ဈေးကွက်နဲ့ မတ်မတ်တွေ လှစေဖို့
ခုတလော Mscတွေ စီးပွားရေးလုပိဖို့ တိုင်ပင်ဆွေးနွေးနေကျပါတယ်။ စိတ်ဝင်တစားနဲ့ အကြံပေးဆွေးနွေးထားတဲ့ စာတွေလည်း ဖတ်ရပါတယ်။ ဒါနဲ့ မတ်မတ်စုတစ်ယောက်လည်း ဘာ productလုပ်ရင်ကောင်းမလဲ တွေးကြည့်နေမိတယ်။ Fbပေါ်ဟိုလှန် ဒီလှန်ကနေ ပိန်ဆေး ဝ ဆေး ကြော်ငြာ pageလေးတစ်ခုကို စိတ်ဝင်စားလို့ ကြည့်မိလိုက်တယ်။ ဒီမှာ နှစ်သက်စရာကောင်းတဲ့ ကြော်ငြာလေးတွေနဲ့ သူရဲ့ ပစ္စည်းလေးကို တွဲတင်ထားတာ တွေ့ရပါတယ်။
ပိန်ဆေးမှာဆိုရင် ဘာတွေနဲ့ ထုတ်လုပ်ထားတယ် ဓာတုဗေဒဆေး လုံးဝသုံးစွဲမထားဘူး။ Organicစစ်စစ်ဖြစ်ကြောင်း အာမခံထားပါတယ်။ ဒီဆေးလေးကို ကိုယ်စားလှယ်ယူမယ်ဆိုရင် တစ်မြို့ကို ကိုယ်စားလှယ်တစ်ယောက်ဘဲ ထားရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဆေးတစ်ဗူးရဲ့ ဈေးနှုန်းက၆၅၀၀ဆိုရင် ကိုယ်စားလှယ်တွေကို ၄၅၀၀နဲ့ ပေးမှာ ဖြစ်ပြီး အမြတ်က တစ်ဗူးကို ၂၀၀၀နဲ့ ၁၀ဗူးဈေးယူရင် ၂၀၀၀၀အမြတ်ပေးမှာ ဖြစ်ပြီး ဘောနပ်က ၃၀၀၀ထပ်ပေးအုံးမှာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်စားလှယ်ဖြစ်တာနဲ့ ရာထူးအဆင့်အလိုက်သတ်မှတ်ပြီးတော့ ဈေးကို ထပ်လျော့ပေးပါတယ်။ ဂျူနီယာ စီနီယာ Vip Vvip စသဖြင့် အဆင့်လိုက် ရာထူးသတ်မှတ်ထားပါတယ်။ ရာထူးတိုးလာတာနဲ့အမျှ ဈေးလည်း ထပ်ကာထပ်ကာ လျော့ပေးပါတယ်။
ဒါဆိုရင် အဆင်ပြေပြီ။ အမြတ်လည်း မဆိုးဘူး။ ကိုယ်ပစ္စည်း ဖြုန်းနိုင်ရင် ဖြုန်းနိုင်သလောက် အကြိုးရှိမယ်ပေါ့။ ဒါဆိုရင် productဘက်ကတော့ အဆင်ပြေပြီ။ အဓိက အရေးပါတဲ့ ဈေးကွက်ကို တွေးရပါတယ်။ ကိုယ့်အတွက် အမြတ်ကျန်တယ်ဆိုပေမဲ့ ဒီပစ္စည်းကို ရောင်းဖို့ ဈေးကွက်မရှိဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ဒီပစ္စည်းကို လက်ခံနိုင်မလား။ စိတ်ဝင်စားကျလား။ ဒါကို အဓိကထားတွေးရပါမယ်။ ဒါမှ ကိုယ်လုပ်တဲ့ လုပ်ငန်းဟာ ရည်ရှည် အဆင်ပြေနိုင်ပြီး ငွေဝင်လမ်းတစ်ခုကို အဆက်မပျက် စီးဆင်းစေမှာပါ။
မတ်မတ်စု ပတ်ဝန်းကျင်က ဝန်ထမ်းတွေများတဲ့အတွက် ဒီဆေးဟာ ဈေးနှုန်း အားဖြင့် လူလတ်တန်းစားသူံးစွဲနိုင်တဲ့ ဈေးနှုန်းဖြစ်တာကြောင့် ဈေးအနေနဲ့ သင့်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဈေးသိပ်များနေရင်လည်း ဝန်ထမ်းတွေဖြစ်တာကြောင့် အရောင်းထိုင်းပစ္စည်း ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခုက ဈေးကွက်လိုအပ်ချက်။ ဒီပစ္စည်းကို လူတွေ လိုလားသလား။ ဟုတ်ကဲ့ နေ့စဉ်နဲ့ အမျှ အမျိုးသမီးထုဆီက ကြားနေကျစကားကတော့ ပိန်ချင်တယ်။ ဝိတ်တွေ အရမ်းတက်လာလို့ စိတ်ညစ်နေတာဆိုတဲ့ အသံဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ ပိန်အောင် လုပ်တဲ့ နည်းလေးမရှိကျဘူးလား။ အစားလည်း မလျော့နိုင် လေ့ကျင့်ခန်းလည်း မလုပ်နိုင်လို့ပါတဲ့။ ဆိုတော့ မတ်မတ်စု တင်သွင်းမဲ့ ဆေးက သဘာဝပျားရည်ရယ် ရှောက်သီးရယ်နဲ့ အဓိက ဖော်စပ်ထားပြီး ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူးလို့ ထုတ်လုပ်သူက အာမခံထားပါတယ်။
ဒါဆိုရင် အဆင်ပြေပြီပေါ့။ ရောင်းအားကောင်းစေမဲ့ ဈေးကွက်လည်း ရှိပြီ ပစ္စည်းကလည်း ငွေလွှဲတာနဲ့ ရောက်မယ်ဆိုတော့။ မတ်မတ်စု တစ်ယောက် အမြတ်ကလေးတွေတောင် ကြိုတွက်နေမိပါပြီ။ဒါပေမဲ့ တစ်ခုရှိတာက ဆေးကို ကိုယ်တိုင် မစားသုံးဘူးတော့ ကြော်အောင်လို့ ညာနေတာလားဆိုတဲ့ အချက်ရှိပါသေးတယ်။ ဒါနဲ့ မယုတ်မလွန် နမူနာဆေးတစ်ဗူးကို အရင်မှာရင်းနဲ့ မတ်မတ်စုတစ်ယောက် ဝိတ်တွေ ကျပြီး အလှတွေတိုးလာမှဘဲ ဈေးကွက်ချဲ့ထွင်ပြီး အမြတ်တွေ ယူပါတော့မယ်လို့...
@suhlaing
msc 175
ပိန်ဆေး ဆိုရင်တော့ အကြံတူ ရန်သူတွေ ဖြစ်တော့မှာပဲ
ချသာချ😁😁😁
Posted using Partiko Android
ဝ ဆေးလေးကော ပါဒယ်ကွယ်
ကြာသလားလို့ မယ်တို့ရေ ဒန့်တန်တန်
ကြာသလားဟေ့ ......
အရင်းစိုက်မလားဟေ့ ဘထွေးရေ steem 100 ထုတ်လိုက်ဟေ့ ဟေ့ဟေ့
ကျွန်တော်ကပိန်တော့ ဝဆေးမှရမှာအစ်မရေ။
Posted using Partiko Android
ဝ ဆေးလည်း ရောင်းမယ်ခွယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks