မင်္ဂလာရှိသော နံနက်ခင်း

in #myanmar6 years ago

မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်။ ဒီနေ့မနက်တော့ မင်္ဂလာနံနက်ခင်းလေးဖြစ်ဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို ရှေးလူကြီးတွေရဲ့ ဆုံးမစကားလေးတွေအကြောင်း ပြောပြချင်ပါတယ်။ နံနက်ခင်း မိုးလင်းတာနဲ့ အိပ်ယာနိုးပြီဆိုရင် ငူငူငိုင်ငိုင်နဲ့ ထိုင်မနေဘဲ ဆောင်ရွက်ဖွယ်ရှိတာတွေကို သွက်သွက်လက်လက် လုပ်ဆောင်ရမယ်လို့ မိဘတွေက ဆုံးမဖူးပါတယ်။ မျက်နှာသစ်နေတဲ့ အချိန်ကစလို့ သီလယူတက်အောင် မျက်နှာသစ်မဲ့ရေကို ဦးစွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ စိတ်မှန်းနဲ့ မျက်နှာသစ်တော်ရေ ကပ်ဖို့ သတိလေးနဲ့ မျက်နှာသစ်ဖို့ လမ်းညွှန်ခဲ့ကျပါတယ်။ မျက်နှာအရင်သစ် ကိုယ်လက်သန့်စင်ပြီးမှသာလျှင် ကျန်သော လုပ်ဆောင်ဖွယ်ရာများကို ဆောင်ရွက်ရပါမယ်လို့ ဆုံးမထားကျပြန်ပါတယ်။

image

ပြီးရင်တော့ ဘုရားရှိခိုးဖို့အတွက် အရင်ဆုံး ဘုရားပန်း သောက်တော်ရေ များကို လဲလှယ်ပြီး ဆီမီး အမွှေးနံ့သာတိုင်တို့ ကပ်လှူ ပူဇော်ကာ ဘုရားဝတ်တက်ခြင်းအမှုစတင်ရမယ်လို့ လမ်းညွှန်ဆုံးမထားပါတယ်။ ငါးပါးသီလဆောက်တည်ခြင်း မေတ္တသုတ် မင်္ဂလသုတ်တော်များနှင့်တကွ မိမိနှစ်သက်ရာ ဂုဏ်တော်များကို ရွက်ဖတ်သရဇာယ်ပြီးလျှင်တော့ ကျမတို့ရဲ့ နံနက်ခင်းလေးဟာဟမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားပါပြီ။

image

အဓိက မှာကြားခဲ့ကျတာကတော့ နံနက်ခင်းချိန်ခါမှာ ရန်ဖြစ်တာ ဒေါသထွက်တာ ဆဲရေးတိုင်းထွာတာ စတဲ့ အိမ်ပူစေတဲ့ အပြုအမှုတွေကို ရှောင်ရှားကျဖို့အတွက် ဆုံးမခဲ့ကျပါတယ်။ ဘုရားရှိခိုး ပြီးမှသာလျှင် ကျန်သော အိမ်မှုကိစ္စအဝဝတို့ကို ပြောဆို ဆောင်ရွက်ကျရန်လည်း အမှာထားခဲ့ကျပါတယ်။ တကယ့်လက်တွေ့ လိုက်နာကျင့်သုံးသည့် သူတိုင်းသည် တနေ့တာလုံး စိတ်လက်ရွှင်ကြည်စွာနဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ကျပါတယ်။ ဒီလို ကောင်းမွန်တဲ့ အပြုအမူ အနေအထိုင်လေးတွေဖြစ်လာစေရန် ပြောဆို ဆုံးမခဲ့ကျတဲ့ ရှေးစကာတွေကို မဖျောက်ဖျက်ပစ်ဘဲနဲ့ ရှေးအမွေအဖြစ် ဆက်လက်ထိန်းသိမ်းကျင့်ကြံသွားသင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။
image

@suhlaing
msc-175
credit google image

Sort:  

ဟုတ်ကဲ့အစ်မ အရမ်းကောင်းပါတယ်

ကျေးဇူးပါရှင့်

ဟုတ်ကဲ့လိုက်နာပါ့မယ် အမ။

အေးပါ အထွေးရယ်

Good တယ်​အမ​ရေးတာ​လေး

ကျေးဇူးပါ မောင်လေး

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51