မိအေး နှစ်ခါနာ
ကျုပ် အမည်က မိအေး။ သပြေတောရွာမှာနေတယ်။ ကွမ်းတောင်ကိုင် မဟုတ်ပေမဲ့ ရွက်ကြမ်းရေကျိုရုပ်ရည်တော့ရှိသပေါ့။ ရွာမှာဆိုရင် ကျုပ်က စာတက်ပေတက်ထဲကပေါ့တော်။ ဘွဲ့ရ ပညာတက်သမီးလေးအတွက် အမိနဲ့ အဘက ဂုဏ်ယူမဆုံးပေါ့။ လယ်လေး လေးငါး ဆယ် ဧက ရှိတော့ လူကုံတန်ခေါ်မလား ။ ကျုပ်တို့ တမျိုးလုံး လယ်လယ်ဝယ်ဝယ်တော့ရှိကျတယ်။ကျုပ်တို့အမျိုးတွေက မြို့မှာလည်းရှိတော့ မြို့နဲ့ အဆက်အသွယ်ကလည်း မပျက်ဘူး။ ကျောင်းပြီးလို့ ရွာပြန်လာတော့ အဘရဲ့ လယ်တွေကို ကျုပ်က ကြီးကြပ်ရင်း အတိုးလေးဘာလေးချ အပေါင်လေးဘာလေးခံပေါ့။ အဘတို့က အသက်ကြီးပြီဆိုတော့ ဘုရားသွားကျောင်းတက်ချိန်က ပိုအများသားလေ။ ဒီတော့ တစ်ဦးတည်းသော သမီး အပျိုကြီး ကျုပ်ကဘဲ အမွေထိန်းဖြစ်သလို မိဘလက်ငုတ်လက်ရင်းကိုလည်း ဆက်လက်ထိန်းသိမ်းခဲ့ရတယ်။ ဒါကြောင့် ကျုပ်တို့ အိမ်စီးပွားရေးက ကျုပ် လက်ထက်မှာလည်း ကျတယ်လို့မရှိဘဲ ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့တော်။
မြို့က အမျိုးဆီ အလည်အပတ်သွားလိုက် ဈေးဝယ်ထွက်လိုက်နဲ့ ကျုပ်က မကြာမကြာ မြို့တက်ဖြစ်ခဲ့တယ်။ နောက်တော့ မြို့သားသူဌေးတွေမှ ကိုင်နိုင်တဲ့ mobile phoneတွေ ဆင်းကတ်တွေ ဈေးထိုးကျလာတဲ့အချိန် ဘယ်နေမလဲ ကျုပ်က model အမြင့်ဆုံးကို ဝယ်ကိုင်ပစ်လိုက်တာပေါ့တော်။ ကျုပ် ဖုန်းကိုင်လို့ တနှစ်လောက်လည်း ကြာရော နွားကျောင်းသားကအစ နွားကျောင်းရင်း ဖုန်းလေးပွတ်နိုင်တဲ့ အခြေအနေထိ ရောက်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်က မိအေးလေတော်။ ကျုပ် ကြိုက်တဲ့ဖုန်းဆို မော်ဒန်အသစ် ထွက်တာနဲ့ ဟန်းဆက်ကို လဲလဲကိုင်လိုက်တယ်။ ရွာထဲက ဖုန်းရူးရူးနေတဲ့ ကောင်မတွေကို ဝယ်ဈေးထက်နည်းနည်းလျော့ပြီး အရစ်ကျနဲ့ ပြန်ရောင်းတာပေါ့အေ။
