ပြတ်ပြတ်သားသားထားရှိအပ်သာ ယုံကြည်စိတ်

in #myanmar8 years ago (edited)

လူရယ်လို့ မွေးဖွားလာတာနဲ့ မွေးရာပါ ဗီဇအဖြစ် မိမိကိုယ်ကို ယုံကြည်တဲ့ စိတ်ဓာတ်ဟာ ပါလာပြီးသားပါ။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်သဏ္ဍာန်ကိုလိုက်ပြီး ယုံကြည်မှုစိတ်ဓာတ်အနိမ့်အမြင့် ကွာခြားနိုင်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုတိုးပွားလာစေရန် လေ့ကျင့်နိုင်သော နည်းလမ်းကောင်းများလည်း ရှိပါသည်။ ယင်းကဲ့သို့ လေ့ကျင့်ရာတွင် (၁) တိကျတဲ့ ရည်ရွယ်ချက်(၂) မိမိလိုချင်သည့်အရာအား တိကျစွာပုံဖော်နိုင်ခြင်း (၃)
တိကျတဲ့ ဆုံးဖြတ်ချကိများ ချမှတ်ပြီး လေ့ကျင့်နိုင်ပါသည်။

တိကျတဲ့ ရည်ရွယ်ချက်ဆိုရာတွင် မိမိပန်းတိုင်ဟာ ဘာလည်းဆိုတာ ပြတ်ပြတ်သားသား သိဖို့လိုပါတယ်။ ဥပမာအားဖြင့် မိမိ steemitလမ်းကို လျှောက်နေတယ်ဆိုရင် steem power ဘယ်လောက်အထိကို ဘယ်အချိန်အတွင်း စုမယ်စသည်ဖြင့် ခိုင်မာစွာရည်ရွယ်ထားဖို့လိုပါလိမ့်မယ်။ ရည်ရွယ်ချက်မထားရှိတဲ့သူဟာ ဘယ်လိုအမှုကိစ္စဖြစ်ပါစေ ယုံကြည်စိတ်အားနည်းမှုကြောင့် ပန်းတိုင်ကို မတက်လှမ်းနိုင်ဘဲ လမ်းပျောက်ရတဲ့ အခြေအနေနဲ့ အဆုံးသတ်ရတက်ပါတယ်။ လူတိုင်းမှာ အလွန်ကြီးမားတဲ့ စိတ်အင်အားတွေ ရှိပါတယ်။ မိမိစိတ်စွမ်းအားကို ကိုယ်တိုင်ကန့်သတ်ချုပ်ချယ်နိုင်မှ မိမိရဲ့ အစီအစဉ်ကို မိမိကိုယ်တိုင် တိတိကျကျ လိုက်နာနိုင်မှာပါ။ အဖျက်သဘောဆောင်တဲ့ အားလျော့တက်တဲ့ စိတ် ပျင်းတဲ့ စိတ် စည်းကမ်းမဲ့တဲ့ စိတ် တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့စိတ် ဒီစိတ်တွေကို ထိန်းကျောင်းသွားနိုင်မှာပါ။
IMG_20180122_180219.png
အဖျက်သဘောဆောင်ရာကနေ အပြုသဘောဆောင်တဲ့ဘက်ကို ရောက်ဖို့ မိမိကိုယ်တိုင် လေ့ကျင့်ယူဖို့လိုပါလိမ့်မယ်။ စိတ်ချွန်းနဲ့ မအုပ်ဘဲ အလိုလိုက် အကြိုက်ဆောင်ထားပါက မိမိရဲ့ ပန်းတိုင်နဲ့ ဝေးရမှာ အမှန်ပါ။ တိကျတဲ့ ဆုံးဖြတ်ချက်ထားရှိခြင်းဟာလည်း မိမိကိုယ်ကို ယုံကြည်မှုတိုးစေပါတယ်။ မိမိအသက်ဘယ်လောက်မှာ ဘာကို ပိုင်ဆိုင်ရမယ်။ ဘယ်လမ်းကနေ ဘယ်လို မိမိပန်းတိုင်ကို အရောက်လှမ်းမယ် စသည်ဖြင့် ဆုံးဖြတ်ချက်ချထားသင့်ပါတယ်။ သို့မှသာ မိမိကိုယ်ကို ပိုမို လေးစားလာစေပြီး ယုံကြည်မှုလည်း မြင့်မားလာမှာပါ။

