တိဘူး ကော်ပီမယ်
ဘယ်နှသိန်းတန်ဖုန်းကို မဲပေါက်လို့
ဘယ်လောက်တည်းနဲ့ ရမယ်ဆိုပြီး ဖုန်းဆက်လိမ်နေတဲ့
နည်းလမ်းကြီးကို အတော်များများသိကြမှာပါ။
ဒါပေမယ့် အတော်များများဟာ အလိမ်ခံနေရသေးတယ်။
အထူးသဖြင့် နယ်ဘက်တွေ...
ဖေ့စ်ဘုတ်ပေါ်က အဲ့လိုသတင်းတွေ မဖတ်မိတဲ့
ဖေ့စ်ဘုတ်မသုံးတတ်တဲ့သူတွေ အများကြီးရှိတဲ့ နယ်ဘက်တွေ။
အတော်အလိမ်ခံထိနေကြပါတယ်။

လေးငါးသိန်းတန်တဲ့ဖုန်းကို နှစ်သိန်းလောက်နဲ့ မဲဖောက်ရောင်းတာ ဒီဖုန်းနံပါတ်က ပေါက်လို့ပါခင်ဗျာဆိုပြီး
ဖုန်းဆက်လာတယ်။
တကယ်မှတ်ပြီး ဝယ်လိုက်တယ်။
ရောက်လာတော့ သောင်းဂဏန်းပဲ တန်တဲ့ပစ္စည်း။
တရုတ်ဖုန်းအစုတ်။
ဟန်းဖုန်း ... သုံးလိုက်တိုင်းဟန်းတဲ့ ဟန်းဖုန်း။
လွန်ခဲ့တဲ့ရက်ကလည်း နာမည်ကြီးမင်းသားတစ်ယောက် ကြော်ငြာထားပြီး ရုပ်သံလိုင်းကလွှင့်တဲ့ ကြော်ငြာတစ်ခု။
တရုတ်ဖုန်းနာမည်ပါပဲ။ Samsung S8နဲ့ ခွဲမရအောင်တူတဲ့ဒီဇိုင်းဆိုပြီး ပေါ်တင်ကြီးထည့်ကြော်ငြာတာ။
Samsung က မူပိုင်ခွင့်နဲ့ဆွဲရင် အကုန်ကွိမှာ။
ကြော်ငြာတဲ့မင်းသားကလည်း ပိုက်ဆံရပြီးရော
သူ့အကြိုက်ပေါက်စီများမှတ်နေလားမသိဘူး
မစားရဝခမန်း ချက်ချင်းပဲ ပြေးဝယ်ရတော့မလို ကြော်ငြာတာ။
မင်းသားအနေနဲ့ရော ရုပ်သံလိုင်းတွေအနေနဲ့ရော
ပြည်သူကိုဂျင်းထည့်တဲ့ပစ္စည်းတွေကို
ကိုယ့်နာမည်ကို ငဲ့ကွက်သောအားဖြင့် မကြော်ငြာသင့်ဘူးလားလို့။
မစားကောင်းတဲ့အသီးဆိုတာလေး စည်းတော့ထားစေချင်မိတယ်။

နောက် ရှိသေးတယ်။ တီဗီကနေ ကြော်ငြာတာ။
ဘယ်လိုကမ္ဘာကျော်တွေတောင်ဝတ်တဲ့နာရီဆိုပဲ။
အလကားပေးမှာတဲ့ ... ဒီဖုန်းကိုခေါ်တဲ့။
ခေါ်လိုက်တော့ တကယ်အလကားပေးမှာတဲ့။
တစ်လုံးတောင်မဟုတ်ဘူး...နှစ်လုံးတောင်ပေးမှာတဲ့။
ဟာ... မိုက်ပြီပေါ့... delivery ခ ပေးရပါမယ်တဲ့။
ဟာ... ပေးတာပေါ့.... နှစ်ထောင်လား သုံးထောင်လားဆိုတော့
မဟုတ်ဘူး... အီတလီကနေသယ်ရမှာဆိုတော့
Delivery ခ ဒေါ်လာ100ကျော်တဲ့။
😬😬😬