အဲ့လိုနဲ့ Face bookဆိုတာကြီး ကျုပ် သုံးတက်လာတယ်။ အကောင့် မဖွင့်တက်တော့ ၃၀၀၀နဲ့ ဝယ်လိုက်ရသေးတယ်တော်။ အဲ့အချိန်တုန်းကတော့ အခုလို လွယ်လွယ်ကူကူ ဖွင့်မရဘူးလေ။ အခုတော့ မိအေးက ရွာမှာ Facebook Viber G mailအကောင့်ဖွင့်စားနေပြီ။ ရောင်းရတာလည်း လက်မလည်ပါဘဲတော်။ Facebook ဆယ်လီက ဖြစ်ချင် သုံးကမသုံးတက်တဲ့ ရွာက ကောင်မတွေကို အသုံးပြုနည်း သင်တန်းလေးပေး အကောင့်လေးဖွင့်ပေးနဲ့ အဆင်တော့ပြေသားတော့။ ကျုပ်က ဆယ်လီတွေ ဘာတွေတော့ စိတ်မဝင်စားပါဘူး။ စီးပွားရေးသမားဆိုတော့လေ။ Facebookပေါ်ကနေ ပညာရပ်တွေရှာဖတ်တယ်။ ဗဟုသုတဖြစ်မဲ့စာတွေ ရှယ်တယ်။ တခါတလေ ရေးတင်တယ်ပေါ့တော်။ ရွာက ကောင်မတွေကတော့ နှုတ်ခမ်းလေးစူလိုက် မျက်လုံးလေးပြူးလိုက်နဲ့ စမီး လှလား ခိုခိုတွေ ဘာတွေပေါ့။ ကောက်စိုက်ရင်လည်း ဆယ်ဖီ တောသွားရင်လည်း ဆယ်ဖီ ထမင်းစား ရေခပ်ဆင်းတာက အစ ဆယ်ဖီပေါ့။ အချို့က အစားတစ်လိုင်း။ အချို့က အသွားတစ်လိုင်း။ တင်လိုက်ကျတဲ့ ပုံတွေ။ ပြောပါဘူး ကျုပ်က။ ကျုပ် ပိုက်ဆံရထားတဲ့ အကောင့်တွေဆိုတော့လည်း။
ဒါနဲ့ ကျုပ်လည်း facebookနဲ့ နှစ်ပါးသွားနေရင်း မြို့က ညီမဝမ်းကွဲက အရေးကြီးတယ် မိအေးရေ ကြီးပွားရာကြီးပွားကြောင်း တိုင်ပင်စရာရှိတယ် အမြန်လာဆိုတော့ မိအေး မြို့တက်ရပြီပေါ့အေ။ ဒါမျိုးဆို ခြေမနှေးတဲ့ မိအေးလေ။ အမျိုးအိမ်ရောက်တော့ ညီမက အပေါ်ယံလေးရှင်းပြတယ်။ ဖုန်းပွတ်ရင်း ပိုက်ဆံရမဲ့ အလုပ်တဲ့ ဘာမှ သိပ်လုပ်စရာလည်းမလိုဘူး ကြော်ငြာလေးတွေ ကြည့်ပေးရမယ်ဆိုလား။ မဟုတ်လည်း ကိုယ့်ဖုန်းကို ပွတ်ရတာ ဖုန်းဘေ ကုန်တယ်လေ။ အခုက ဖုန်းဘေတင်မကဘူး ကြီးပွားရာ ကြီးပွားကြောင်းလည်း ပါတယ်ဆိုတော့ မိအေး အကြိုက်တွေ့ပြီပေါ့။ ဒါနဲ့ဘဲ ကျုပ်တို့ ညီအမ နှစ်ယောက်လည်း ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့ meetingကို သွားတက်ခဲ့ကျတယ်။ ခမ်းခမ်းနားနားပါဘဲ။ ဟောပြောတဲ့ leaderဆိုတဲ့ အမျိုးအမီးကလည်း တောင့်တော့ဖြောင့်ဖြောင့်နဲ့ အချောအေ့။ Eလိုလည်း မြွတ်နေအောင်တက်တာ။ နိုင်ငံခြားလည်း ခဏခဏထွက်သတဲ့။ သူပြောတဲ့ အကြောင်းအရာတွေထဲမှာလည်း ဆင်းရဲမွဲတေမှုပပျောက်ရေးတွေကော စုံနေတာပါဘဲ။ ကျုပ်လည်း အထင်ကြီးသွားတာပေါ့။
