အမှား...

in #myanmar8 years ago

image

#အမှား

တစ်ခါတုန်းက မင်းသားလေးတစ်ပါး
ရှိခဲ့ပါတယ်။ သူ့မှာသစ္စာရှိပြီးရဲရင့်သော
ချစ်လှစွာသော ခွေးလေးတစ်ကောင်
ရှိပါတယ်။

တစ်နေ့မှာ မင်းသားလေးနဲ့နောက်လိုက်
တွေဟာ တောအုပ်တစ်ခုထဲကို
အမဲလိုက်ထွက်ခဲ့ကြပါတယ်။
တောထဲမှာရွက်ဖျင်တဲလေး
ထိုးပြီးစခန်းချနေခဲ့ကြပါတယ်။

အမဲလိုက်မထွက်ခင်
''ခွေးလေးရေ… ငါ့ရဲ့သားလေးကို ဂရု
စိုက် စောင့်ရှောက်နေခဲ့ပါ'' လို့
မှာကြားပြီး မင်းသားလေးနဲ့အဖွဲ့
ထွက်ခွါသွားကြပါတယ်။

မကြာခင်… ဝံပုလွေတစ်ကောင်ဟာ
အစာရှာရင်း တဲလေး ရဲ့အနား
ရောက်လာပါတယ်။

ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ အကာ
အကွယ်ကင်းမဲ့နေတဲ့ ကလေးကိုစားဘို့
ခုန်အုပ်လိုက်ပါတယ်။

ခွေးလေးကလည်း ကလေးကို ခုန် အုပ်
လာတဲ့ ဝံပုလွေကို ပြန်လည် ခုခံ တိုက်
ခိုက်ခဲ့ပါတယ်။

တိရစ္ဆာန်နှစ်ကောင်ဟာ လုံးတူဒေါက်တူ
ခွန်အားဗလ တူညီစွာ တစ်ကောင် နှင့်
တစ်ကောင် ယှဉ်ပြိုင် တိုက် ခိုက် နေ
ကြရင်း ပုခက် ကို ထိ မိ ရာ မှ ပုခက်
မှောက်ကျသွားပါတယ်။

ကလေးမှာ အခင်းစောင်ထူထူတွေန
ဲ့လုံးထွေးနေပြီး အိပ်နေရာက နိုးထခြင်း
မရှိပဲကြမ်းပြင်ပေါ်မှာ အိပ်မြဲ
အိပ်နေခဲ့ပါတယ်။

သူတပြန် ကိုယ်တပြန် တိုက်ခိုက်ရင်း မှ
နောက်ဆုံးတော့ခွေးလေးက ဝံပုလွေကို
ကိုက်သတ်နိုင်ခဲ့ပါတယ်။

ညနေစောင်းလို့ အမဲလိုက်အဖွဲ့တွေပြန်
လာတဲ့အခါမှာတော့ ဒဏ်ရာတွေ အနာ
တရဖြစ်နေတဲ့ခွေးလေးဟာ…

သခင် လာရာ လမ်းကို ဒယိမ်း ဒယိုင်
အင်အား ချိနဲ့စွာနဲ့ခရီး ဦးကြို
ပြုခဲ့ပါတယ်။

ခွေးလေးရဲ့ လည်ပင်းနဲ့ပါးစပ်က သွေး
တွေကို မင်းသားလေး မြင်ပါပြီ…

တဲအတွင်း ကြည့်လိုက်တော့ ပုခက်
မှောက်နေတာတွေ့သွားပါတယ်။ သား
လေးကို ရှာနေပေမယ့် မမြင်ခဲ့ပါဘူး။

''ဧကန္တ… ငါ့သားလေးကို ခွေးက သတ်
လိုက်ပြီ… သူ့ ပါးစပ်နဲ့ လည်ပင်း က
သွေးတွေဟာ
ငါ့သားလေးရဲ့သွေးတွေပဲ…''

''သစ္စာမရှိတဲ့ခွေး''
''သားရည်ပေါ်အိပ် သားရည်နားစား
တဲ့ခွေး'' သေပေတော့… ဟု… ခွေး လေး
ကို သတ် ပစ် လိုက်ပါပြီ။

တဲ ထဲ ကို ဝင်လာပြီး သားလေး ရဲ့
အလောင်း ကို ရှာ နေ ပါတော့တယ်။ သားလေး က အခင်း စောင် တွေနဲ့
လုံးထွေးပတ်ထွေး အိပ်မောကျနေတာ
ကိုတွေ့ရပြီး… ဝံပုလွေတစ်ကောင်
ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ပါသတဲ့…

#သင်ခန်းစာ***

#ကိစ္စတစ်ခုကိုအလျှင်စလိုဆုံးဖြတ်ပါက
ပြင်၍မရသော နောင်တနှင့်ကြုံတွေ့နိုင်
သောကြောင့် စဉ်းစား ဆင်ခြင် ဆုံးဖြတ်
နိုင် စေ ရန်…။

သဒ္ဓါ ပညာ မေတ္တာ ဦးစီးနိုင်ကြပါစေ… .

Thank you.

Sort:  

This post has received a 0.28 % upvote from @drotto thanks to: @banjo.

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63435.26
ETH 1684.80
USDT 1.00
SBD 0.41