အဲ့လိုမျိုး နားလှည့်ပါးရိုက်ကိစ္စတွေ အများကြီးနော်။
ခံနေရသူတွေလည်း အများကြီး။
သုံးစွဲသူကာကွယ်ရေးဘာပလန်မှ မရှိကြဘူးလားဟင်။
အဲ့လို လိမ်နေသူတွေရဲ့ ဖုန်းနံပါတ်တွေ လိပ်စာတွေ ရှိလျက်နဲ့ ဘာအရေးယူမှုမှလုပ်လို့မရဘူးလားပဲ။
အထူးသဖြင့် သတိထားမိတာတစ်ခုတော့ ရှိတယ်။
မြန်မာပြည်ကို Operator တွေ စဝင်ကတည်းက ကိုယ်က MPTမသုံးဖြစ်ဘူး။
အခုလို တောက်လျှောက်လိမ်နေတဲ့ ဖုန်းတွေဟာ ကိုယ့်ဖုန်းထဲ တစ်ခါမှ မဝင်ဖူးဘူး။
ကိုယ့်အမ ပြည်ပကပြန်လာလို့ MPTဖုန်းသုံးတဲ့ လေးလမှာ အဲ့လိုလိမ်တဲ့ဖုန်းတွေ သုံးလေးခါမနည်း လာတယ်။
သူတို့က MPTရဲ့ ဖုန်းနံပါတ်တွေကို ဆက်ပြီး လိမ်နေတာ။
အချို့တွေဆို MPTရဲ့ အစီအစဉ်နဲ့ မဲပေါက်တာဆိုပြီးကို ပြောပြီးလိမ်နေတာ။
MPTအနေနဲ့ Like သန်းချီပေ့ခ်ျကြီးလည်း ရှိနေတာပဲ။
ပေ့ခ်ျကနေ ဒီလိုကိစ္စတွေ မလုပ်ကြောင်း
MPTနဲ့ မသက်ဆိုင်ကြောင်း အသိပညာပေးသင့်သလို
ဖေ့စ်ဘုတ်မသုံးတဲ့လူတွေအတွက် SMSတွေကနေတဆင့် ပညာပေးသင့်တယ်ထင်တာပဲ။
လိမ်နည်းဆိုတာက ဘယ်လောက်ပဲ ရိုးအီရိုးအီ
အလိမ်မခံရသေးသူအတွက် အသစ်ပါပဲ။
ပေါ်တင်ကြီးတွေ လိမ်နေတာတွေကို အရေးမယူတာကတော့ ရုပ်ပေါက်လွန်းအားကြီးတယ်။
ကိုယ်အလိမ်ခံရရင်လည်း ပတ်ဝန်းကျင်ကို ပြောပြပါ။
ကိုယ့်အတွေ့အကြုံတွေရှိရင် ရေးပါ။
ကိုယ့်ပတ်ဝန်းကျင်က ဖေ့စ်ဘုတ်မသုံးတဲ့လူတွေကိုလည်း ပြောပြပေးပါ။
အဲ့လို လိမ်တဲ့ဖုန်းတွေလာရင်လည်း တတ်သလောက်မှတ်သလောက် ရစ်ကြစမ်းပါ။
ကိုယ့်ဆီများ အဲ့လိုလိမ်ဖို့ဖုန်းလာခဲ့ရင်
ဖေတရာ မောင်တကျိတ် လင်အစိတ်နဲ့
ဝက်ဝက်ကွဲသွားအောင် ကလော်ပေးလိုက်ဖို့
စဉ်းစားထားတယ်။
မရှိဆင်းရဲသား အသိတရား ပါးလျသူတွေကို လိမ်
လိမ်စရာမရှိ ကိုယ်ခါးပုံစ ကိုယ်ပြန်လိမ်နေတဲ့ဟာတွေ
ရှိသမျှလိင် ပြတ်ကျကြပါစေအေ။
Congratulations! This post has been upvoted from the communal account, @minnowsupport, by sunminhtun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.