နှင်းဆီ ဓာတ်စာ

in #myanmar6 years ago (edited)

အခုတလော နှင်းဆီလေးတွေကို ကျမစိတ်ထဲ ဓာတ်ကျနေပါတယ်။ ဘယ်နေရာ ကြည့်ကြည့်နှင်းဆီတွေ ဝေနေသလိုပါဘဲ။ အိမ်နောက်က မနှင်းဆီလေးကို ကြည့်ရင်း တခြားသော နှင်းဆီများကိုလည်း စိတ်ဝင်စားလာတာနဲ့ ညနေပိုင်းမှာတော့ အိမ်နဲ့ မနီးမဝေးက နှင်းဆီခြံဆီ အရောက်လှမ်းခဲ့ပါတယ်။ မှတ်မှတ်ရရ ၂၀၁၇ ဇူလိုင်လောက်က ကျမ မြစ်ပွားနှင်းဆီပင်တချို့ကို ဝယ်ယူစိုက်ပျိုးခဲ့ပေမဲ့ ဖြစ်ထွန်းအောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဘာကြောင့် အပင်တွေ မကြီးထွားမရှင်သန်ခဲ့သလဲဆိုတာ စိုက်ပျိုးရေးဘက်မှာ ဗဟုသုတနည်းလှတဲ့အတွက် မသိရှိခဲ့ပါ။ ထိုကိစ္စအား မေးမြန်းစုံစမ်းကြည့်ရန်လည်း ပါသည်။

image

နှင်းဆီ ခြံလေးထဲရောက်တော့ ညနေ နေညို ချိန်လေးမှာ မော်ဒန်နှင်းဆီ မလေးတွေက အရောင်အသွေးစုံစွာနဲ့ အပြိုင် အဆိုင် ဖူးပွင့်နေကျပါတယ်။ ၃ဧကခန့်လောက် ကျယ်မည့် မြေပြန့်ပြန့်ပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ နှင်းဆီနဲ့တကွ ဂန္ဓမာပန်း မေမြို့ ပန်းတွေကိုလည်း အနည်းငယ် စိုက်ပျိုးထားပါတယ်။ နှင်းဆီပန်းခင်းထဲမှာ စိတ်ကြိုက် ပန်းပွင့်များကို ဝယ်ယူရင်း နှင်းဆီ စိုက်ပျိး ပုံနှင့် ထိန်းသိမ်းပုံ ဆောင်ရန် ရှောင်ရန်များကို ခြံပိုင်ရှင် ဦးကြီးထံ မေးမြန်းခဲ့ရာ ခြံပိုင်ရှင် ဦးကြီးက စိတ်ပါလက်ပါ ရှင်းလင်း ပြောပြပေးခဲ့ပါတယ်။
image
ဆက်ရန်...
@suhlaing
msc 175
credit google image

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64614.75
ETH 3444.80
USDT 1.00
SBD 2.55