စိတ္တဇ ဒဏ်ရာ... ( ၃ )
We Dance Clubကို ကျမတို့ သူငယ်ချင်းတစ်သိုက်ရောက်လာတဲ့ အချိန်က ည ၁၁ နာရီကျော်နေပါပြီ။ ဒီညက မိုးလေးလည်း နည်းနည်းကျနေတာမို့ clubမှာ လူရှင်းပါတယ်။ လာနေကျ လူလောက်သာတွေ့ရပြီး လူစိမ်းနည်းပါတယ်။ ကျမတို့လည်း မိုးအေးတာကြောင့် အရက်နဲ့ အချိုရည် အချို့မှာလိုက်ပါတယ်။ ယွန်းတစ်ယောက်ဘဲ ဝိုင်သောက်ကာ ကျနသူများက အရက်သောက်ဖြစ်ကျပါတယ်။ အရက်ကလေးနည်းနည်းဝင်လာတော့ စစ်မင်းက ကျမကို အရက်ပြိုင်သောက်ဖို့ စိမ်ခေါ်ပါတယ်။ ကျန်သူငယ်ချင်းများက တားသည့်တိုင်အောင် ကျမတို့ ၂ယောက် အရက်ပြိုင်သောက်ခဲ့ကျပါတယ်။
'' သီရိ နင် ငါ့ကို ဟို sundayက အနိုင်ရထားတာလေ ဒါကြောင့် ဒီည မကျေပွဲဆွဲ လိုက်မယ်''
'' စိမ်လိုက်လေ စစ်မင်း နင်ဘဲ နိုင်မလား ငါဘဲ နိုင်မလား''
'' ok သီရိ ကြိုက်တယ်''
ယွန်းနဒီက မျက်မှောင်လေးကျုံကာ
'' နင်တို့ ၂ယောက်ကလည်းဟယ် က ရအောငါလာပါတယ်ဆို အမူးဆွဲကျတော့တယ် ငါတော့ ဒီပွဲကို သဘောမတူပါဘူး''
စစ်မင်းက ယွန်းနဒီ၏ ပုခုံးလေးကို လှမ်းဖက်ကာ
'' နည်းနည်းလေးပါ ယွန်းရဲ့ ဒီကောင် သီရိကို ပါးပါးလေး ကပ်ဖဲ့ချင်လို့''
'' ဟားးး ငစစ်ရယ် နင်ကဘဲ ပြောရသေးတယ် ok စ လိုက်ကျစို့''
ကျမတို့ ပြိုင်ပွဲကို ကောင်းဇေက ဒိုင်လုပ်ပေးပါတယ်။ ဒါနဲ့ တစ်ခွက်ပြီး တစ်ခွက် တစ်ပတ်ပြီး တစ်ပတ်နဲ့ များလာကျပါတယ်။ ဝင့်ဝါလှိုင်က သဘောမကျဟန်လေးနဲ့ ကောင်းဇေကို မျက်ရိပ်ပြလိုက်ပါတယ်။ ကောင်းဇေကလည်း နားလည်စွာနဲ့ ကျမတို့ ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတယ်။
'' ကဲ ၂ယောက်လုံးတော်တော့ဟာ နောက်အေးဆေးတဲ့ အချိန်မှဘဲ ထပ်ပြိုင်ကျတာပေါ့ အခု ငါတို့ က ကျမယ်လေ ''
ကျမကော စစ်မင်းက သဘောတူလိုက်ပြီး ပြိုင်ပွဲကို ရပ်လိုက်ကျပါတယ်။ နောက်တော့ ကပွဲခန်းမကို ထွက်လာခဲ့ကျပါတော့တယ်။ ကျမလည်း အတော်လေးကို ထွေနေပါပြီ။ မူးနေပေမဲ့ စိတ်က က ချင်နေတာမို့ ဒယီးဒယိုင်နဲ့ စည်းချက်လိုက်နေပါတယ်။ ဒီအချိန်မှာ ကျမကို လူတစ်ယောက်က တွန်းလိုက်မို့ ကျမဟာ က ပွဲကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ တီးလုံးသုံးနဲ့ကော လူအုပ်ထဲရောနေတာမို့ ကျမ လဲကျတာကို သူငယ်ချင်းတွေက ချက်ချင်းမမြင်ကျပါဘူး။ ကောင်းဇေက အရင်ဆုံးမြင်သွားကာ လူတွေကြားကနေ တိုးဝှေ့လာပြီး ကျမကို ဆွဲထူပေးပါတယ်။ ကျမဟာ ဒေါသတွေထွက်နေရာကနေ ကျမကို တွန်းလိုက်သူကို ရှာနေမိပါတယ်။ ကျမ ဘေးက ကပ်ရပ် က နေတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ကျမ လဲကျသွားတာကို သူကြောင့် မဟုတ်သလို လှောင်ပြုံးပြုံးနေပါတယ်။
ဒေါသထွက်တာကော အရက်ရှိန်ကြောင့်ကောရောနေတဲ့ ကျမရဲ့ ဒေါသဟာ အတော်ပြင်းထန်နေပါပြီ။ ကျမကို တွဲတူပေးတာဖြစ်ဖြစ် sorryဆိုတာဖြစ်ဖြစ် ပြောပေးရင်တောင် ကျမ ကျေအေးနိုင်မယ်ထင်ပါတယ်။ အခုတော့ ထိုအမျိုးသမီးသည် သူမဟုတ်သလို တဖက်သို့လှည့်ကာ ဆက် က နေလေသည်။
source
ဆက်ရန်...
@suhlaing
msc 175
thanks
Posted using Partiko Android
Fighter လုပ်တော့မယ်ပေါ့။
ဆော်ကျတော့မယ် ဟိဟိ
ဆော်ခံထိတော့မယ်လေ 😁
Posted using Partiko Android
ရန်တိုက်ပေးထားတယ် ဟဲဟဲ
ဟ ဟ ဟ ပွဲကြမ်းတော့မယ်
တုတ်တွေကိုင်နေပြီ
ချတော့မယ် ဘထွေးရေ ရန်တိုက်ပေးထားတယ် ဟဟ
Posted using Partiko Android
သေနတ်ပြန်ယူ သေနတ်ပြန်ယူ နောက်တစ်ပိုင်းမလာခင်မြန်မြန်လေးပြေး ☺
ဓားတွေကောပါရဲ့လား ဒုတ်တွေလည်း မေ့နေမယ် ပြေးပြေး
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
တော်သေးတာပေါ့ ဆက်မသောက်လို့ဒါတောင်ဘာဖြစ်ဦးမလဲမသိ
ချကျတော့မယ် ဦးမင်းရေ
အမြဲအားပေးနေတယ်နော်မစု
Posted using Partiko Android
ကျေးဇူးပါ ကိုအေးရေ
တော်တော်လေးမူးနေပြီဆိုတော့ဟိုအမျိုးသမီးနဲ့သီရိပွဲကြမ်းတော့မယ်ထင်တယ်....ဆက်ရန်မျှော်နေပါ့မယ်....
Posted using Partiko Android
ပွဲကြမ်းကျတော့မယ် ညီမရေ အရက်ကလေးကဝင် ခပ်ထွေထွေကလည်း ဖြစ်ဆိုတော့
တွန်းထုတ်တဲ့သူကို ချမယ်ဗျာ
ဆွဲမယ် 😁
ချဗျာ ဆွဲဗျာ