လူတိုင်းမှာ မိမိကိုယ်ကို ထိန်းချုပ်ကွပ်ကဲခွင့် အမှားအမှန်ကို သိမြင်နိုင်ဖို့ လမ်းညွှန်တဲ့ conscience ပညာစေတသိတ်ရှိပါသည်။ ခန္ဓာကိုယ်မကျန်းမာမှုမှ ပျောက်ကင်းချမ်းသာအောင် ကုသနိုင်တဲ့ တစ်ခုတည်းသော အာရုံဟာ စိတ်ဓာတ်ဘဲ ဖြစ်ပါတယ်။ ဆေးဝါးကုသမှုဆိုတာ အထောက်အပံ့ဖြစ်ပေမဲ့ အဓိကစွမ်းဆောင်နိုင်တာ စိတ်ဖြစ်ပါတယ်။ထို့ကြောင့် တစ်ချို့သော နိုင်ငံကြီးများမှ ဆရာဝန်ကြီးများဟာ စိတ်နဲ့ကုတဲ့ ကုထုံးကို တချို့သော လူနာများအတွက် ထည့်သွင်းကုသကျပါသည်။
IMG_20180122_180205.png
လူသားအများစုဟာ အံ့ဖွယ်စိတ်တန်ခိုးတွေနဲ့ ပြည်စုံနေပါသော်လည်း အခက်အခဲတွေကိုသာတွေးမြင်ပြီး ကြောက်အားပိုဖို့သာ မိမိကိုယ်ကို ခွင့်ပြုထားတက်ကြပါသည်။ ယုံကြည်မှုကို အခြေခံပြီး အနန္တဥာဏ်ပညာရဲ့ လမ်းညွှန်မှုကို ရယူမဲ့အစား ဖြစ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ ကန့်သတ်ချက်ချပြီး မိမိအရည်အချင်းနဲ့ စိတ်ဓာတ်ကို ပိတ်ဆို့ထားကြပါတယ်။ ဒီကြောက်စိတ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် (၁) ဆင်းရဲနွမ်းပါးမှာ ကြောက်တယ်။ (၂)နာမကျန်းဖြစ်မှာကြောက်တယ်။(၃) ဝေဖန်ခံရမှာကြောက်တယ်(၄) ချစ်ခင်မှုမေတ္တာဆုံးရှုံးမှာကြောက်တယ်(၅)အိုမင်းမှာ ကြောက်တယ် (၆)လွတ်လပ်မှုဆုံးရှုံးမှာကြောက်တယ်(၇) မအောင်မြင်မှာကြောက်တယ် စသည်ဖြင့် အမျိုးမျိုးရှိကျပါသည်။

အချုပ်အားဖြင့်ဆိုရသော် ယုံကြည်မှုကြီးထွားလာစေရန်အတွက် အထက်ပါအချက်များနဲ့ ပြည့်စုံအောင် လေ့ကျင့်မှသာလျှင် စိတ်၏ လွတ်လပ်မှု ကျန်းမာကြွယ်ဝမှု အားလပ်ပျော်ရွှင်မှုတွေ ရလာမှာဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
IMG_20180117_074831.png

  • ဆရာတင်လှိုင်ဦး၏ MSC basic levelသင်တန်းမှ ပို့ချချက်များအား ဆရာ့ခွင့်ပြုချက်ဖြင့် ကောက်နုတ်တင်ပြရေးသားအပ်ပါသည်။
    @suhlaing
    msc 175
    credit google image
Sort:  

မှတ်သားသွားပါတယ်

ဟုတ်ကဲ့

ယုံကြည်ချက်ခိုင်မာမှလည်းအောင်မြင်မှုရရှိနိုင်မှာပါ...
great post..

မှန်ပါတယ် မောင်လေးရေ

ရေဆာတုန်း…ရေတွင်းထဲကျသွားသလိုပဲအမရေ…အားရှိတယ်…

အားဖြစ်စေတဲ့အတွက် ရေးရကြိုးနပ်ပါပြီအေ

နှစ်ခေါက်ဆိုတော့ နှစ်ခါအားဖြစ်တာပေါ့ မစု အဲ့စာတွေ အခုပြန်ကြည့်ချင်တာတောင်မရတော့လို့  ကျေးဇူးပါဗျာ

စိတ်မကောင်းပါဘူး ဦးဇင်း

မှတ်​သားမိပါတယ်​ အမ​ရေ

ဆက်လက်ကြိုးစားပါ့မယ် မောင်လေးရေ

အရမ်းတန်​ဖိုးရှိပါတယ်​ အစ်​မ​ရေ
ယုံကြည်​မှု ​ပျောက်​ဆုံးရင်​ ဘဝဟာ ရှင်​ရက်​နဲ့ ​သေ​နေသလိုပါပဲဗျာ

မှန်တယ် မောင်လေးရေ

ကောင်းပါ့အမ​ရေ

ကျေးဇူးပါ မောင်လေးရေ

အရမ်းကောင်းပါတယ် အစ်မ မှတ်သားစရာအများကြီး ရပါတယ်

ကျေးဇူးပါ

အရမ်းကောင်းတဲ့ post ပါ sis thumb up!

ယုံကြည်စိတ်ရှိရင် အရာရာ အောင်မြင်မှုရမှာပါ အစ်မရေ

အမှန်ဘဲ ရဲဝင့်ရေ

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.078
BTC 66431.72
ETH 1810.96
USDT 1.00
SBD 0.42