ခေတ္တနှုတ်ဆက်ခြင်း Bye bye

in #myanmar8 years ago

image

တွေ့ကြုံဆုံကွဲဆိုတာ
တရားသဘောအရမထူးဆန်းသော်လည်း
သဘောတရားအရ တော့
ငါမင်းတို့ကို လွမ်းတယ်.

နီးတကျက်ကျက်လို့
မဆိုသာသော်လည်း
ဝေးတသက်သက် ဖြစ်ရတာတော့
အသေအချာ.

ငါချော့တဲ့အခါ ချော့တယ်
ခြောက်တဲ့အခါခြောက်တယ်
လျှော့သင့်တဲ့အခါလျှော့တယ်
တင်းသင့်တဲ့အခါတင်းတယ်
အမျိုးမျိုးပြောင်းတယ်မင်းတို့မထင်ပါနဲ့
မင်းတို့အတွက်ပါကွာ
ပုတ်သင်ညိုတွေတောင် အခြေအနေအရ
အရောင်ပြောင်းတတ်သေးတာပဲဟာ

ငါ့ကိုသတိရတဲ့အခါ ငါ့ဆုံးမစကားသတိရပါ
ငါ့ကိုလွမ်းတဲ့အခါ ငါလမ်းညွှန်သလို ကျင့်သုံးကြည့်ပါ

လောကအတွက် မရှိမဖြစ် လေ လိုဖြစ်ပါစေ.
အသက်ရှူတိုင်းသတိရနေသလိုပေါ့
ဒါမယ့် လေနီကြမ်း မဖြစ်အောင်ဂရုစိုက်ပါ

အေးချမ်းမှုနဲ့မရှိမဖြစ် ရေ လိုဖြစ်ပါစေ.
ပူလောင်မောပန်းတဲ့အခါ မင်းကိုတမ်းတနေရသလိုပေါ့
ဒါမယ့် ကြမ်းတမ်းခက်ထန်တဲ့ လှိုင်းကြမ်းမဖြစ်ပါစေနဲ့

အနာဂတ်အတွက် ထွန်းလင်းတောက်ပနိုင်ပါစေ
ရပ်ရွာအတွက် အကျိုးပြုသူ ဖြစ်ပါစေ
ဓူဝံကြယ်လို လမ်းပြနိုင်သူဖြစ်ပါစေ

အရာရာအတွက်မျှော်ကိုးရင်း
တစ်ချိန်ချိန် ငါတို့ပြန်ဆုံတဲ့အခါမင်းတို့ကို
လွမ်းတဲ့အကြောင်းပြောပြချင်သေးတယ်

အခုတော့ ငါတို့ ဝတ္တရားကိုယ်စီနဲ့
လုပ်သင့်တာတွေ လုပ်ဆောင်ကြရင်း
ငါတို့ပြန်ဆုံကြမှာပါကွာ.
အချိန်တစ်ခုမှာပေါ့.

(ချစ်တပည့်လေးများ.သို့ .အမှတ်တရ)

Sort:  

You got a 8.06% upvote from @redlambo courtesy of @sunflowerlay! Make sure to use tag #redlambo to be considered for the curation post!

Sneaky Ninja Attack! You have been defended with a 1.32% vote... I was summoned by @sunflowerlay! I have done their bidding and now I will vanish...Whoosh

This post has received a 0.13 % upvote from @drotto thanks to: @banjo.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 62734.17
ETH 1754.33
USDT 1.00
SBD 0.39