအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးခဲ့တယ်။ အဖေ့ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ပိုက်ဆံမချမ်းသာပေမယ့် မေတ္တာချမ်းသာခဲ့ပါတယ် အဖေ။

အဖေ.....
အဖေ့မေတ္တာတရားကြောင့် သားသမီးတွေ အားလုံးဟာ ယနေ့ အချိန်မှာ ချစ်ချစ်ခင်ခင် ဥမကွဲသိုက်မပျက် နေနိုင်ကြရတယ်။ဆိုးသွမ်းတဲ့ ကိုကြီးကိုတောင် အဖေ အသိတရားရအောင် လုပ်ပြသွားနိုင်ခဲ့တယ်။ကိုကြီးဟာ အရင်လို ဖဲလည်း မရိုက်တော့ဘူး။အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်နေပြီလေ။ မိသားစု တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်နေပြီပေါ့။ အဖေမြင်ရင် ဝမ်းသာလို့ဆုံးမှာ မဟုတ်ပါဘူး။ ယောက်ခမရဲ့ အိမ်ကိုလိုက်သွားရလို့ မျက်နှာငယ်မှာစိုးပြီး ဂရုတစိုက် သွားရောက် ကြည့်ရှုပေးခဲ့တဲ့ အဖေ့ရဲ့ တစ်ဦးတည်းသောချစ်သမီးကြီး ဖြစ်တဲ့ မမကြီးဆိုရင်လည်း သူ့အိမ်ထောင်နဲ့ သူ့သားလေးနဲ့ ပျော်ရွှင်နေကြရပြီ အဖေ ။ ဘွဲ့ရပညာတတ်တဲ့ ကိုလေးကတော့ နိုင်ငံအကျိုးရော ၊မိသားစုတာဝန်တွေရော ဆောင်ရွက်နေလို့ အဖေ ဂုဏ်ယူနေမှာပါ။အလုပ်ကို မပျင်းမရိလုပ်တတ်တဲ့ ကိုအေးနဲ့ ကိုဌေးကိုလည်း အဖေ စိတ်ချ နိုင်ခဲ့ပါပြီ။အဖေ့ရဲ့ချစ်လှစွာသောအမေကဲ့သို့ အိမ်မှုကိစ္စကို ညီမလေးနဲ့ အဖေ့ရဲ့ ချွေးမတွေလည်း နိုင်နှင်းနေပါပြီ။အရွယ်မရောက်သေးတဲ့ အဖေ့ရဲ့ သားအငယ်ဆုံး ကျွန်တော့် ညီလေးကို အဖေ့ကိုယ်စား သားတို့ သွန်သင်ဆုံးမပြီး ကျွေးမွေးစောင့်ရှောက်သွားမှာပါ။အဖေ စိတ်မချဆုံးဖြစ်တဲ့ ကျွန်တော့်လည်း လောကအကျိုးရော၊မိသားစုအကျိုးရော တာဝန်ကျေပွန်နိုင်အောင်ကြိုးစားနေပါတယ် အဖေ။အဖေ့ကို ကာယအားနဲ့ ကျေးဇူး မဆပ်နိုင်ခဲ့ပေမယ့် မြင့်မိုရ်တောင်မက ကြီးမားတဲ့ အဖေ့ရဲ့ မေတ္တာတရားကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားနေပါတယ် အဖေ။

အဖေ.....
အဖေဟာ ကျွန်းပင်ကြီးရဲ့အရိပ်အောက် ညင်သာသိမ်မွေ့သော မဟာပထဝီမြေကြီးထဲမှာ ထာဝရ အိပ်စက်အနားယူသွားခဲ့ပေမယ့် ဘယ်တော့မှ မမေ့ခြင်းနဲ့ အမြဲအမှတ်ရနေမှာပါ အဖေ။
@tamuthar
10.8.2017

မိုးရာသီ လယ်ထဲဆင်းခဲ့သောအဖေ့ရဲ့ အမှတ်တရ ပုံရိပ်တွေကို ဖော်ပြရခြင်းဖြစ်ပါသည်။မိုးရာသီနဲ့ပတ်သက်ပြီး အမှတ်တရများကို အစပျိုးပေးထားပြီး အဖေ့ရဲ့ မေတ္တာတရားကြီးမားပုံကို ဖော်ကျူးထားပါသည်။ နောက်နောင် အဖေ့ရဲ့ အမှတ်တရ ပုံရိပ်တွေကို ထပ်ဟပ်ပြသသွားပါဦးမည်။အရေးအသားပြေပျစ်မှုမရှိပါက တောသားလေးရဲ့ ဗဟုသုတ နည်းပါးခြင်းကြောင့် နားလည်ပေးကြပါရန် အနူးအညွှတ်တောင်းပန်ချင်ပါတယ်။ဆက်၍လည်း ကြိုးစားသွားပါဦးမည်။S70810-165830(1).jpg

Sort:  

ဂွတ်ပါတယ်ဗျာ ဒါပေမယ့်စာပိုဒ်ခွဲမထားတော့ စာဖက်ရတာခေါင်းတယ်ဗျ

ခွဲလိုက်ပြီအကို ကျေးဇူးပါ

good
vote done

ဟုတ် အကို ကျေးဇူး..😊

😪😪😪😪😪😪😪😪

😢😢😢😥😥😥😥

your father is best

For me is the best!

good တမူးရေ အပိုက်ခွဲနဲ့ သရုပ်ဖော်ပုံလေးတွေထည့်ပီး ပိုကောင်းအောင် လုပ်လို့ရပါသေးတယ် ။

ဟုတ်ကဲ့ အကိုကြီး နောက်ထည့်နိုင်အောင် လုပ်ကြည့်မယ်

Goodတယ်ဗျာ
ကျွန်တော့ထက်တော့အများကြီးတော်တယ်

မသာပါဘူးအကိုရာ သူအားသန်ရာ အားသန်ရာ ရေးနေကြတာပါ အကိုရာ

ဟုတ် ကျေးဇူး အကို
ကျနော်တော့ ရေးစရာစဉ်းစားမရဘူး ..ဟီး😁

ထူးထူးခြားခြားတော့မမန့်လိုတော့ပြီ အေးအေးဆေးဆေးဘဲ ငိုပါရစေတော့ဗျာ

ဒီနေ့ဒီပို့တ်ရေးတာ မျက်ရည်စက်လက်နဲ့ ရေးခဲ့ရတယ်..😢😢😢
နောက်ဒီလိုရေးဖို့တောင် စဉ်းစားရဦးမယ်.. ဝမ်းနည်းစရာတွေဆို ကိုယ့်အကြောင်းမှ မဟုတ်ဘူး သူများအကြောင်းဆိုရင်တောင် စိတ်မကောင်းဖြစ်တတ်တယ်...

with respect to your father.... (R.I.P)

Thank you brother.For me he is super hero!😢

အဖေကို သတိတောင်ရလာတယ်ဗျ ကောင်းပါ့ဗျာ

ရင်ထဲ ကျန်နေခဲ့ရင် ကျေနပ်ပါတယ်...ကျေးဇူးပါ

တူတူပဲ ဗျာ

😢😢😢

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50