အဲ့ဒီကနေ စလို့ Online Investmentဆိုတဲ့ စကားလုံးက ကျုပ်နဲ့ အကျွမ်းတဝင်ဖြစ်ခဲ့တယ်။ လုပ်ငန်းလေးကလည်း မဆိုးဘူးပြောရမယ်။ ကိုယ်တက်နိုင်သလောက် Packageတွေဝယ် ကြော်ငြာကလေးတွေကို ကြည့်ပေး။ ပထမ ၄လက အရင်း နောက် ၆လက အမြတ် package သက်တန်းက ၁၀လ ။ မဆိုးဘူးပေါ့နော်။ ပြီးတော့ လူခေါ်ပေးရင် စပွန်ဆာကြေးနဲ့ ဘိုင်နရီကြေးက ရအုံးမယ်ဆိုပါလား။ တွက်ကြည့်လိုက်တော့ ငွေတိုးထက်ကိုက်တယ်အေ့။ ကျုပ် အောက်က လူတွေရရင် ကျုပ်က line leaderဖြစ်လာမယ်။ အဲ့အောက်ကမှ ကျုပ်လူတွေ အလုပ်ဆက်လုပ်ကျရင် ကျုပ်က အပေါ်ကနေ ထိုင်စားရုံတဲ့။ အပျော်လေးတွေ ရင်မှာပိုက်လို့ ရွာပြန်လာခဲ့တာပေါ့တော်။
နားပါအုံးမယ်။ ဒုတိယပိုင်း မျှော်....
@suhlaing
msc 175
credit google image


This post has received a 0.16 % upvote from @drotto thanks to: @suhlaing.
thanks
ကျုပ်မှာ...ဖတ်ကောင်းလို့ရှိတုန်း...ညည်းကတော့..တစ်ဝက်တပျက်.လုပ်ချလိုက်ပြီအေ..😁😁😁စတာနော်အမ
ဟဲဟဲ လုပ်ကြည့်တာလေအေ
ဒုတိယပိုင်းမျော်နေတယ်မစု
ဆက်ရေးမယ် ကိုအေးရေ
မိအေးတို့ တော စီးပွားရေး သောင်ကျန်းတော့မည်
တင်ပါ့ ဘုရား
ကောင်းချက် အစ်မရယ်
ရေးတတ်လိုက်ပါဘိတော့
မိအေးကို အပြင်မှာတွေ့နေရသလိုပဲ
အပြင်မှာတွေ့ရင် hiလိုက်လေ invest မလုပ်ဖို့ တရားဟောလိမ့်မယ်
ဖတ်ကောင်းတုန်း အပိုင်း၂မျော်တဲ့
မျှော်နေမှာနော်အမ အပိုင်း၂
အပိုင်း ၃ အပိုင်း၎ အထိ ဆွဲမလား စိတ်ကူးနေတာ
ရွာကကောင်မတွေ ဖွဘုတ် သုံးတတ်သွားပြီလား
ဖွဘုတ် ဖူးစာတွေတောင် လုပ်ကုန်ကျပြီ
ဆက်ဖတ်ချင်တယ် အမရေ
ဆက်ရေးမယ် ညီမ
ဆရာတင်လှိုင်ဦး တပည့်တွေလို့ ပြောစရာမလိုအောင် ကောင်းလွန်းပါတယ် ကျူပ် fb ကလည်း ငွေရှာတလိုင်း ဖြစ်နေပါပြီလို့ ဟဲ
ငွေရှာတလိုင်းလို့ ထည့်ရေးရတော့မယ်
ဖတ်လို့ကောင်းတုန်းရှိသေးတယ်
ဒုတိယပိုင်း မျော်ဆိုတော့........
မကြာမီလာမည်မျှော်